နေ့စား/လရှင်း ဝန်ထမ်းများဖြင့် ၂၀၂၃ ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင် စစ်ဆေးခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေဟုဆို

နေ့စား/လရှင်း ဝန်ထမ်းများဖြင့် ၂၀၂၃ ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင် စစ်ဆေးခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေဟုဆို

လာမည့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီမှကျင်းပပေးမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်း (အခြေခံလူဦးရေစာရင်း) မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသင်တန်းကျောင်းနှင့် သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစင်တာတို့ တွင် အခြေစိုက်စခန်းနှစ်ခုဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ မဲစာရင်းမြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းအတွက် ဝန်ထမ်းများကို တစ်နေ့လျှင် ၄၈၀၀ ကျပ်နှုန်း ဖြင့် ကိုယ့်စားရိတ်ကိုယ်စား နေ့စား/လရှင်း ပုံစံဖြင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တို့မှ ဝန်ထမ်းများကိုခေါ်ယူခန့်ထားပြီး လုပ်ဆောင်နေသည်ဟုလည်း သိရသည်။

“ ကလေးမလေးတွေက သနားဖို့ကောင်းပါတယ်။ သူတို့က နယ်ကနေရောက်လာပြီး ဝန်ထမ်းလုပ်ရမယ် ဆိုပြီး လာကြတာပေါ့နော်။ Permanent တော့မခန့်သေးဘူး။ တစ်နေ့ကို ၄၈၀၀ ကျပ်ပေးတယ်။ ကိုယ့် ထမင်းကိုယ် ချက်စားကြရတာ။ ဘယ်လို လောက်မှာလဲ။ အပြင်လည်း မထွက်ရကြဘူး။ တချို့ကလေးမလေးတွေ ဆိုရင် သုံးလကျော်နေပြီ ဒီဝန်းထဲမှာပဲနေရတယ်” ဟု သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးစင်တာ အနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

ရွေးကောက်ပွဲကော်မရှင်မှ မဲစာရင်းများမှန်ကန်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ပုံစံ(၆၆/၆) လူဦးရေစာရင်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်ကွက်/ ကျေးရွာ များအတွင်း အမှန်တကယ်နေထိုင်သူ၊ မြေပြင်လူဦးရေစာရင်းများဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ မြို့နယ် များရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၌ သေဆုံးသူ၊ ပြောင်းရွေ့ဝင်ရောက်သူ၊ ထွက်ခွာသူ၊ အသက် (၁၈) နှစ်ပြည့် (သို့မဟုတ်) သတ်မှတ်အရည်အချင်းပြည့်မီသဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပြီးသူများ အင်အား တိုး/လျော့ပြောင်းလဲမှုအခြေအနေများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ အနေ ဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးများနှင့် လစဉ်စာရင်း တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်းလည်း သိရသည်။

“ အခုဆိုရင် ရာအိမ်မှုးတွေလည်းမနားရတော့ဘူး။ တချို့ဆိုရင် တော်တော်လေးစိတ်ပျက်နေကြတယ် ။ နုတ်ထွက်ချင်နေကြတယ်။ ထွက်လို့လည်း မရကြဘူး၊ဖြစ်နေတယ်။ ထွက်ချင်ရင် ရာအိမ်မှူးလုပ်မဲ့သူ တစ်ယောက်ကိုခေါ်လာခဲ့ဆိုတော့ ဒီကာလမှာ ဘယ်သူက ရာအိမ်မှူးလုပ်ချင်မှာလဲ။ ဘာလို့လဲဆိုတော့ နေ့တိုင်း အဲဒီစင်တာကိုသွားပြီး ကွန်ပျူတာတစ်လုံး၊ ဝန်ထမ်းတစ်ဦးနဲ့ ကိုယ့်အပိုင်းအလိုက် သွားပြီးစစ် ဆေးပေးရတာလေ။ အဲဒီမှာ ဝန်ထမ်းကောင်မလေးတွေကလည်း ညည်းညူနေကြတယ်။ သူတို့ ထင် တာတစ်မျိုး အခုလုပ်နေရတာတမျိုး ဖြစ်နေတယ်ဆိုပြီးလေ” ဟု ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှ အိမ်မှူးတစ်ဦးကဆိုသည်။

လက်ရှိတွင် မဲစာရင်း (အခြေခံလူဦးရေစာရင်း) မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အစီအစဉ်ဖြင့် အနယ်နယ်အရပ်ရပ်မှ ကော်မရှင်ဝန်ထမ်းများနှင့်အတူ နေ့စား လရှင်းဝန်ထမ်းအင်အား ၁၉၄ ဦးတို့ဖြင့်ဆောင်ရွက်လျက်ရှိနေသည်ဟုသိရသည်။

Most read this week

November 28, 2024
စစ်အာဏာရှင်အစိုးရများသတ်မှတ်ခဲ့သည့် ကချင်အထူးဒေသ(၁)သတ်မှတ်ချက်ကို ဖျက်သိမ်းပြီး ဌာ‌...
ဖာပွန်မြို့သိမ်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံအချို့ (ဓါတ်ပုံ- KNU- Mutraw News) (ပုံဟောင်းဖြစ်ပါသည်)
November 27, 2024
ကရင်ပြည်နယ်၊ ဖာပွန်-ကမမောင်းလမ်းတလျှောက် စစ်ကောင်စီကစစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ...
၂၀၂၁ ခုနှစ်အတွင်း RCSS နှင့် SSPP အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရန် ရှမ်းပြည်လူငယ်များ ဆန္ဒပြပုံ။
November 27, 2024
ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် SSPPနှင့် RCSS သည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊...
“ဝ” မြို့တော် ပန်ဆန်း၌ ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် UWSA “ဝ” တပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ- AFP)
November 26, 2024
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်း ကိုးခုကို ဖယ်ရှားရန် ထိုင်းဘက်က...