တန်းတူရေးနှင့် ကုုိယ်ပုုိင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ် ပြည်ထောင်စုု ပေါ်ထွန်းရေး NLD အာမခံထား

တန်းတူရေးနှင့် ကုုိယ်ပုုိင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ် ပြည်ထောင်စုု ပေါ်ထွန်းရေး NLD အာမခံထား
အာကာ၊ မွန်ပြည်နယ် — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသော ဖက်ဒရယ် ပြည်ထောင်စု ဒီမိုကရေစီစနစ် ထွန်းကားအောင် ဆောင်ရွက်သွားမည်ကို တိုင်းရင်းသားများအား ခိုင်မာစွာ ကတိပေးထားခဲ့ပြီ ဖြစ်ကြောင်း ဗဟိုအောင်နိုင်ရေး ဥက္ကဋ္ဌ ဦးတင်ဦး က အောက်တိုဘာလ ၈ ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့သို့ ရောက်ရှိစဉ် ပြောကြားသည်။

ရေးမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ပြည်သူ့ထံ အပ်နှံပွဲ အခမ်းအနားတွင် နာယကကြီး ဦးတင်ဦး က “NLD အနေနဲ့ ၁၉၉၅/၆၉ ခုနှစ် ပြည်ထောင်စုနေ့ကတည်းက ခိုင်မာတဲ့ အာမခံချက် ပေးထားပြီး ဖြစ်တယ်” ဟု ပြောသည်။

၎င်းပြင် ၂၀၁၅ ခုနှစ်သည် ကိုလိုနီစနစ်နှင့် ဖက်ဆစ်ဝါဒသမားများ၏ လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်း ပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ရာပြည့်နှစ် ဖြစ်သည့်အတွက် နိုင်ငံရေးအရ အလွန်ထူးခြားသည့်နှစ် ဖြစ်ကြောင်း၊ သူ၏ ကျေးဇူးကို ဆပ်လိုပါက သူ့ရည်မှန်းချက် အကောင်အထည်ပေါ်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း သူက ပြောသည်။

ဦးတင်ဦး က “လေးလေးနက်နက် တိုက်တွန်းချင်တာကတော့ ခေါင်းဆောင်ကြီးရဲ့ ကျေးဇူးတရားတွေကို ဆပ်ချင်တယ်ဆိုရင် (ရာပြည့်) ပွဲလမ်းသဘင်ကြီးတွေတင် မဟုတ်ဘဲနဲ့  သူမျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ဖြစ်မြောက်ရေးအတွက် အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ တိုင်းသူပြည်သားအားလုံးရဲ့ တာဝန် ဖြစ်တယ်” ဟု ပြောသည်။

NLD အနေနှင့် ဒီမိုကရေစီ ပြည်ထောင်စုသို့ ချီတက်ရာတွင် ငြိမ်းချမ်းသောနည်း၊ လုံးဝအကြမ်းမဖက်သောနည်းတို့ကို ကျင့်သုံးသွားမည်ဟု ပြောသည်။

ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်သည့် အထက်ပါ ကိုယ်စားလှယ်လောင်း အပ်နှံပွဲအခမ်းအနားသို့ ရေးမြို့နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ NLD ပါတီဝင်များ၊ စိတ်ပါဝင်စားသူများ ထောင်နှင့်ချီ တက်ရောက်ခဲ့ကြသည်။

NLD ဗဟိုအောင်နိုင်ရေး ဥက္ကဋ္ဌ ဦးတင်ဦးသည် အောက်တိုဘာလ ရ ရက်နေ့တွင်လည်း မော်လမြိုင်မြို့ရှိ ကမ်းနားလမ်းဟိုတယ်ရှေ့ တွင် ပြုလုပ်သည့် ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်ဟောပြောပွဲသို့ တက်ရောက်ခဲ့ပြီး၊ ပြည်သူများအနေနှင့် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ကြောက်စိတ်ကို ပယ်ရှားကာ မဲပေးကြရန် တိုက်တွန်းခဲ့သည်။

ဦးတင်ဦးသည် အောက်တိုဘာ ရ ရက်နေ့နှင့် ၈ ရက်နေ့များတွင် ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ မုဒုံ၊ ရေး စသည့်မြို့များတွင် ပါတီအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

Most read this week

November 30, 2015
“အန်တီစုနဲ့တွေ့ဆုံစဉ်က ညွှန်ကြားချက်အနေနဲ့ ပြောတာတော့မဟုတ်ဘူး ပြည်သူတွေ မလုပ်နိုင်တဲ့ဟာကို...
November 27, 2015
အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်...
November 27, 2015
အထက်ပါ ဖြစ်ရပ်ကြောင့် မိမိတို့အား မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု...
November 23, 2015
မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၃၇၆)ဦးရှိသည့်အနက်  ဆန္ဒမဲလာရောက်ပေးသူ(၇၆၈၃၆)ဦး...