“အိန္ဒိယက မားမားမတ်မတ်ရပ်တည်ပေးတယ်ဆိုရင်တော့ တော်လှန်ရေးက အချန်တိုအတွင်းမှာ အောင်မြင်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်"

“အိန္ဒိယက မားမားမတ်မတ်ရပ်တည်ပေးတယ်ဆိုရင်တော့ တော်လှန်ရေးက အချန်တိုအတွင်းမှာ အောင်မြင်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်"

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ သူရဲ့အိမ်နီးချင်း မြန်မာနိုင်ငံမှာ စစ်တပ်က အရပ်သား အစိုးရထံကနေ မတရားအာဏာသိမ်းယူခဲ့ ပြီး စစ်အာဏာရှင်စနစ်ပြန်လည်ဖော်ဆောင်နေမှုအပေါ် ရေငုံနှုတ်ပိတ်နေခဲ့တဲ့ ဒီမိုကရေစီနိုင်ငံကြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပေါ်ပြီးနောက် စစ်ကောင်စီက အပစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက် သတ်ဖြတ်မှု၊ လူနေအိမ်မီးရှို့မှု စတဲ့ စစ်ရာဇဝတ်မှုတွေအကြိမ်ကြိမ်ကျူးလွန်မှုအပေါ် ကုလသမဂ္ဂ၊ အမေရိ ကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက အပြင်းအထန်ဝေဖန်ကန့်ကွက်နေကြသလို အရေးယူပိတ်ဆို့မှု တွေလည်း လုပ်ဆောင်နေတဲ့ ယနေ့လိုကာလမျိုးမှာ အိန္ဒိယအစိုးရကတော့ စစ်ကောင်စီနဲ့ ဖက်လဲတကင်းရှိ နေပြီး သံတမန်နည်းနဲ့ဖြစ်စေ စစ်ရေးအရဖြစ်စေကူညီထောက်ပံ့မှုတွေလုပ်ဆောင်နေတာတွေ့မြင့်နေရပါတယ်။

ဒီလိုအခြေနေမျိုးမှာ အိန္ဒိယအစိုးရအနေနဲ့ စစ်ကောင်စီကို သံတမန်းနည်းအရဖြစ်စေ စစ်ရေးအကူအညီပေး အပ်မှုတွေရပ်တန့်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ဖော်ဆောင်နိုင်ဖို့ တိုက်ပွဲဝင်နေကြတဲ့ ဒီမိုကရေစီအင် အားစုတွေကို အကူအညီတွေအပေးအပ်ဖို့ အိန္ဒိယနိုင်ငံထဲမှာ တောင်းဆိုလှုပ်ရှားမှုတွေလည်းရှိလာနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က မြန်မာနိုင်ငံကအရပ်ဖက်အဖွဲ့အစည်းပေါင်း (၁၈၀) ကျော်က လက်မှတ်ရေး ထိုးထားတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို အိန္ဒိယနိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့ အစည်း တွေကို ပေးအပ်ခဲ့ကြပါတယ်။ ဘာကြောင့်အခုလိုပေးအပ်ရတာပါလဲ။ အဓိက ဘာတွေတောင်းဆိုထားတာပါလဲ။ မြန်မာနိုင်ငံအပေါ် အိန္ဒိယရဲ့ရပ်တည်ချက်ကဘယ်လိုရှိပါသလဲ။ အိန္ဒိယဟာ မြန်မာ့တော်လှန်ရေး အောင်မြင်ဖို့ အတွက် ဘယ်လောက်ထိအရေးပါပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အဲဒီအိတ်ဖွင့် ပေးစာကို ဦးဆောင်ပေး အပ်ခဲ့တဲ့ India for Myanmar အဖွဲ့က ဦးဆောင်သူဆလိုင်းဒိုခါရ်ကို ဆက်သွယ်မေး မြန်းထားပါတယ်။

မေး။     ။ အိန္ဒိယနိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေထံ အိတ်ဖွင့်ပေးစာပေးအပ်ရတဲ့ ရည်ရွယ်ချက်ကို အရင်ဆုံးပြောပြစေလိုပါတယ်။

ဖြေ။     ။ အဓိက‌တော့ လက်ရှိအိန္ဒိယနိုင်ငံအစိုးရဟာ စစ်ကောင်စီကိုထောက်ခံနေတဲ့ တစ်ခုတည်းသော ဒီမိုကရေစီနိုင်ငံဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသောအိမ်နီးချင်း ဒီမိုကရေစီနိုင်ငံလည်းဖြစ်တယ်၊ ဒါပေမယ့် လက်ရှိသူတို့ရဲ့ ရပ်တည်ချက်က စကစ နင့် ပူးပေါင်းပြီးတော့မှ ကျွန်တော်တို့တော်လှန်ရေးအင်အားစု ကို လုံးဝလျစ်လျူရှုနေတယ်တောက်လျှောက်ပဲ၊ အခုလောလောလတ်လတ်မှာတောင်မှ သူတို့သံအမတ်ကြီး တွေက စကစ တာဝန်ရှိသူတွေကို သွားတွေ့တဲ့ဟာတွေတောင်ထပ်ရှိလာတယ်။ ဆိုတော့ ဒါမျိုးတွေကို ကျွန်ပ်တို့အနေနဲ့ အိန္ဒိယအစိုးရကို တိုက်ရိုက်ပြောနေရင်လည်း သူတို့ကဘယ်တုန်းကမှနားမထောင်ခဲ့ဘူး၊ သူတို့နားထဲမဝင်ဘူး။

ဒါကြောင့် အိန္ဒိယနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် သူ့နိုင်ငံမှာနေထိုင်တဲ့ပြည်သူတွေထံကနေ အကူညီရတယ်ဆိုရင် သူတို့ရဲ့အကူညီနဲ့ အိန္ဒိယအစိုးရကိုဖိအားပေးမယ်ဆိုရင် လက်ရှိအိန္ဒိယအစိုးရလည်း ရက်တည်ချက်အပြောင်းအလဲရှိမယ်လားဆိုတဲ့မျော်လင့်ချက်နဲ့ လုပ်ဆောင်ကြတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူကနေပေါက်ပွားလာတဲ့ အိန္ဒိယနိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့စည်းတွေကို ကျွန်ပ်တို့ အကူညီတောင်းတဲ့ပုံစံနဲ့တောင်းဆိုရတာဖြစ်ပါတယ်။

မေး။     ။ အဓိက ဘာအကြောင်းအရာကိုတောင်းဆိုခဲ့ကြလဲ။

ဖြေ။     ။ အဓိက ကျွန်ပ်တို့တောင်းဆိုတာ အချက်လေးချက်ပါပါတယ်၊ ပထမ အချက်ကတော့ အိန္ဒိယနိုင်ငံ ပြည်သူများအနေနင့် မြန်မာနိုင်ငံပြည်သူတွေနဲ့ အတူရပ်တည်ပေးဖို့၊ ဒုတိယ ချက်အနေနဲ့ အိန္ဒိယစိုးရအနေနဲ့ စစ်ကောင်စီကို သံတမန်ရေးအရ အသိမှတ်ပြုနေတဲ့ဟာ၊ နောက်ပြီးတော့မှ လက်နက်တွေ ပံ့ပို့ပေးနေတဲ့ဟာ တွေကို ရပ်တန့်ပေးဖို့ ဖိအားပေး ပေးဖို့ဆိုတဲ့ဟာ။ နောက် တတိယ အချက်အနေနဲ့ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှု လုပ်ဆောင်ပေးဖို့ဆိုတဲ့ဟာရယ်၊ စတုတ္ထ အချက်ကတော့ ဘာလဲဆိုရင် လူသားချင်းစာနာ ထောက်ထားမှုကို အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပံ့ပို့ပေးဖို့ဆိုတဲ့ အချက်လေးချက်ကို တောင်းဆိုထားပါတယ်။

မေး။     ။အိန္ဒိယရဲ့ မြန်မာ့ဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီး ရပ်တည်ချက်အပေါ် ဆရာ့ရဲ့အမြင်သိချင်ပါတယ်။

ဖြေ။     ။အဓိကတာ့ အန္ဒိယရဲ့ လက်ရှိ မြန်မာ့ဒီမိုကရေစီလုပ်ရှားမှုအပေါ်ရပ်တည်ချက်ကိုတော့ လုံးဝအားရမှု မရှိဘူး၊ အားရမှုမရှိတာကြောင့် အိန္ဒိယနိုင်ငံမှာရှိတဲ့ အရပ်ဖက်လူမှုအဖွဲ့စည်းတွေနဲ့ နိုင်ငံရေးပါတီကို အကူညီတောင်ပြီးတော့မှ သူတို့အစိုးရကို ဖိအားပေး ပေးဖို့ဆိုတဲ့တောင်းဆိုချက်ကို ကျွန်ပ်တို့လုပ်ရတာဖြစ်တ ယ်။ ဆိုတော့ ပြန်ချုပ်ရရင် လက်ရှိအိန္ဒိယနိုင်ငံရဲ့ ရပ်တည်ချက်ဟာ အင်မတန်စိတ်ပျက်စရာကောင်းတဲ့ အနေထားဖြစ်တယ်။ စစ်ကောင်စီ လုပ်သမျှကို ထောက်ခံအားပေးနေတဲ့ပုံစံဖြစ်တယ်၊ ကျွန်ပ်တို့ ဒီမိုကရေစီ တိုက်ပွဲဝင်နေတဲ့ပြည်သူတွေဘက်ဆိုရင်တော့ အသံတစ်ခါမှ မထွက်ဖူးဘူးလို့တောင်ပြောလို့ရတယ်။

မေး။     ။ အိန္ဒိယနိုင်ငံဟာ ယခုလက်ရှိ တော်လှန်ရေးအတွက် ဘယ်လောက်ထိအရေးပါလဲ။

ဖြေ။     ။ အိန္ဒိယက ရှင်းရှင်းပြောမယ်ဆိုရင် တော်လှန်ရေးအတွက်ဆိုရင် မြန်မာနိုင်ငံအတွက် အရေးပါဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အိန္ဒိယနိုင်ငံက ကျွန်ပ်တို့မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ဒီမိုကေ ရစီနိင်ငံ တစ်နိုင်ငံဖြစ်သလို နယ်နိမိတ်ချင်းထိစပ်တဲ့နိုင်ငံဖြစ်တဲ့အခါကြတော့ နိုင်ငံရေးခိုလုံမှုသော်လည်း ကောင်း၊ နောက်ပြီးမှ တစ်ဖက်တစ်လမ်းအနေနင့် ဒီလက်နက်ကိုင်တော်လှန်ရေး လုပ်နေတဲ့သူတွေအတွက် လက်နက်ရှာဖွေရေးပိုင်းမှာလည်း တကယ်လို့သာ အိန္ဒိယဘက်ကနေလည်း မားမားမတ်မတ် ကျွန်ပ်တို့နင့် ရပ်တည်ပေးမယ်ဆိုရင်တော့ လက်နက်စုဆောင်းရတာလည်း အင်မတန်မှ ပိုလွယ်တဲ့အနေအထားဖြစ်တယ် ဆိုတော့ ကျွန်တော်အနေနင့် သုံးသပ်ချင်တာက မြေပြင်တော်လှန်ရေးအတွက်ဆိုရင် အိန္ဒိယနိုင်ငံဟာ အရေးပါဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တယ်ဆိုတဲ့ဟာပဲပြောချင်တယ်။ တစ်ခြား သံတမန်နည်းလမ်းနင့်ဆိုရင် US နင့် EU တို့ အရေးတော့ကြီးတယ် ဒါပေမဲ့ မြေပြင်တော်လှန်ရေးကို အိန္ဒိယက မားမားမတ်မတ်ရပ်တည်ပေး တယ်ဆိုရင်တော့ တော်လှန်ရေးက အချန်တိုတွင်းမှာ အောင်မြင်နိုင်လိမ့်မယ်လို့လည်းကျွန်တော် ယုံကြည်တယ်။

မေး။     ။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက် အိန္ဒိယက ဘာတွေလုပ်ပေးနိုင်လဲ။

ဖြေ။     ။ ဒီမြေပြင်တော်လှန်ရေးအင်အားစုတွေ ကူညီမှုတွေ လုပ်ပေးနိုင်တယ်၊ လူသားစာနာထောက်ထားမှု တွေပေးနိုင်တယ် နောက်ပြီးတော့မှ အိန္ဒိယနိုင်ငံဟာမျိုးတွေမှာ ကျွန်ပ်တို့တွေ ရုံးစိုက်ခွင့်ပေးပြီးမှ ဒီမြန်မာနိုင်ငံ တော်လှန်ရေးကိုအရှန်မြင့်တင်အောင် လုပ်ပေးနိုင်ပါတယ်။ အများကြီးပါပဲ အိန္ဒိယကသာ လက်ရှိအချိန်မှာ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေ ဘက်ကနေ ပါပေးတယ်ဆိုရင်တော့ အိန္ဒိယဟာ ပထဝီ ရေမြေအနေအထားအရသော်လည်းကောင်း၊ သူတို့ရဲ့ ကြီးမားတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်မှုအပေါ်အခြေခံပြီးတော့ ကျွန်ပ်တို့ မြန်မာနိင်ငံ မြေပြင်တော်လှန်ရေးကိုတော့ အိန္ဒိယ‌လောက် ကူညီပေးနိုင်တဲ့နိုင်ငံ ကျွန်ပ်တို့မှာ မရှိပါဘူးလို့ပဲ ကျွန်တော်ပြောချင်တယ်။

မေး။     ။ အိန္ဒိယနဲ့ စစ်ကောင်စီအကြားလက်ရှိဆက်ဆံရေးအခြေအနေပေါ်မှာကော် ဆရာ့အမြင်သိချင်ပါတယ်။

ဖြေ။     ။ အိန္ဒိယ - မြန်မာဆက်ဆံရေးက တရုတ်နဲ့ မြန်မာဆက်ဆံရေးလိုပဲ အရမ်းကိုနီးကပ်လွန်းတဲ့ ဆက်ဆံရေးဖြစ်တယ်။ ကျွန်တော့အမြင်ပြောမယ်ဆိုရင်တော့ လက်ရှိတော်လှန်ရေး အာဏာသိမ်းမှု ပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်းမှာဆိုရင်တော့ အိန္ဒိယ နဲ့ စကစ ဆက်ဆံရေးဟာ တရုတ် နဲ့ စကစ ဆက်ဆံရေးထက်တောင်ပိုပြီးတော့မှ ကောင်းနေတဲ့ အခြေနေပုံစံမျိုးဖြစ်နေတယ်။ မြေပြင်မှာဆိုရင်တော့ ဥပမာ သံတမန်ရေးအရ စကစကို တရားဝင်မှုပေးတာမျိုး၊ သံအမတ်ကြီးတွေ ခန့်အပ်လွှာတွေပေးတာတို့ နောက်ပြီးတော့မှ စကစကို သူတို့ သံအမတ်ကြီးတွေက မကြာခဏတွေ့တာတို့ နောက်ပြီးမှ ရွေးကောက်ပွဲဟာမျိုးကို ထောက်ခံမှုပေးတယ်ဆိုတဲ့ဟာမျိုးတွေ သူတို့တစိုက်မတ်မတ်လုပ်တယ်။

နောက်ပြီးမှ လူသားချင်းစာနာထောက်ထားမှုလုပ်သမျှဆိုရင် စကစကနေ တဆင့်လုပ်တယ်။ ဆိုတော့ လက်ရှိ အနေနဲ့ဆိုရင် အိန္ဒိယ နဲ့  မြန်မာနိုင်ငံဆက်ဆံရေးဟာ အင်မတန်မှ သံတမန်ရေးအရ အိန္ဒိယက ကူညီပေးတဲ့ ဟာရှိတယ်။ နောက် ဒုတိယအချက်အနေနင့် ဘာလဲဆိုတော့ အိန္ဒိယအစိုးရအနေနင့် စကစကို စစ်လက်နက်တွေ ပုံမှန်ရောင်းနေတဲ့ဟာတွေရှိနေတယ်။ ဆိုတော့ ပြန်ချုပ်ပြောရရင် အိန္ဒိယက စစ်တပ်ကို သံတမန်ရေးအရရော လက်နက်ပံ့ပို့ပေးမှုအရကော အခုချိန်မှာ အာဏာသိမ်းမှုပေါ်ပေါက်ပြီးတဲ့နောက်ပိုင်း အများဆုံး စကစကို ကူညီတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။

မေး။     ။ စစ်ရာဇဝတ်မှုတွေကျူူးလွန်နေတဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေးကောင်းမွန်သလို စစ်ကောင်စီဘက်ကို ဘာကြောင့် အိန္ဒိယက ရပ်တည်နေရတာပါလဲ။

ဖြေ။     ။ အဓိကတော့လက်ရှိ အိန္ဒိယရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ ဆိုင်ပါတယ်၊ နိုင်ငံခြားရေးမူဝါဒ ဆိုတာက အခုအိန္ဒိယက ကြားနေမူဝါဒကို ကိုင်ဆွဲထားတဲ့ပုံစံနဲ့ သူတို့ ချဉ်းကပ်တယ်၊ ဥပမာ ရာရှားကိစ္စဟာမျိုး ဆိုရင်လည်း သူကကြားနေပဲ၊ မဲလည်းမပေးဘူး။ စစ်ကောင်စီနဲ့ ပတ်သက်ပြီး UN မှာ မဲပေးတဲ့နေရာမျိုးမှာ ဆိုရင်လည်း အိန္ဒိယက ကြားနေပုံစံမျိုးဖြစ်နေတယ်။ ဒါပေမဲ့ လက်ရှိအခြေနေအရ အိန္ဒိယနိုင်ငံရဲ့ စကစကို ကူညီမှုတွေက  ကြားနေတဲ့မှုဟုတ်လားဆိုရင်လည်း မဟုတ်ပြန်ဘူး၊ မြန်မာနိုင်ငံပြည်သူတွေကို ဘေးဖယ်ပြီး တော့မှ စကစနင့်နီးကပ်နေတယ်ဆိုတော့ ကျွန်တော့်အမြင်ကတော့ အိန္ဒိယအနေနင့် စကစ ကို တရုတ်နဲ့ အပြိုင်ဖားပြီး‌တော့မှ မြန်မာနိုင်ငံရဲ့ အာဏာရအစိုးရကို လွမ်းမိုးနိုင်ရေးမူကို  ချဉ်းကပ်နေတဲ့ပုံစံမျိုးဖြစ်နေ တယ်။ တရုတ်က အိန္ဒိယနဲ့ တကယ့်ပြိုင်ဘက်နိုင်ငံတွေဖြစ်တော့ မြန်မာနိုင်ငံတွေအနေနဲ့လည်း နယ်နမိတ်ခြင်း ထိစပ်တဲ့ နိုင်ငံဖြစ်နေတဲ့အခါကြတော့ သူတို့က စကစကို ကူညီပံ့ပိုးပြီးတော့မှ သူတို့နဲ့ နီးစပ်အောင်လုပ်ပြီး တော့မှ မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံရေးသြဇာတည်ဆောက်နိုင်အောင် သူတို့ကြိုး စားနေကြတယ်လို့ ကျွန်တော်သုံးသပ်ချင်တယ်။

မေး။     ။ ခုဆိုရင် စစ်ဘေးရှောင်သောင်းနဲ့ချီပြီး အိန္ဒိယ မီဇိုရမ်ဘက်ကိုရောက်ရှိနေကြတယ်။ဒီအပေါ်မှာ အိန္ဒိယအစိုးရက အကူညီပေးတာတွေမတွေ့ရဘူး။ ဒီအပေါ်မှာကော် ဘယ်လိုသုံးသပ်ချင်ပါလဲ။

ဖြေ။     ။ အဓိကတော့ အိန္ဒိက သူတို့နိုင်ငံသားတွေတောင်မှ ငတ်ပြတ်နေတဲ့ဟာတွေ အများကြီးရှိတယ်။ နောက်ပြီးတော့မှ တစ်ခြားနိုင်ငံ ဘင်္ဂလားဒေ့ရှ် ဘက်ကလူတွေပဲဖြစ်ဖြစ်၊  ပါကစ္စတန် ဘက်ကလူတွေပဲဖြစ်ဖြစ် သူတို့နိုင်ငံမှာ လာခိုလုံနေတဲ့ လူတွေအများကြီးရှိနေတယ်။ ဆိုတဲ့အခါကြတော့ သူတို့အနေနင့် မြန်မာနိုင်ငံဘက်ကနေပြေးလာတဲ့သူတွေကို ကူညီတယ်ဆိုရင်၊ ကျန်တဲ့ နိုင်ငံကနေလာတဲ့သူတွေလည်း တောင်းဆိုလာကြမှာကို သူတို့စိုးရိမ်ပုံရတယ်လို့ ကျွန်တော်ယူဆတယ်။ နောက်ပြီးကြတော့ သူတို့အနေနင့် အမြဲတမ်း နိုင်ငံတကာမှာ အကြောင်းပြနေတဲ့ဟာက ကျွန်တော်တို့နိုင်ငံမှာ refugee မရှိဘူး ဆိုတဲ့ဟာတွေေ ပြာပြောနေတာကြောင့်၊ refugee မရှိဘူးဆိုတဲ့ဟာကို ပြသချင်တဲ့အနေနင့် သူ့နိုင်ငံထဲဝင်လာတဲ့သူတွေကို  မသိသလိုမျိုးပြုတယ်လို့ ကျွန်တော် ယူဆတယ်။

မေး။     ။ ဆရာတို့အဖွဲ့အနေနဲ့ ရှေ့ဆက်ဘာတွေလုပ်သွားဖို့ရှိလဲ။

ဖြေ။     ။ ကျွန်တော်တို့ ဒီအိတ်ဖွင့်စာပေးတဲ့ဟာကကြတော့ တောက်လျှောက် အရပ်ဖက်လူမှုအဖွဲ့ အစည်းတွေ၊ နိုင်ငံရေးပါတီတွေ အကုန်လုံး လက်ထဲ‌ရောက်တဲ့အထိ ဆက်လက်ပြီးတော့မှပိုနေမယ်။ အခုလည်းပို့နေတယ်။ နောက် ဒုတိယ အချက်အနေနဲ့ လစဉ် ဆန္ဒဖော်ထုတ်နိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေတယ်။ ကျွန်ပ်တို့ ဒီအိတ်ဖွင့်စာနဲ့တွဲပြီးတော့မှ ပို့တဲ့ ကာတွန်းစာအုပ်လေးတွေရှိတယ်၊ နောက်ပြီးမှ လက်ကမ်းစာဆောင်ရှိတယ် အဲ့ဒီဟာတွေကို ကျွန်ပ်တို့ ဆက်လက်ဖြန့်သွားဖို့ရှိတယ်။  လက်ကမ်းစာ စောင် ကတော့ ကာတွန်စာအုပ်လေးနဲ့အခုအိတ်ဖွင့်စာနဲ့တွဲပြီးမှပို့နေတယ်။ နောက်ပိုင်းကြ သီးသန့် ပုံနှိပ်ထုတ်ပြီးမှ တက္ကသိုလ်ကျောင်းတွေ၊ အဓိကအားဖြင့် လူငယ်ပိုင်း တက္ကသိုလ်ကျောင်းသား/သူကို ဦးတည်ပြီးတော့မှ ဖြန့်သွားဖို့ရှိတယ်။

မေး။     ။ တခြားဘာများဖြည့်စွပ်ပြောချင်တာရှိလဲ။

ဖြေ။     ။ အဓိက နောက်ဆုံးအနေနင့်ပြောချင်တာက မြန်မာနိုင်ငံသားတွေ၊ တော်လှန်ရေးအင်အားစုတွေ အားလုံးအနေနင့် ဖိအားပေးတဲ့နေရာမှာ ငွေအား၊ လူအားနဲ့ ကျွန်ပ်တို့ လှုပ်ရှားမှု လုပ်နေတဲ့သူတွေကို ကူညီပံ့ပို့ပေးကြဖို့တောင်းဆိုချင်တယ်။ ဘာဖြစ်လို့လဲ ဆိုရင်တော့ လက်တွေ့မြေပြင်တော်လှန်ရေးမှာ ဆိုရင်တော့ အိန္ဒိယကသာလျှင် ကျွန်ပ်တို့အတွက် အဓိက ခွန်အားဖြစ်စေမှာဖြစ်ပါတယ်။ အိန္ဒိယက ကျွန်ပ်တို့တော်လှန်ရေးအင်အားစုတွေနဲ့ ရပ်တည်လာပြီဆိုရင်တော့ ကျွန်ပ်တို့တော်လှန်‌ရေးဟာ အင်မတန်မှ အားရစရာကောင်းမှာဖြစ်ပါတယ်။ အနောက်နိုင်ငံတွေက သံတမန်ရေးအရသော်လည်းကောင်း  ကြိုးစားကူညီမှုတွေက တော်တော်လေးထိရောက်မှုရှိသော်ငြားလည်း အိန္ဒိယက ကူညီလာတယ်ဆိုရင် မြေပြင်တော်လှန်ရေး လုပ်နေတဲ့သူတွေအတွက် အင်မတန်မှ အကျိုးရှိလာမှာဖြစ်တာကြောင့် အိန္ဒိယနိုင်ငံကို ဖိအားပေးတဲ့နေရာမှာ တော်လှန်ရေးအင်အားစုတိုင်း၊ ပြည်သူတိုင်း ပူးပေါင်းပါဝင်ပေးကြဖို့ ကျွန်တော်ဖိတ် ခေါ်ချင်ပါတယ်။

November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...