ရှမ်းပြည်တောင်ပိုင်းတွင် စစ်ကောင်စီ စခန်းနှစ်ခုကို ကရင်နီ ပူးပေါင်းတပ်များ တိုက်ခိုက် ဖျက်ဆီး

ရှမ်းပြည်တောင်ပိုင်းတွင် စစ်ကောင်စီ စခန်းနှစ်ခုကို ကရင်နီ ပူးပေါင်းတပ်များ တိုက်ခိုက် ဖျက်ဆီး

ရှမ်းပြည်နယ် လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ ရလလဖ ဗဟိုဌာနချုပ် နောင်ထောဝ်ဒေသရှိ စစ်ကောင်စီ၏ တပ်စခန်း ၂ ခု ကို တပြိုင်တည်း တိုက်ခိုက် ဖျက်ဆီးခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၅ နာရီ အချိန်ခန့်က နောင်ထောဝ်ဒေသ ရွာသစ်အရှေ့ဘက်ရှိ ပွန်ချောင်း တံ တားအဆင်းရှိ စစ်ကောင်စီတပ်၏ စခန်းနှင့် နောင်ထော် (ရွာသစ်) တောင်ဘက် ကလားလန်ကျေးရွာရှိ စစ် ကောင်စီစခန်းကုန်းတို့ကို ကရင်နီကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ဒေသခံတစ်ဦးက “စစ်တပ်ဘက်က အထိအခိုက်တော့ မကြားရဘူး။ နဂိုကတည်းကလည်း အင်အားမရှိတော့ စခန်းသိမ်းပွဲ သိပ်မကြာလိုက်ပါဘူး။ မနက် ၇ နာရီလောက်ဆို အသံတွေအကုန် ငြိမ်သွားတယ်“ ဟု ပြောသည်။

ထို့နေ့က နံနက် ၇ နာရီခန့်တွင် သေနတ်သံများ ငြိမ်သွားခဲ့သည်။ ဝင်တိုက်သူများသည် ပွန်ချောင်းအရှေ့ဘက်မှ လာ ရောက် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဆီဆိုင်မြို့နယ် အရှေ့တောင်ဘက် နောင်ထောဝ် ကျေးရွာရှိ စစ်ကောင်စီတပ်စခန်း ၂ ခုအား ညီညွတ်သော ရှမ်းတောင် ဖက်ဒရယ်တပ်ပေါင်းစု (United Southern Shan Federal Union- USSFU) မှ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

နောင်ထောဝ်ရွာကျေးရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို USSFU မဟာမိတ်တပ်ပေါင်းစုက တပ်ရင်း ၅ ရင်းဖြင့် စစ်ကြောင်း ၄ ကြောင်းခွဲကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အောင်မြင်စွာပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု USSFU အဖွဲ့ တာဝန်ရှိသူများက ပြောသည်။

USSFU မှ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက “ဒီမစ်ရှင်ကို ဖော်ဆောင်ဖို့ အချိန်စောင့်နေတာတော့ ကြာပါပြီ။ နောက်ထပ် မစ်ရှင်တွေအတွက် အဓိက စိန်ခေါ်မှုကတော့ လက်နက်ခဲယမ်း ရရှိရေးပေါ့။ လိုအပ်ချက်တွေတော့ များပါတယ်။ အသေးစိတ်ကတော့ စစ်ရေးအရ ပြောခွင့်မရှိလို့ပါ” ဟု ပြောသည်။

ညီညွတ်သော ရှမ်းတောင် ဖက်ဒရယ်တပ်ပေါင်းစုတွင် ရှမ်းတောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် SSPDF 1005, SSRY- 1008 တို့အပြင် အင်းလေး ပြည်သူ့ ကာကွယ်ရေး တပ်မတော် (IPDF), NUG PDF, ပအိုဝ့် အမျိုးသား ကာကွယ်ရေး တပ်မတော် (PNDF) စသည့် တပ်ရင်း၅ ခုဖြင့် ဖွဲ့စည်းထားသည် ဟု USSFU က  ပြောသည်။

နောင်ထောဝ် စခန်းသိမ်းစစ်ဆင်ရေးမှာ ၎င်းတို့ မဟာမိတ်တပ်များ ပူးပေါင်းစစ်ဆင်ရေး အနေဖြင့် ရှမ်းတောင် အတွက် ပထမဆုံးစစ်မျက်နှာဖွင့်ခြင်း ဖြစ်ပြီး ၎င်းတို့အနေဖြင့် အခြားတိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေခြင်း ကြောင့် စစ်ရေးဖော်ဆောင်ရန် ကြန့်ကြာနေခဲ့ခြင်းဖြစ်သည်ဟု USSFU က ပြောသည်။

USSFU အဖွဲ့က တိုက်ခိုက်ခဲ့သည့် အဆိုပါ စခန်းနှစ်ခုမှာ တောင်မြောက်တန်းနေပြီး ကားလမ်းအတိုင်းခြေလျင် သွားပါက အချိန် ၁ နာရီခွဲခန့် ခရီးရှိပြီး အဆိုပါ စခန်းများတွင် စစ်ကောင်စီတပ်က အင်အားအနည်းငယ်ခန့်သာ ရှိသည်ဟု ဆိုသည်။ အလားတူ PNO တပ်ဖွဲ့အချို့မှာလည်း မလှမ်းမကမ်းတွင် ရှိသည်ဟု ဒေသခံများ က ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေ့၊ နံနက် ၁၀ နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့အချို့ ကားတစ်စီးနှင့် ရောက်လာပြီး အဝင်အထွက်များကို ပိတ်ဆို့ စစ်ဆေးနေသည့်အပြင် လေယာဉ်တစ်စီးလည်း လှည့်ပတ်ပျံဝဲသွားလာနေသည်ဟု သိရသည်။

နောင်ထော်ဒေသသည် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ အရှေ့တောင်ဘက်ရှိပြီး ၁၉၉၄ ခုနှစ် ရလလဖ အဖွဲ့ အပစ်ခတ်ရပ်စဲရေးလုပ်ပြီးနောက် ဌာနချုပ်အခြေစိုက်ရာ ဒေသဖြစ်သည်။

လက်ရှိ ထိုဒေသက တိုက်ပွဲများကြောင့် နောင်ထော်ဒေသရှိ ရွာသစ်၊ ဈေးကုန်း၊ ကယန်းကုန်း၊ ဒုံကုန်း၊ မန်းတုံ၊ ကုလားလန်ကျေးရွာများက ရွာသား တစ်ထောင်ကျော်ခန့်သည် ဆီဆိုင်မြို့နှင့် တောင်ကြီးမြို့တို့ အထိ ထွက်ပြေး တိမ်းရှောင်သွားကြသည်ဟု သိရသည်။

ရှမ်း-ကယား (ကရင်နီ) နယ်စပ် အနီးတွင်ရှိသည့် နောင်ထော်ဒေသတွင် ယခင်လများကတည်းက ကရင်နီပြည် နယ်ထဲက စစ်ဘေးရှောင်များ လာခိုလှုံနေခဲ့ပြီး ယခုတိုက်ပွဲကြောင့် အဆိုပါ စစ်ဘေးရှောင်အချို့မှာ နောင်ထော် ဘုန်းကြီးကျောင်းတွင် ပြောင်းရွှေ့နေကြသည်ဟု သိရသည်။

နောင်ထော်၊ ကုလားလန်ကျေးရွာရှိ စစ်ကောင်စီတပ် စခန်းကုန်သည် ၂၀၀၂ ခုနှစ်၊ နအဖအစိုးလက်ထက်ကတည်း ရလလဖ ကို စစ်ရေးအရ ဖိအားပေးရန် လာရောက် စခန်းထိုင်နေသည့် စခန်းဖြစ်သည်ဟု သိရသည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...