ရွှေဘို မြို့အထွက်ဂိတ်တိုက်ခိုက်ခံရပြီး ပျူစောထီး ၂ ဦး သေဆုံး

ရွှေဘို မြို့အထွက်ဂိတ်တိုက်ခိုက်ခံရပြီး ပျူစောထီး ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့တွင် ပြည်သူများထံ ဆက်ကြေး ကောက်ခံနေသည့် ပျူစောထီး ၂ ဦး ရှင်း လင်းခံလိုက်ရသည် ဟု ဒေသတွင်း သတင်းရင်းအမြစ်များက ပြောသည်။

ရွှေဘိုမြို့၊ မုဒ်ပေါက် တောင်ဘက်အထွက်တွင် တည်ရှိသည့် စစ်ကောင်စီ၏ စစ်ရေးဂိတ်မှ ဘန်ကာအတွင်း နေ ရာယူ စောင့်ဆိုင်းနေသော ပျူစောထီး ၄ ဦးအား မတ်လ ၁၇ ရက်နေ့၊ နေ့လည် ၁၂ နာရီ ဝန်းကျင် အချိန်၌ Buffalo Soldiers Freedom Force (SBLDF) တပ်ဖွဲ့မှ လျှပ်တစ်ပြတ် ဝင်ရောက်တိုက်ခိုက်ရာ ၂ ဦး ပွဲချင်းပြီး သေ ဆုံးပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။

SBLDF မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကျွဲကြီးက “ပျူစောထီး ဖြစ်တယ်ဆိုတာက အတည်ပြုတယ်။ ဒီကောင် တွေဆီမှာ သိမ်းဆီးရမိတဲ့ လက်နက်ကြီး တစ်လုံးပါတယ်။ အဲဒါကို ကျနော်တို့ ထင်မထားဘူးပေါ့။ လက်ပစ်ဗုံး တစ်လုံးလည်း တွေ့တယ်ပေါ့နော်။ ဂိတ်က ပျူတွေက ပြည်သူတွေကို ခြိမ်းခြောက် ပြောဆို၊ အနိုင်ကျင့်၊ ငွေ ကြေး ကောက်ခံတယ်ပေါ့နော်။ အဲဒီမှာ အရက်ဝိုင်းကလည်း အမြဲဖြစ်နေတာ။ ကျနော်တို့ သွားလာလှုပ်ရှားတဲ့ သတင်းတွေကိုလည်း ဒီကောင်တွေပဲ သွားသွားပေးနေတာ” ဟု ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တွင် ယခင် ရက်များက ပျူစောထီးနှင့် စစ်ကောင်စီတပ်သားတို့ တွဲ၍ အတူတကွ စောင့်ကြပ်လေ့ရှိသော်လည်း ယမန်နေ့တွင် စစ်ကောင်စီတပ်များမှ ကင်းပုန်းများ ရုတ်သိမ်းသွားသည့်အချိန် သတင်းရသောကြောင့် SBLDF တပ်ဖွဲ့မှ လျှပ်တစ်ပြတ် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်ခံရပြီးနောက် သေဆုံးသည့် ပျူစောထီး ၂ ဦးအနက် တစ်ဦးဖြစ်သူမှာ ရဲထောက်လှမ်းရေး ဖြစ်သည်ကို စစ်တပ်နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရှိရသည်ဟု ဆိုသည်။

ဗိုလ်ကျွဲကြီးက “ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ မစ်ရှင် ဖော်ဆောင်တဲ့ နေရာမှာ တချို့နေရာတွေက ပြည်သူတွေလည်း ရှိတယ်လေနော်။ အဲလိုနေရာတွေမှာ ပြည်သူတွေ အနေနဲ့ ဒလန်လုပ်တဲ့ သူတွေအနား ကင်း ကင်းရှင်းရှင်းနေဖို့ ပြောချင်တယ်။ ရှေ့လျှောက် ကျနော်တို့ အနေနဲ့လည်း စစ်ရေး အရှိန်မြင့်သွားမယ်။ ပြည်သူ တွေအနေနဲ့ တော်လှန်ရေး ကာလကလည်း ကြာပြီဆိုတော့ သွေးအေးပြီးတော့ ငြိမ်မနေကြပဲနဲ့ ရတဲ့သတင်း တွေကို ကျနော်တို့ရဲ့ Messenger မှာ သတင်းပေးဖို့ ပြောချင်တယ်” ဟု သတိပေး တောင်းဆိုထားသည်။

ရွှေဘိုမုဒ်ပေါက်တွင် ဆက်ကြေးကောက်ခံနေသည့် ပျူစောထီးများ၊ စစ်ကောင်စီ သတင်းပေးများနှင့် စစ်ကောင် စီခန့် အုပ်ချုပ်ရေးမှူးများအား SBLDF အနေဖြင့် ပြီးခဲ့သည့် ဇန္နဝါရီလ ၃၁ ရက်နေ့ကတည်းက သတိပေးစာ ထုတ် ပြန်ခဲ့ပြီးဖြစ်ရာ ရှေ့ဆက်၍လည်း အညာမြေပေါ်တွင် စစ်ကောင်စီ၏ ထောက်တိုင်များ ရပ်တည်၍ မရအောင် အပြတ်တိုက်ထုတ် ရှင်းလင်းသွားမည်ဟု ထုတ်ပြန်ထားသည်။

SBLDF တပ်ဖွဲ့အနေဖြင့် ပျူစောထီး ရှင်းလင်းသည့် စစ်ဆင်ရေး မစ်ရှင် (Mission) မှာ ယခုကြိမ် အပါအဝင်၄ ကြိမ်ရှိပြီး ဖြစ်ပြီး မတ်လအတွင်း ၂ ကြိမ်မြောက် စစ်ဆင်ရေး ဖြစ်သည်ဟု ဗိုလ်ကျွဲကြီးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့တုန်းကလည်း ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီး၊ စိုင်နိုင်လေး ကျေးရွာများတွင် အရပ် သားများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ရွေဘိုမြို့သို့ ပြန်လည် ဆုတ်ခွာလာသော စစ်ကောင်စီ စစ်ကြောင်း အား SBLDF အပါအဝင် တော်လှန်ရေး မဟာမိတ်တပ်များမှ မိုင်းဆွဲတိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၈ ဦး ထိ ခိုက်မှုရှိခဲ့သည်ဟု အဖွဲ့တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။

January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...