ဆန္ဒပြသူ တစ်ဦးကို သဘာဝဘေး စီမံ ဥပဒေ ဖြင့် ထောင်နှစ်နှစ် ချမှတ်

ဆန္ဒပြသူ တစ်ဦးကို သဘာဝဘေး စီမံ ဥပဒေ ဖြင့် ထောင်နှစ်နှစ် ချမှတ်

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင် စစ်တပ် အာဏာသိမ်းမှုကို အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြသဖြင့် ဖမ်းဆီးခံထားရသူ ကိုစည်သူအောင်ကို သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅ ဖြင့် ထောင်တွင်း တရား ရုံးမှ ထောင်ဒဏ် နှစ်နှစ်ချလိုက်သည်ဟု ရှေ့နေတစ်ဦးက ပြောသည်။

စစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သည်ဟုဆိုကာ စစ်ကောင်စီက ဝရမ်း ထုတ်ပြီး လိုက်လံဖမ်းဆီးခြင်းခံခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် ၉လ အကြာတွင် ယ ခုကဲ့သို့ အမိန့်ချလိုက်ခြင်း ဖြစ်သည်။

“အခုက စစ်တပ် ဆန့်ကျင်ရေး ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေမှာ ပါတယ်လို့ စွဲချက်တင်ပြီး အမိန်ချလိုက်တာ နောက်အမှုတွေလည်း ကျန်သေးတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရှေ့နေတစ်ဦး က ပြောသည်။

ကိုစည်သူအောင် ကို ဇွန်လ ၈ ရက်နေ့က ထောင်ဒဏ် ၂ နှစ်ချလိုက်ခြင်းဖြစ်သည် ဟု သိရသည်။

စစ်ကောင်စီက ကိုစည်သူအောင်ကို ပုဒ်မ ၅၀၅-က၊ လူသတ်မှု၊ မတရားအသင်းဆက်သွယ်မှု တို့ အပါအဝင် အမှု ၅ မှုဖြင့် ထပ်မံ တရား စွဲဆိုထားသည်ဟု ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။

ထောင် ၂ နှစ် အမိန့်ချခံရပြီး နောက်ထပ် နှစ်ကြီး အမိန့်ချနိုင်သည့် ပုဒ်မများဖြင့် ဆက်လက် တရားစွဲဆို ခံနေရ ကာ အမှုရင်ဆိုင် နေရသည်။ လက်ရှိတွင် ကိုစည်သူအောင်၏ ကျန်းမာရေးကောင်းမွန်ကြောင်း အကျဉ်းဦးစီး ဌာန နှင့် နီးစပ်သူများထံမှ သိရသည်။

ကိုစည်သူအောင်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့က ကျောင်းကုန်းမြို့နှင့် ပန်းတနော်မြို့ကြားတွင် စစ် ကောင်စီ တပ်ဖွဲ့များ၏ ပိတ်ဆို့ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ဒေသခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများထံမှ သိရ သည်။

ပုသိမ်ထောင်တွင် ပုသိမ်ခရိုင် ၇ အတွင်းရှိ မြို့နယ်များက နိုင်ငံရေးအကျဉ်းသား အမျိုးသား အမျိုးသမီး အယောက် ၃၆၀ နီးပါးရှိသည့်အနက် ထောင်တွင်း တရားရုံးမှ နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော်ကို ထောင်ဒဏ် အသီးသီးအမိန့်ချခဲ့သည် ဟု တရားရေးဌာန အသိုင်းအဝိုင်းထံမှ သိရသည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...