Published
Friday, November 25, 2022
ဖလမ်းမြို့နယ်အတွင်း ဖြစ်ပွားတဲ့ ၅ ရက်ကြာတိုက်ပွဲမှာ စစ်ကောင်စီဘက်က အယောက် ၃၀ ကျော်သေဆုံးဟု CNDF ပြော
- ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေ ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်ကူညီထောက်ပံ့မှု လိုအပ်နေပါတယ်။
- ချင်းပြည်နယ် ဖလမ်းမြို့နယ် သီဘွာလ်ကျေးရွာအနီး ၅ ရက်ကြာဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် အယောက် ၃၀ ကျော်သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)က ပြောပါတယ်။
- ချင်းပြည်နယ်မှာ အခုရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာနေပါတယ်။