မုံရွာမြို့တော်ခန်းမအတွင်း လက်နက်ကြီးဖြင့် ပစ်၊ ရဲ တစ်ဦး သေဆုံး

မုံရွာမြို့တော်ခန်းမအတွင်း လက်နက်ကြီးဖြင့် ပစ်၊ ရဲ တစ်ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဒေသကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ၏ ပြောက်ကျား တိုက် ခိုက်မှုကြောင့် မုံရွာ မြို့တော်ခန်းမတာဝန်ကျ ရဲတစ်ဦး အပါအဝင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား ၂ ဦး သေဆုံးခဲ့သည်ဟု မုံရွာမြို့ ကုတင် ၃၀၀ စစ်ဆေး ရုံတွင် တာဝန်ထမ်းဆောင်နေသူအချို့က ပြောသည်။

ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ မုံရွာခရိုင် တပ်ရင်း - ၇ မှ ဇန္နဝါရီလ ၁ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်တွင် မုံရွာ မြို့တော်ခန်းမ အတွင်းသို့ ၄၀ မမ လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ပြီးနောက်ရဲတပ်သား ၁ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု က လုံခြုံရေးအရ အမည်မဖော်လိုသူ ဆေးရုံဝန်ထမ်း တစ်ဦးက ပြောသည်။

မုံရွာမြို့ ကုတင် ၃၀၀ စစ်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးက “အဲဒီနေ့မနက်ကရဲတစ် ယောက် အရေးပေါ် လူနာဆိုပြီး ရောက်လာတယ်။ လက်နက်ကြီးထိတာလို့ ပြောတယ်။ဆေးတပ်သားတွေ Operation လုပ်ပြီး အသက်ကယ်တော့ မမှီတော့ဘူး။ ညနေပိုင်းမှာ ဆုံးသွားတယ်။အဲဒီနောက်မှ ကျနော်တို့က PDF တွေရဲ့ ထုတ်ပြန်ချက်ကို ဖတ်လိုက်ရတာ” ဟု ပြောသည်။

အလားတူ ထိုနေ့ (ဇန္နဝါရီလ ၁ ရက်နေ့) ည ၉ နာရီအချိန်ခန့်တွင်လည်း မုံရွာမြို့၊ ရုံးကြီးရပ်ကွက်ရှိ အမှတ် ၁ ရဲစခန်းအား ဒေသတွင်းကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ တံခါးပေါက်ဝတွင်ကင်းစောင့်နေသော ရဲတပ်သား ၅ ဦးအား သေနတ်ဖြင့် ၁၀ ချက် နီးပါးပစ်ခတ်၍ ပြောက်ကျား တိုက်ခိုက်ခဲ့သေးသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်သား ၁ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဘက်တွင် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆေးရုံဝန်ထမ်းများကဆိုသည်။

မုံရွာစစ်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးက “အဲနေ့ ည ၁၀ နာရီ ရောက်တော့လည်း အလောင်းတစ်လောင်း ထပ်ရောက်လာတယ်။ ဘာဖြစ်လဲမေးတော့ အမှတ် ၁ စခန်း တိုက်ခိုက်ခံရတယ်ပေါ့။ တခြား ဒဏ်ရာရတာတော့ မရှိဘူး။ တစ်ယောက်ပဲ သေတာ။ ၂ ယောက်လုံး နောက်ရက် နေ့လည်လောက်မှာ မီးသဂြိုလ်လိုက်တယ်” ဟု ဆက်ပြောသည်။

မုံရွာမြို့ အမှတ် ၁ ရဲစခန်းနှင့် အမှတ် ၂ ရဲစခန်း ၂ ခုလုံးတွင် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက Slow Down များ ပြုလုပ်ကာ အတားအဆီးများဖြင့် ကာရံထားသောကြောင့် ပြည်သူများ ဖြတ်သန်းသွားလာမှု မရှိသလောက်ပင် နည်းပါးကာ စစ်ဆင်ရေး (Mission) အလွယ်တကူပြုလုပ်နိုင်ခဲ့သည်ဟု မုံရွာခရိုင်တပ်ရင်း ၇ မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့၊ နံနက် ၇ နာရီ အချိန်ကလည်း နန္ဒဝန်ရပ်ကွက်၊ သမစိတ္တလမ်း၊ ပစ်တိုင်းထောင် ကွမ်းယာဆိုင်တွင် ကွမ်းလာဝယ်သည့် အမှတ် ၂ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကို မုံရွာခရိုင် တပ်ရင်း ၇ မှ ပြောက်ကျား တိုက်ခိုက်ခဲ့ပြီး စခန်းမှူး အပါအဝင် ရဲတပ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဆေးရုံဝန် ထမ်း တာဝန်ရှိသူများက ပြောသည်။

Most read this week

January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...