ဘောနောခီးကျေးရွာအုပ်စုမှလွဲ၍ ကျန်မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပမည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ပြော

ဘောနောခီးကျေးရွာအုပ်စုမှလွဲ၍ ကျန်မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပမည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ပြော
by -
ချစ်မင်းထွန်း
ချစ်မင်းထွန်း — ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအား မကျင်းပနိုင်သည့် မြို့နယ်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် မှ ထုတ်ပြန်ကြေညာခဲ့ရာတွင် မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊ဘောနောခီးကျေးရွာအုပ်စု၌ ရွေးကောက်ပွဲ ကျင်းပ သွားမည် မဟုတ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြောသည်။

အောက်တိုဘာ ၁၂ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ၊ ဘောနောခီးကျေးရွာအုပ်စု၌ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိ ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာတဲ့နေရာ ဘောနောခီး မှာဘဲ မကျင်းပနိုင်တာ။ ကျန်တဲ့ နေရာတွေ့မှာတော့ ကျင်းပသွား မယ်။ အကုန်လုံးလည်း မဲစာရင်းကောက် ထားနိုင်တယ်။ ဒါကြောင့် ဘောနောခီးကျေးရွာအုပ်စုကလွဲရင် ကျန်မြို့ နယ် အားလုံးမှာ ရွေးကောက်ပွဲ ကျင်းပသွားမယ်”ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိ ဦးဟိဏ်းလင်းထက်ကပြောသည်။

မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပမည် မြို့နယ်များမှာ မော်လမြိုင်မြို့နယ်၊ ကျိုက််မရော မြို့နယ၊် ချောင်းဆုံ မြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ မုဒုံမြို့နယ်၊ ရေးမြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ စသည့် မြို့ နယ် များတွင် သတ်မှတ်ထားသည့်အတိုင်း ရွေးကောက်ပွဲကို ကျင်းပ သွားမည်ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဆိုသည်။

ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊ဘောနောခီးကျေးရွာအုပ်စုသည် ကရင်အမျိုး သား အစည်းအရုံး(KNU)၏ တပ်မမဟာ(၁) နှင့် တပ်မဟာ(၅) ထိန်းချုပ် နယ်မြေအတွင်းသို့ ရောက်ရှိနေ ခြင်းကြောင့် ယနေ့အချိန်အထိ အခြေခံ မဲဆန္ဒရှင်း စာရင်းများကို ကောက်ခံနိုင်ခြင်းမရှိသေးသည့်အတွက် ရွေးကောက်ပွဲ ကို မကျင်းပနိုင်ခြင်းဖြစ်သည်ဟု သိရသည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်တစ်ခုလုံး၌ မဲပေးခွင့် ရှိသူ ၁၄ သိန်း ရ သောင်းရှိကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြောကြားလိုက်ပြီး မဲရုံ စုစုပေါင်း တစ်ထောင်ကျော် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းကိုတော့ ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ၏ ပြောကြားချက်အရသိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ၏ အခန်း(၃) တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သည် သဘာဝ ဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း၊ နယ်မြေလုံခြံုရေး အရ သော်လည်းကောင်း၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပ နိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခြင်းနှင့်ပယ်ဖျက်ခြင်းများ လုပ်ဆောင်ခွင့်ရှိသည်ဟု ပြဌာန်းပါရှိသည်။

Most read this week

November 30, 2015
“အန်တီစုနဲ့တွေ့ဆုံစဉ်က ညွှန်ကြားချက်အနေနဲ့ ပြောတာတော့မဟုတ်ဘူး ပြည်သူတွေ မလုပ်နိုင်တဲ့ဟာကို...
November 27, 2015
အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်...
November 27, 2015
အထက်ပါ ဖြစ်ရပ်ကြောင့် မိမိတို့အား မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု...
November 23, 2015
မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၃၇၆)ဦးရှိသည့်အနက်  ဆန္ဒမဲလာရောက်ပေးသူ(၇၆၈၃၆)ဦး...