စစ်ကောင်စီတပ်တို့ ၂ရက်တာတိုက်ပွဲအတွင်း မြန်မာစစ်တပ်က ၁၀ယောက်ကျပြီး ၁၅ ယောက်ကျော်ဒဏ်ရာ၊ ၎င်းတို့ဘက်ကလည်းထိခိုက်ကျဆုံးမှုများရှိခဲ့ဟု AA ထုတ်ပြန်

စစ်ကောင်စီတပ်တို့ ၂ရက်တာတိုက်ပွဲအတွင်း မြန်မာစစ်တပ်က ၁၀ယောက်ကျပြီး ၁၅ ယောက်ကျော်ဒဏ်ရာ၊ ၎င်းတို့ဘက်ကလည်းထိခိုက်ကျဆုံးမှုများရှိခဲ့ဟု AA ထုတ်ပြန်

စစ်ကောင်စီတပ်တို့ ၂ရက်တာတိုက်ပွဲအတွင်း မြန်မာစစ်တပ်က ၁၀ယောက်ကျပြီး ၁၅ ယောက်ကျော်ဒဏ်ရာ၊ ၎င်းတို့ဘက်ကလည်းထိခိုက်ကျဆုံးမှုများရှိခဲ့ဟု AA ထုတ်ပြန်

ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာစစ်ကောင်စီတပ်တို့သည် နိုဝင်ဘာ ၁၈ ရက်နှင့် ယနေ့ ၁၉ ရက်အတွင်း မောင်တော၊ ဘူးသီးတောင်နှင့် ပလက်၀မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ၎င်းတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့ပြီး လက်နက်နှင့် စစ်အသုံးဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သလို အေအေဘက် တစ်ဦးကျဆုံးကာ ၅ ဦးဒဏ်ရာရရှိကြောင်း ယနေ့ထုတ်ပြန်သည့် သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  နိုဝင်ဘာလ (၁၈) ရက်နေ့တွင် တပ်မ (၇၇) သည် မိမိတို့ရှိရာ မောင်တောမြို့မြောက်ပိုင်း၊ ဝက်ကျိန်းအပြင် ရွာတောင်ဖက် မီတာ (၈၀၀) ခန့်အကွာရှိ AA ရှိရာနေရာအား ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် နေ့လယ် (၁၂) နာရီခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ (၄) နာရီခန့် အချိန်မှ တိုက်ပွဲပြီးဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းတိုက်ပွဲတွင် တပ်မ (၇၇) လက်အောက်ခံ၊ ခမရ (၁၀၅) တပ်ရင်းသည် ကစဥ့်ကလျားထွက်ပြေးခဲ့ရပြီး ခမရ (၁၀၅) တပ်ရင်းထံမှ စစ်အသုံးအဆောင် ပစ္စည်းများနှင့် ခဲယမ်းအချို့ကို အေအေက သိမ်းဆည်းရမိခဲ့ကြောင်း၊  ၎င်းစစ်ကောင်စီ တပ်ရင်းမှ (၁၀) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၁၅) ဦးအထက်ရှိခဲ့သည်ဟု ဖော်ပြသည်။

၎င်းပြင် ရက္ခိုင့်တပ်တော် အေအေဘက်ကလည်း  ဒဏ်ရာ ရရှိသူ (၅) ဦးရှိခဲ့ပြီး တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည့် အာရက္ခစစ်သည်တော် တစ်ဦးရှိခဲ့သည်ဟု ဆိုသည်။  

နိုဝင်ဘာ ၁၉ ရက်နေ့တွင်လည်း တိုက်ပွဲ ဆက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီသည် လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများကို ပါ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

မောင်တောမြို့နယ်၊ ဝက်ကျိန်း(အလယ်ရွာ)၏ တောင်ဖက် ရှိ နခခ(၇) စခန်း၊ ဝက်ကျိန်းပတ်ဝန်းကျင်ရှိ တပ်မ(၇၇) အထိုင်ချနေသောနေရာ၊ တပ်မ (၁၁) အထိုင်ချနေသော ခဝဲဗျူဟာ၊ ကြိမ်ချောင်း (၂၄) စခန်းများမှနေ၍ ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ယခင်ရက်များအတွင်း ဂျက်တိုက်လေယာဉ်များဖြင့် ဤနေရာအား လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း မိမိတို့အနေဖြင့် အဆိုပါနေရာများကို အကောင်းဆုံး ထိန်းထားနိုင်ဆဲ ဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၁၉ ရက်ကလည်း  အေအေမှ စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက်၊ စကခ (၁၅) တပ်မဌာနချုပ်အား လက်နက်ကြီးများဖြင့် ပြန်လည်တုံ့ပြန် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အထိအခိုက်အကျဆုံးများကို မသိရသေးသော်လည်း တပ်မဌာနချုပ်အတွင်း၌ ထိမှန်ကျရောက်ခဲ့ကြောင်းဖြင့် ဖော်ပြထားသည်။

 စစ်ကောင်စီသည် ရခိုင်နှင့် ချင်းပြည်နယ်  ပလက်ဝဒေသများသို့ စစ်လက်နက်ခဲယမ်းများ အင်အားဖြည့်တင်းနေပြီး စစ်ရေးပြင်ဆင်မှုများ ဆက်တိုက် တိုးမြှင့်ပြုလုပ်နေသောကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ပါသည်ဟု ဖော်ပြထားသည်။

၎င်းပြင် ပလက်ဝဒေသ၌လည်း စစ်ကောင်စီသည် လက်နက်ကြီးများ၊ ဂျက်တိုက် လေယာဉ်များဖြင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ နေ့တိုင်းနီးပါးလာ ရောက်ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။ ထို့အပြင် စစ်ကောင်စီသည် စစ်သုံးဒရုန်းများ ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို မိမိတို့အားသာမက အရပ်ဖက်ပြည်သူများအား တိုက်ခိုက်ခြင်းကိုပါ ခပ်စိပ်စိပ် ပြုလုပ်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအပြီး နားလည်းမှုနှင့် အပစ်ရပ်ခဲ့သော တပ်မတော် နှင့် အေအေသည့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ပထမအပတ်က တစ်ကျော့ပြန်တိုက်ပွဲများ အပြင်းထန် ဖြစ်ပွားနေပြီး တိုက်ပွဲများအတွင်း အရပ်သား သေဆုံးမှုမှာ ၅၀ ကျော်ရှိသွားပြီဖြစ်ကာ ဒဏ်ရာရသူအရေအတွက်မှာ ၁၀၀ နီးပါး ရှိသွားပြီဟု သိရသည်။

Most read this week

January 8, 2025
စစ်ရေးတင်းမာလာနေသည့် ကျောက်ဖြူတွင် မြို့ပေါ်နေသူ ပြည်သူ ထက်ဝက်ခန့်မှာ စစ်ရှောင်သွားကြပြီး...
January 7, 2025
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ကို စစ်ကောင်စီမှ ဝင်ခွင့်ပိတ်လိုက်၍ အမ်း -...
လက်ရှိ စစ်ဘေးရှောင်စခန်းများတွင် အရေပြားရောဂါဖြစ်ပွားနေသူများအား တွေ့ရစဥ်။
January 6, 2025
ရခိုင်ပြည်မှ နေရာအတော်များများတွင် သောက်သုံးရေ မသန့်ရှင်းမှု၊ နေရာထိုင်ခင်း အဆင်မပြေမှု၊ ဆေးဝါး...
January 3, 2025
စစ်တွေထောင်က ပုသိမ်ထောင်ကို ရွှေ့ပြောင်းခံရသူများနှင့် ထောင်ဝင်စွာတွေ့ရန်ခက်ခဲနေသလို...