မိုးမောက်မြို့နယ်တွင် လက်နက်ကြီးကြောင့် စစ်ရှောင်အမျိုးသမီး နှစ်ဦးသေဆုံးပြီး သုံးဦးပြင်းထန်ဒဏ်ရာရ

မိုးမောက်မြို့နယ်တွင် လက်နက်ကြီးကြောင့် စစ်ရှောင်အမျိုးသမီး နှစ်ဦးသေဆုံးပြီး သုံးဦးပြင်းထန်ဒဏ်ရာရ
Photo_ ထိခိုက်ဒဏ်ရာရရှိသူများကို ပရဟိတအဖွဲ့များက ကူညီနေကြစဉ်
Photo_ ထိခိုက်ဒဏ်ရာရရှိသူများကို ပရဟိတအဖွဲ့များက ကူညီနေကြစဉ်

မိုးမောက်မြို့နယ် ဟင်္သာကျေးရွာမှာ စစ်ဘေးတိမ်းရှောင်နေသည့် မင်းဂျမ်းကျေးရွာဒေသခံ နှစ်ဦးဟာ မတ်လ ၂၁ ရက်နေ့မှာ  စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ဟင်္သာရွာမှာ သူတို့က စစ်ရှောင်နေတာပါ့အေး။ စစ်ရှောင်နေတဲ့အခါကျတော့ မနေ့က ဖြစ်တဲ့တိုက်ပွဲမှာ ဗန်းမော် သုံးမိုင်ကနေ အမြောက်တပ်ကနေ ထင်တယ် အဲ့ဒီကနေ လှမ်းပစ်တာပေါ့။ လှမ်းထုတဲ့အခါကြတော့ ရွာထဲ နှစ်လုံး ကျတာပါ့အေး။ သူတို့က နေ့လည်စာ ထမင်းစားပြီးမှ ၁၁ နာရီ ကျော်ကျော် ၁၂ နာရီ ထိုခါနီးဝန်းကျင်ပါ့အေးနော။ ထမင်းစားပြီးတော့ သူတို့က သစ်ပင်ရိပ်ကလေးရဲ့ ကွပ်ပျစ်မှာ သွားထိုင်ပြီးတော့ စကားပြောနေကြတာတဲ့။ အဲ့ဒါ လက်နက်ကြီးက သူတို့ဘေးနားက တစ်လံ အကွာလောက်မှာပဲ ကျတယ်လို့ ပြောတယ်။ အိမ်တွေလည်း ပျက်စီးသွားတယ်တဲ့။”   လို့ ဖြစ်စဉ်ကိုသိသူတစ်ဦးက ပြောပါတယ်။

သေဆုံးသူအမျိုးသမီးနှစ်ဦးအနက် တစ်ယောက်မှာ အသက် ၇၀ ကျော်အရွယ် ဒေါ်ခွေးလှဖြစ်ပြီး သေဆုံးသူကျန်အမျိုးသမီးတစ်ယောက်မှာတော့ တစ်နှစ်ကျော်အရွယ် ကလေးတစ်ယာက် မိခင်ဖြစ်တယ်လို့ သိရှိရပါတယ်။

ဒဏ်ရာရရှိသူ သုံးဦးအနက် နှစ်ဦးမှာ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးနှင့် တစ်ဦးမှာ သုံးနှစ်အရွယ် ယောင်္ကျားလေး တစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ ဗန်းမော်ပြည်သူ့ဆေးရုံးကို ဆေးဝါကုသမှုခံယူဖို့ ပို့ဆောင်းထားတယ်လို့ သိရှိရပါတယ်။

“ကျည်ဆံတွေ ထိတာပေါ့နော မိုင်းစ ယမ်းစ တွေ ထိတာပါ့အေး။ သူကကြတော့ လက်မှာတော့ တော်တော်ပြင်းတယ်လို့တော့ ပြောတယ်။ နှစ်ယောက်က ကြတော့ပေါ့နော။ တင်ပါးတွေမှာ ထိတယ်လို့ ပြောတယ်။ မ(အမျိုးသမီး) လေးယောက်ပေါ့။ လေးယောက်ထဲမှာ နှစ်ယောက်က ဆုံးတယ်။ နှစ်ယောက်က ဒဏ်ရာ ရတယ်ပေါ့။ ကျား တစ်ယောက် ကလေးကကြတော့ သုံးနှစ်ကျော် ကလေးကတော့ သူက တင်ပါးမှာ ဟုတ်တယ်။” လို့ သေဆုံးသူတစ်ဦး၏ ဆွေမျိုးတော်စပ်သူတစ်ဦးကပြောပါတယ်။

ဒီနေ့ မတ်လ ၂၂ ရက်နေ့မနက်ပိုင်းမှာလည်း တိုက်ပွဲကြောင့် မင်းဂျမ်းဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံကိုပို့ဖို့ ပရဟိတအသင်းတွေက ကြိုးစားနေကြတယ်လို့သိရပါတယ်။

မိုးမောက်မြို့နယ်အတွင်းရှိ မင်းဂျမ်း၊ ကုန်းနှော ၊ တာလီကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွား အရပ်သားထိခိုက်မှုတွေလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။

Most read this week

May 7, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီနှင့်...
May 2, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအားလုံးနီးပါးတွင်...
တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်လာကြသူများ
April 6, 2024
မြစ်ကြီးနားမြို့နယ် နဲ့  ဝိုင်းမော်မြို့အတွင်းမှာ စစ်ဘေးတိမ်းရှောင်နေရသူများကို...
April 4, 2024
ဗန်းမော်ခရိုင် မိုးမောက်မြို့နှင့် သုံးမိုင်ကျော်အကွာမှာရှိတဲ့ ကျောက်စခန်းကို KIA+PDF...