ကင်းစောင့်သည့် ပြည်သူ့စစ်အဖွဲ့ ပစ်ခံရ၊ တစ်ဦး သေဆုံး

ကင်းစောင့်သည့် ပြည်သူ့စစ်အဖွဲ့ ပစ်ခံရ၊ တစ်ဦး သေဆုံး

ကျေးရွာတွင် ကင်းစောင့်နေသည့် ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ ရွာသစ်ပိုင်းလမ်းထိပ်တွင် ကင်းစောင့်နေသည့် ပြည်သူ့စစ်အဖွဲ့ကို အမည်မသိ သေနတ်သမား ၄ ဦး က ဆိုင်ကယ် ၂ စီးဖြင့် လာရောက် ပစ်ခတ်သွားခြင်းဖြစ်သည်။

"ကင်းစောင့်နေတဲ့ ပြည်သူ့စစ်တွေကို သေနတ်သမားတွေက လာပစ်သွားတယ်။ ပြည်သူ့စစ်ခေါင်းဆောင် ဦးအာ စိန်ကတော့ ပွဲချင်းပြီး သေသွားတယ်။ နောက်နှစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်” ဟု ကျွဲခြံ ဒေသခံ တစ် ဦးက ပြောသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးတက်နိုင် (ခ) ဦးအာစိန်ဆိုသူ အခင်းဖြစ်ပွားသည့် နေရာတွင်ပင် သေဆုံးသွားပြီး အဖွဲ့ဝင် ၂ ဦး ဖြစ်သည့် ဦးသန်းစိုးနှင့် ဦးစိုးသန်းတို့က ကျည်ထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

ဒဏ်ရာရရှိခဲ့သည့် ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေရပြီး ၁ ဦး မှာ အသက်အန္တရာယ် စိုးရိမ်နေရသည့်အခြေအနေတွင် ရှိနေသည်ဟုလည်း သိရသည်။

ကျွဲခြံကျေးရွာတွင် ကင်းစောင့်နေသည့် ပြည်သူ့စစ်အဖွဲ့ စက်တင်ဘာ ၆ ရက်နေ့၊ ည ၈ နာရီကျော်အချိန်ခန့်က ပစ်ခတ်ခံလိုက်ရခြင်း ဖြစ်သည်။

ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ခဲ့ရသည့်ဖြစ်စဥ်နှင့် ပတ်သက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း ရှာဖွေစစ် ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး အခင်းဖြစ်သည့် နေရာအနီးက ဒေသခံ အမျိုးသားတစ်ဦးကိုလည်း စစ်တပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာ ၃ ရက်နေ့တုန်းကလည်း ပေါင်မြို့မရဲစခန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့များက ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...