အာဏာသိမ်း ၁၈ လအတွင်း သတ်ဖြတ်ခံရသူ နှစ်ထောင့်သုံးရာ နီးပါးရှိပြီ

အာဏာသိမ်း ၁၈ လအတွင်း သတ်ဖြတ်ခံရသူ နှစ်ထောင့်သုံးရာ နီးပါးရှိပြီ
ဓါတ်ပုံ - Ko Nway Oo-Myaung
ဓါတ်ပုံ - Ko Nway Oo-Myaung

စစ်တပ်က အာဏာသိမ်းပြီး ၁၈ လတာအတွင်း နိုင်ငံတဝှမ်းတွင် စစ်ကောင်စီတပ်၏ အကြမ်းဖက်သတ် ဖြတ် ခံရမှုကြောင့် သေဆုံးသွားသည့် အပြစ်မဲ့ပြည်သူ ၂၂၆၁ ဦးရှိသွားပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့များ၏ အကြမ်းဖက်သတ်ဖြတ်မှုများထဲတွင် ရန်ကုန်နှင့် မန္တလေးက ကျဆုံးသူ အများဆုံးရှိခဲ့ ပြီး ဖမ်းဆီးခံရသူပေါင်းလည်း တစ်သောင်းကျော်ပြီဟု AAPP ၏ မှတ်တမ်းများက ဆိုသည်။

ဩဂုတ်လ ၃၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ နေထိုင်သည့် ဇီးကျွန်း ကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင် နှစ်ဦးဖြစ်သည့် ဦးခင်မောင်ဦးနှင့် ကိုကျော်စွာသိန်းတို့ သေဆုံးသွားခဲ့ပြီး အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က တာဝန်ရှိသူ တစ်ဦးက “စစ်အုပ်စုက ရွာ ထဲ ကို တစ်ဖက်သတ်၊ တမင်ပစ်တာ။ ဘာတိုက်ပွဲမှ ဖြစ်တာ မဟုတ်ဘူး။ ဒီသနပ်ကုန်းရွာဘက်ကနေ ဇီးကျွန်းရွာကို ပစ်တာ။ ဒီမှာ စစ်ရှောင်တွေရှိတယ်လေ။ အဲ့ဒါကို တမင်လှမ်းပစ်တာမျိုးပါ။ ပထမတစ်လုံးက ရွာက ဆေးခန်း နားကို ကျတယ်။ နောက်တစ်လုံးက ရွာလယ်ခေါင်ကို ကျတာ။ ရွာသားတွေက ရွာလယ်ခေါင်က ဘုန်းကြီး ကျောင်းမှာ နေနေကြတာ။ အဲ့မှာ ထိတာပဲဗျ” ဟု ပြောသည်။

အကြမ်းဖက်သတ်ဖြတ်ခံရမှုများ၊ ဖမ်းဆီးခံရမှုများအပြင် အာဏာစသိမ်းချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နေ့ မှ ၂၀၂၂ ခုနှစ် ဇူလိုင်လကုန်ထိ စစ်ကောင်စီတပ်၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံလိုက်ရသည် နေအိမ်၊ အဆောက်အဦ အရေအတွက်မှာ စုစုပေါင်း (၇၆၀) ခု sထက်မနည်းရှိခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

ထို့အတူ စစ် အာဏာသိမ်း ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ ကနေ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့အ ထိ ၁၈ လတာ ကာလအတွင်း နိုင်ငံတဝန်းလုံးတွင် လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲပေါင်း ၆,၆၇၈ ကြိမ်ထက် မနည်း ဖြစ် ပွားခဲ့သည်ဟု မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲများအနက် ကရင်ပြည်နယ်အတွင်း တိုက်ပွဲပေါင်း ၃,၉၉၃ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းထဲတွင် တိုက်ပွဲပေါင်း ၆၄၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု ISP-Myanmar ကထုတ်ပြန်သည်။

ထိုတိုက်ပွဲများနှင့် လက်နက်ကိုင်ပဋိပက္ခများအကြား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅ ရက်နေ့အထိ မီးရှို့ ဖျက်ဆီးခံရခြင်း၊ လက်နက်ကျည်ဆံများ ထိမှန်ပြီး ပျက်စီးဆုံးရှံးခဲ့ခြင်းနှင့် စစ်ကောင်စီ တပ် က တိုက်ပွဲမဖြစ်ဘဲ ဝင်ရောက်စီးနင်းကာ မီးရှို့ခဲ့မှုများကြောင့် ဆုံးရှုံးခဲ့ရသည့် နေအိမ်၊ အဆောက်အအုံ (ဘာသာ ရေးအဆောက်အအုံများ) ၂၈,၄၁၉ လုံးထက်မနည်း ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နေအိမ်နှင့် အဆောက်အဦများ မီးရှို့ခံရမှုမှာ စစ်ကိုင်းတိုင်းထဲတွင် အများဆုံးဖြစ်သည်။ စစ်ကိုင်းတိုင်းထဲတွင် နေ အိမ်နှင့် အဆောက်အဦပေါင်း ၂၀,၄၈၅ လုံးရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၇၂ ရာခိုင်နှုန်းကျော် ဖျက်ဆီးခံလိုက်ရ သည် ဟု ISP-Myanmar က ထုတ်ပြန်ထားသည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...