ချောင်းဆုုံမြို့နယ်တွင်း တပ်မတော်သားနှင့်ရဲတပ်ဖွဲ့ မိသားစုုဝင်၁၀၀ ၀န်းကျင် မဲပေးခွင့်ရ

ချောင်းဆုုံမြို့နယ်တွင်း တပ်မတော်သားနှင့်ရဲတပ်ဖွဲ့ မိသားစုုဝင်၁၀၀ ၀န်းကျင် မဲပေးခွင့်ရ
အိုက်စိုင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီ — နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ရှိတပ်မတော်သား နှင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း ၁၀၀ ဝန်းကျင် မဲပေးခွင့် ရရှိကြောင်း ချောင်းဆုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သတင်းရရှိသည်။

ချောင်းဆုံမြို့နယ်တွင် စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်အထိ နောက်ဆုံး ကြေငြာသည့် မဲစာရင်း၌ မဲပေး ခွင့်ရှိသူ ၁၂၃၇၈၈ ဦး ရှိကြောင်း၊ အဆိုပါ မဲပေးခွင့်ရှိသူထဲမှ တပ်မတော်သား နှင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ၎င်း တို့၏ မိသားစုဝင် ၁၀၀ ဝန်းကျင်လည်း ပါဝင်ကြောင်း ချောင်းဆုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးမျိုးမင်းသူကပြောသည်။

“ကျွန်တော်တို့ဆီက အနည်းဆုံးဘဲ တစ်ခြားမြို့နယ်တွေထပ်ဆိုရင် အခု ကျွန်တော်တို့ဆီမှာ တပ်မတော်သား နဲ့သူတို့ရဲ့ မိသားစုဝင် ၃၄ဦးဘဲ ရှိတယ်။ မဲပေးခွင့်ရှိတဲ့ စာရင်းပေါ့။ ရဲတပ်ဖွဲ့ဝင်နဲ့ သူတို့မိသားစုဝင်ကတော့ ၆၀ ကျော်လောက်ရှိတယ်”ဟု ချောင်းဆုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးမျိုးမင်းသူ ကထပ်မံပြောသည်။

မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်တွင် ကျေးရွာ အုပ်စု ၄၃ အုပ်စုရှိပြီး ရပ်ကွက်ကြီး ၃ ရပ်ကွက်ရှိရာ တပ်မတော် သား နှင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း ၁၀၀ ဝန်းကျင် မဲပေးခွင့်ရှိကြောင်း သိရ သည်။

ထို့ကြောင့် တပ်မတော်သား နှင့် ၎င်း တို့၏ မိသားစုဝင်များ မဲပေးနိုင်ရေးအတွက် ချောင်းဆုံမြို့နယ်တွင် တစ်ခု တည်းရှိသော ရေတပ် စခန်းမှာ မဲရုံတစ်ရုံ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် နှင့် ၎င်းတို့၏ မိသားစုဝင်များ ကတော့ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်များမှ ဖွင့်လှစ်ပေးထားသော မဲရုံများမှ မဲထည့်ရမည်ဖြစ် ကြောင်း ချောင်းဆုံမြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ပြောသည်။

အဆိုပါ မြို့နယ်တွင် မဲရုံ စုစုပေါင်း ၆၂ ရုံ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး မဲပေးခွင့်ရှိသူများ စာရင်းကိုလည်း နိုဝင် ဘာ ၂ ရက်မှ ၅ ရက်အထိ ရွေးကောက်ပွဲ မကျင်းပမီ သုံးရက် အလိုအထိ ကြေငြာပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ချောင်းဆုံမြို့နယ်၌ ကျေးရွာ အုပ်စု၄၃ အုပ်စု ရပ်ကွက်ကြီး ၃ ရပ်ကွက်ရှိသည်။ ထိုပြင် ရက်ပေါင်း ၁၈၀ အထက် နေထိုင်လျှက်ရှိ သူ ရွေ့ပြောင်းလုပ်သားများကလည်း မဲပေးခွင့် ရရှိရေးအတွက် ပုံစံ(၃-က)ဖြင့် လျှောက်ထားခဲ့ကြရာမှ ရ၁၉ ဦး မဲပေးခွင့်ရရှိခဲ့ကြောင်းကော်မရှင်မှသိရသည်။

Most read this week

November 30, 2015
“အန်တီစုနဲ့တွေ့ဆုံစဉ်က ညွှန်ကြားချက်အနေနဲ့ ပြောတာတော့မဟုတ်ဘူး ပြည်သူတွေ မလုပ်နိုင်တဲ့ဟာကို...
November 27, 2015
အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်...
November 27, 2015
အထက်ပါ ဖြစ်ရပ်ကြောင့် မိမိတို့အား မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု...
November 23, 2015
မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၃၇၆)ဦးရှိသည့်အနက်  ဆန္ဒမဲလာရောက်ပေးသူ(၇၆၈၃၆)ဦး...