မွန်ပြည်နယ် ငါးမြို့နယ်၌ ပုံစံ(၃-က)ဖြင့် လျှောက်ထားသူများမပါဘဲ မဲပေးခွင့်ရှိသူ ၈ သိန်းကျော်ရှိ

မွန်ပြည်နယ် ငါးမြို့နယ်၌ ပုံစံ(၃-က)ဖြင့် လျှောက်ထားသူများမပါဘဲ မဲပေးခွင့်ရှိသူ ၈ သိန်းကျော်ရှိ
အိုက်စိုင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီ — မွန်ပြည်နယ်ရှိ၊ မြို့နယ် ငါးမြို့နယ်၌ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ပုံစံ(၃-က)ဖြင့် လျှောက်ထားသူများ မပါဘဲ စက်တင်ဘာလက နောက်ဆုံးကြေငြာခဲ့သည့် စာရင်းတွင် မဲပေး ခွင့်ရှိသူ ၈ သိန်းကျော်ရှိကြောင်း သတင်းရရှိသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူများစာရင်းကို စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်အထိ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေငြာပေးခဲ့သည်။

 မွန်ပြည်နယ်ရှိ မော်လမြိုင်မြို့နယ်တွင် မဲပေးခွင့်ရှိသူ ၂ သိန်းကျော်၊ မုဒုံမြို့နယ် ၁ သိန်း ၆ သောင်းကျော်၊ ကျိုက်မရော်မြို့နယ် ၁၅၇၄၆၆ ဦး၊ ရေးမြို့နယ် ၁၅၆၁၂၆ ဦး၊ ချောင်းဆုံမြို့နယ်မှာတော့ ၁၂၃၇၈၈ ဦး ၊ စုစုပေါင်း ၈ သိန်းကျော် မဲပေးခွင့်ရှိကြောင်း သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အသီးသီးမှ သိရသည်။

“ကျွန်တော်တို့ဆီမှာတော့ ၂ သိန်းကျော်ရှိတယ်။ပုံစံ(၃-က)နဲ့ လျှောက်ထားတဲ့လူတွေတော့မပါဘူး။ သူတို့က အခုဆိုရင် လျှောက်ထားလာတာရှိတယ်။ အဲ့ဒါကတော့ ထပ်တိုးတာတော့ရှိတယ်”ဟု မော်လမြိုင်မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးဥက္ကဌ ဦးဌေးလွင်က ပြောသည်။

မွန်ပြည်နယ်ရှိ မြို့နယ် ငါးမြို့နယ်၌ စုစုပေါင်း စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်နောက်ဆုံး ထုတ်ပြန်သည့် မဲ စာရင်းတွင် မဲပေးခွင့်ရှိသူ စုစုပေါင်း ၈ သိန်းကျော်ရှိပြီးနောက် ပုံစံ(၃-က)ဖြင့်လျှောက်ထားလာသည့်အတွက် မော်လမြိုင်မြို့နယ်တွင် ၄ ထောင်ကျော်၊ မုဒုံမြို့နယ် ၁၅၇၁ ဦး ၊ ကျိုက်မရောမြို့နယ် ၂၀၂၀ ဦး၊ ရေးမြို့နယ် ၂၅၉၂ ဦး၊ ချောင်းဆုံမြို့နယ် ရ၁၉ ဦး  အသီးသီး မဲပေးခွင့်ရှိသူများ တိုးပွားလာခဲ့ကြောင်း သက်ဆိုင် ရာ မြို့နယ် ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲရုံးများထံမှ သိရသည်။

“မုဒုံမှာတော့ ၁ သိန်း ၆ သောင်းကျော်ရှိတယ်။ ဒါကတော့ စက်တင်ဘာလ နောက်ဆုံးထုတ်ပြန်တဲ့ မဲစာရင်းမှာ ပါတဲ့ စာရင်းပေါ့။ နောက်ထပ်တိုးတာတွေကတော့ ပုံစံ(၃-က)နဲ့လျှောက်တဲ့ ရွေ့ပြောင်းလုပ်သားတွေရဲ့ စာရင်း တော့တိုးတယ်။ ဒီလူတွေကတော့ ၁ထောင်ကျော်ရှိတယ်”ဟု မုဒုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြောသည်။

အဆိုပါ မဲစာရင်းများကို သက်ဆိုင်ရာ မြို့နယ်များက နို၀င်ဘာ ၂ ရက်မှ ၅ ရက်အထိ ရွေးကောက်ပွဲမကျင်းပမီ ၃ရက်အလိုအထိ ကြေညာပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Most read this week

November 30, 2015
“အန်တီစုနဲ့တွေ့ဆုံစဉ်က ညွှန်ကြားချက်အနေနဲ့ ပြောတာတော့မဟုတ်ဘူး ပြည်သူတွေ မလုပ်နိုင်တဲ့ဟာကို...
November 27, 2015
အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်...
November 27, 2015
အထက်ပါ ဖြစ်ရပ်ကြောင့် မိမိတို့အား မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု...
November 23, 2015
မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၃၇၆)ဦးရှိသည့်အနက်  ဆန္ဒမဲလာရောက်ပေးသူ(၇၆၈၃၆)ဦး...