ဝိုင်းမော်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် ၊ အရပ်သား ပျောက်ဆုံးမှုရှိ

ဝိုင်းမော်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် ၊ အရပ်သား ပျောက်ဆုံးမှုရှိ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုအပြင် အရပ် သား ပြည်သူ ပျောက်ဆုံးမှုပါ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

စစ်ရေးတင်းမာနေသည့် ဝိုင်းမော်မြို့နယ်၊ နန်ဇော်ကျေးရွာအတွင်း ဇူလိုင်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီ၏ ခလရ ၅၈ တပ်ရင်းဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် အမျိုးသားတစ်ဦးလည်း ပျောက်ဆုံးသွားသည့်အတွက် ဒေသခံပြည်သူများ စိုးရိမ်ကြောက်ရွံ့နေကြသည်။

ဒေသခံ တစ်ဦး က “ပျောက်တဲ့လူက ကျနော်တို့ရွာကတော့ မဟုတ်ဘူးနော်။ ဒီဂေါ်ဆက်ယန်က ဟုတ်တယ်။ နှစ်ရက် သုံးရက်ရှိပြီပြောတယ်။ လယ်ကိုသွားရင်းနဲ့ ပျောက်နေတာ။ ဒီရက်ပိုင်းက နန်ဇော်ဘက်မှာ တိုက်ပွဲ ဖြစ်ပြီး ကတည်းက အားလုံးက စိုးရိမ်နေကြတာတော့ရှိတယ်။ မနေ့ကလည်း ရင်း ၅၈ က လက်နက်ကြီးတွေနဲ့ ပစ် အဲ့လိုမျိုးဆိုတော့ စိုးရိမ်ကြတာပေါ့” ဟု ပြောသည်။

ပျောက်ဆုံးနေသည့် အမျိုးသားမှာ ဝါးရှောင်ကျေးရွာအုပ်စုအတွင်းရှိ ဂေါ်ဆက်ယန်ကျေးရွာက ဖြစ်ပြီး ၃ ရက်နေ့ မြောက်အထိ အဆက်အသွယ် မရသေးသည့်အတွက် ၎င်း၏ မိသားစုဝင်များကလည်း စိုးရိမ်နေကြ သည်ဟု သိရသည်။

ထို့အပြင် ဝိုင်းမော် အခြေစိုက် စစ်ကောင်စီ၏ ခလရ ၅၈ တပ်ရင်းမှ ဇူလိုင်လ ၁၉ ရက်နေ့ (ယမန်နေ့) က လက် နက် ကြီးများ ပစ်ခတ်ခဲ့သည့်အတွက် အနီးအနားက ရွာသားများမှာ စိုးရိမ်ပြီး စစ်ဘေးရှောင်ရန်ပင် အထုပ်အပိုး များပင် ပြင်ဆင်ထားကြသည်ဟု ဒေသခံများက ပြောသည်။

ခလရ ၅၈ တပ်ရင်းက နန်ဇော်ယန်ကျေးရွာဘက်သို့ ယမန်နေ့ နံနက်ပိုင်း ၉ နာရီခန့်မှ နေ့လည်ပိုင်း အချိန်ထိ  လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု တပ်ရင်းနှင့်ကပ်လျက်ရှိသည့် မဒိန်ကျေးရွာမှ အမျိုးသမီး တစ်ဦး ကပြောသည်။

“ကျမတို့တောင် အထုပ်အပိုး ပြင်ဆင်ထားရတယ်။ ၅၈ တပ်ရင်းဘက်ကနေ နန်ဇော်ယန်ဘက်ကို ပစ်တာ ဟုတ် တယ်။ ဒီနေ့လည်း လေးငါးချက်လောက်ရှိပြီ ကြားရတာ။ နေ့တိုင်းလိုလိုပဲ ဒီတလောက။ ဘယ်ကို သွားရမယ် ဆို တာစီစဉ်ထားတာ မရှိသေးဘူး။ တကယ်လို့များ ဖြစ်ခဲ့ပြီဆိုရင်တော့ ဘုရားကျောင်းကိုပဲ အရင်သွားရမယ် ထင်တယ်” ဟု မဒိန်ကျေးရွာမှ အမျိုးသမီးတစ်ဦး က ပြောသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက နန်ဇော်ယန်ကျေးရွာအနီးရှိ KIA တပ်ရင်း - ၃ နေရာဘက်သို့ စစ်ကောင်စီ တပ်နှင့် လီဆူပြည်သူ့စစ်အဖွဲ့ကနေ ဇူလိုင်လ ၁ဝ ရက်ကစပြီး ထိုးစစ်ဆင်မှုများရှိခဲ့သည့်နောက် ယနေ့အချိန်ထိ ခလရ ၅၈ တပ်ရင်းကလည်း ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်ဟု သိရသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်ထဲက ဝိုင်းမော်(နန်ဇော်ယန်)၊ ဖားကန့် (ဆယ်ဇင်း)နှင့် တနိုင်းမြို့ နယ်ထဲက KIA တပ်ရင်း ၁၄ ရှိရာ နေရာအနီးတဝိုက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တပ်ဖွဲ့ ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ထိုတိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများတွင် စစ်ကောင်စီတပ်က ကုန်ကြောင်းအပြင် လေကြောင်းဖြင့် ထိုးစစ်ဆင် မှုများ ရှိနေသည်ဟု သိရသည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...