မြဝတီမှ ထိုင်းသို့ထွက်ပြေးသည့် စစ်ကောင်စီအရာရှိများနှင့်တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက လေယာဉ်ဖြင့် မဲဆောက်လေဆိပ်မှလာခေါ်

မြဝတီမှ ထိုင်းသို့ထွက်ပြေးသည့် စစ်ကောင်စီအရာရှိများနှင့်တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက လေယာဉ်ဖြင့် မဲဆောက်လေဆိပ်မှလာခေါ်

စစ်ကောင်စီလေယာဉ်တစ်စီးမှာ ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယမန်နေ့ ဧပြီ ၇ ရက် ည ၈ နာရီခွဲက ဆိုက်ရောက်ပြီး မြဝတီမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သားများကို လာခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။

၎င်းလေယာဉ်မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ATR 72-600 လေယာဉ်ဖြစ်ပြီး ရန်ကုန်မြို့မှတဆင့် မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်လာခဲ့သည်ဟု  ထိုင်းမီဒီယာလူမှုကွန်ရက်များ၏ ကနဦးရေးသားဖော်ပြချက်အရ သိရှိရသည်။

“ မြန်စစ်လေယာဉ်ဖြင့်  ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှ ပိတ်မိကျန်နေခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မဲဆောက်လေယာဉ်ကွင်း လာကြိုပြီး ယူဆောင်သွားခဲ့သည်” ဟု ရေးသားထားသည်။

၎င်းပိတ်မိကျန်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ  ပြန်နိုင်ရန်အတွက် ဧပြီလ ၆ ရက်နေ့က ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံသံရုံးမှတဆင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသို့ စာတင်အကူအညီတောင်းခံခဲ့ခြင်း ဖြစ်ကြောင်းလည်း သတင်းများတွင် ဖော်ပြသည်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်ရှိ သင်္ဃန်းညီနောင်မှ စကခ ၁၂ လက်အောက်ခံ ခမရ(၃၅၅၊ ၃၅၆၊ ၃၅၇)တို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက အပြီးတိုင်သိမ်းပိုက်လိုက်ပြီး ယမန်နေ့ ဧပြီလ ၆ ရက်နေ့တွင် နောက်ဆုံးကျန်နေသည့်  ၂၇၅ တပ်ရင်းကလည်း အလံဖြူထောင်လက်နက်ချခဲ့သည်။

ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ထိုင်းနိုင်ငံမဲဆောက်မြို့မှတဆင့် ပြန်လည် ကယ်ထုတ်ခဲ့ရခြင်းဖြစ်ကြောင်း ခိုင်မာသည့် စစ်ရေးအရင်းအမြစ်များမှ သိရသည်။

နောက်ဆုံးရရှိသော သတင်းအရ ပထဆုံးအသုတ်အနေဖြင့် မဲဆောက်လေဆိပ်ကတဆင့် ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးအဆင့် အပါအဝင် အရာရှိ၂၀  နှင့် မိသားစုဝင် ၂၀ ၊ စုစုပေါင်း ၄၀ ဦးလိုက်ပါသွားကြောင်း သိရှိရပါသည်။

Most read this week

May 8, 2024
ရခိုင်ပြည်တွင် အကြမ်းဖက် စစ်ကောင်စီက ထောင်ထားသည့် မြေမြုပ်မိုင်း အန္တရာယ်မှာ တစ်နေ့ထက်...
May 7, 2024
ရခိုင်ပြည်၊ စစ်တွေမြို့မှ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ကောင်စီခန့် အကြီးပိုင်းဝန်ထမ်းများအား...
May 6, 2024
အာရက္ခတပ်တော်(AA) မှ ကာလအတန်ကြာဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားသော ဘူးသီးတောင် အခြေစိုက် စကခ (၁၅)...