ပုသိမ်တွင် ဖြစ်ပွားခဲ့သည့် ဖောက်ခွဲမှုများနှင့် ပတ်သက်၍ စွပ်စွဲခံထားရသူ ၁၁ ဦးကို ပြစ်ဒဏ်ချ

ပုသိမ်တွင် ဖြစ်ပွားခဲ့သည့် ဖောက်ခွဲမှုများနှင့် ပတ်သက်၍ စွပ်စွဲခံထားရသူ ၁၁ ဦးကို ပြစ်ဒဏ်ချ

ပုသိမ်ဟိုတယ်ရှေ့ အပါအဝင်၊ ပုသိမ် ကညနရုံး၊ ပုသိမ် ဟွာပိုတိုင်းစ် အထည်ချုပ် စက်ရုံတို့၌ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ စွပ်စွဲဖမ်းဆီးခံထားသူ ၁၁ ဦးကို စစ်ကောင်စီ၏ ပုသိမ်ထောင်တွင်း တရား ရုံးက ထောင်ဒဏ် အသီးသီးချလိုက်သည်ဟု ပုသိမ် အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။

အမိန့်ချခံရသူ ၁၁ ဦး အနက် ပုသိမ်ဟိုတယ်ရှေ့ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်ပြီး ပုသိမ်မြို့ခံ လူငယ်များကြဖြစ် သည့် ကိုထွန်းလင်းအောင် နှင့် ကိုခန့်ကိုကိုဇင်တို့ကို ထောင် ၁၅ နှစ်စီ၊ ကိုကောင်းထက်စံ၊ ကိုထင်လင်းဦး၊ ကိုဇော် ဇော်၊ ကိုကိုအောင်၊ ကိုကောင်းမြတ်ဇော် နှင့် အမျိုးသမီး ၁ ဦးတို့ကို ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချလိုက်ခြင်း ဖြစ်သည်။

အမိန့်ချခံရသည့် မိသားစုဝင် များ နှင့် နီးစပ်သူ တစ်ဦးက “အမိန့်ချတာ မိဘတွေ မိသားစုတွေက မသိလိုက်ဘူး။ နောက်မှ တဆင့်စကားနဲ့ သိကြရတာ အခုထိ ထောင်ဝင် စာလည်း ပို့လို့မရ၊ တွေ့လို့မရ ဖြစ်နေတယ်” ဟု ပြော သည်။

အမိန့်ချခံရသည့် နိုင်ကျဉ်း ၁၁ ဦးကို ၂ နှစ်နီးပါးရှိပြီးနောက် ဇန္နဝါလကုန်တွင် အမိန့်ချမည်ဟု သိထားသော်လည်း ပြီးခဲ့သည့် ဇန္နဝါရီလ ၂၀ ရက်နေ့က ရုတ်တရက် အမိန့်ချလိုက်ခြင်းဖြစ်သည် ဟုနိုင်ကျဉ်း မိသားစုနှင့် နီးစပ်သူ အချို့က ပြောသည်။

ပုသိမ် ကညနရုံး ဗုံးပေါက်ကွဲနှင့် ပတ်သက်ပြီး ပိတ်ဆို့ စစ်ဆေးနေချိန် ဓါတ်ပုံရိုက်သဖြင့်အဖမ်းခံထားရသည့် ကိုရန်နိုင်ထွန်း အပါအဝင် ပုသိမ် ဟွာပိုတိုင်းစ် အထည်ချုပ် စက်ရုံ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ သံသယဖြင့် စွပ်စွဲဖမ်းဆီးခံထားရသည့် လူငယ် ၂ ဦးကိုလည်း ထောင် ၅ နှစ်စီ အမိန့်ချလိုက်သည် ဟု ဆက်ပြောသည်။

ပုသိမ်ထောင် အမှုထမ်းတစ်ဦးက “ဖေါက်ခွဲမှု လက်နက်မှု အားပေးကူညီမှု ဆိုပြီး ထောင်တရားရုံးမှာအမိန့်ချ လိုက်တာပါ” ဟု ပြောသည်။

ထောင်တွင်း ဆန္ဒပြသဖြင့် နှိပ်စက် ရိုက်နှက်ခံရသူများလည်း ယခု အမိန့်ချခံရသည့် အထဲတွင် ပါဝင်ပြီးထောင် တွင်း အထူးတရားရုံးကို ထုတ်လာစဉ်က ကတုံးကွက်ကြား အရိတ်ခံထားရကာ

ရိုက်နှက်ခံထားရသည်ကို မိသား စုဝင်များက မြင်သွားမည်ကို စိုးရိမ်သောကြောင့် အားချင်းအမိန့်ချလိုက်ခြင်းဖြစ်နိုင်သည် ပုသိမ်ထောင် အမှု ထမ်းတစ်ဦးက ပြောသည်။

ကညနရုံး ကိစ္စတွင် ဓါတ်ပုံရိုက်သည့် လူငယ်နှင့် ဟွာပိုတိုင်းစ အထည်ချုပ်စက်ရုံက ၂ ဦးကို ခိုင်မာသည့်

သက် သေ အထောက်အထား မရှိဘဲ ဖေါက်ခွဲရေးမှာ အားပေးကူညီသည်ဟု ဆိုကာ ထောင် ၅ နှစ်စီအမိန့်ချ လိုက်ခြင်း ဖြစ်သည်ဟု တရားလွှတ်တော် ရှေ့နေတစ်ဦး က ပြောသည်။

ဗုံးပေါက်ကွဲမှုများမှာနှင့် ပတ်သက်၍ ပုသိမ်အကျဉ်းထောင်အတွင်း ယခု အမိန့်ချလိုက်သည်ဖြစ်စဉ်များမှာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က အမှတ် ၃ ရပ်ကွက်ရှိ ပုသိမ်ဟိုတယ်ရှေ့အနီး၌လည်းကောင်း၊ ဇွန်လ ၁၁ ရက်နေ့က အမှတ် ၁၃ ရပ်ကွက် ကင်မလင်ကျွန်း စက်မှုဇုန်ကဟွာပိုတိုင်းစ် အထည်ချုပ်စက်ရုံနှင့် ဇွန်လ ၁ ရက်နေ့က အမှတ် ၁၃ ရပ်ကွက် အဝေးပြေး ကားဂိတ်အနီးရှိကညနရုံးအဝ တို့၌ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများ ဖြစ် သည်။

ပုသိမ်ဟိုတယ်ရှေ့ အနီး ဗုံးပေါက်ကွဲမှုတွင် ဖမ်းဆီးရမိသည်ဟုဆိုကာ SMM KUZEY-GN-19 အမျိုးအစား ပစ္စတို သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၅၀ တောင့်၊ လက်လုပ်ဗုံး ၄ လုံးတို့ကို ဓါတ်ပုံရိုက်ပြီး သက်သေခံ ပစ္စည်းများ အဖြစ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းဌာနများမှ ဇွန်လ ၂၂ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

Most read this week

January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...