အရပ်ဘက် အိမ်ယာ မီးရှို့သူများကို အရေးယူရန် PPST တောင်းဆို

အရပ်ဘက် အိမ်ယာ မီးရှို့သူများကို အရေးယူရန် PPST တောင်းဆို

ချင်းပြည်နယ် ထန်တလန်မြို့ အပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ နေအိမ်များကို မီးရှို့ခဲ့သည့် ကျူးလွန် သူများကို ပြင်းထန်စွာ အရေးယူပေးရန် NCA အပစ်ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က တောင်းဆိုလိုက်သည်။

နိုဝင်ဘာလ ၄ ရက်မှ ၅ ရက်အထိ နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးအပြီးတွင် တောင်းဆိုထားခြင်းဖြစ်သည်။

PPST ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးဝင်းက “ဒါကတော့ လက်နက်ကိုင် ပဋိပက္ခမှာကတော့ ဒါမျိုးတွေတော့ ဖြစ်နေ ကျပဲ ပုံစံမျိုးနဲ့တော့ လျစ်လျူရှု့ထားလို့တော့ မရဘူးလေ။ အဲဒီအနေအထားအပေါ်မှာ မူတည်ပြီးတော့မှ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှာ ဒါမျိုးတွေ အလားတူ ထပ်မဖြစ်ဖို့အတွက်တော့ ကျနော်တို့ တိုင်းပြည်အတွက် အင်မ တန်မှ အရေးကြီးတာကိုး အရေးယူဆိုင်ရာ မူဝါဒ ဘယ်လို အခြေခံမျိုးနဲ့ဆိုတော့ အဖြစ်မှန်ဖော်ထုတ်ပြီး ပြီဆို တော့ စည်းမျဉ်းစည်းကမ်းအတိုင်းတော့ ကျနော်ဆောင်ရွက်ကြရမှာပေါ့။ ဘယ်လိုပုံစံမျိုးအရေးယူရ မလဲဆို တာက ကျနော်တို့ သက်ဆိုင်ရာ အဖွဲ့အစည်းတိုင်းမှာတော့ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်လေနော။ အဲ့ဒီ အတိုင်းပဲ အရေးယူရမှာပေါ့” ဟုပြောသည်။

PPST ၏ အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင်လည်း အထူးသဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက် နေ့တွင် ဖြစ်ပွားခဲ့သည့် ချင်းပြည်နယ် ထန်တလန်မြို့ ကိစ္စအပါအဝင် စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းနှင့် ကရင်နီ ဒေသများတွင် စစ်ကောင်စီက ပြည်သူလူထု၏ အိုးအိမ်များ၊ ဘာသာရေး၊ အဆောက်အုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုများအပေါ် ပြင်းထန်စွာ ရှုတ်ချသည်။ ကျူးလွန်သူများကို ပြင်းထန်စွာ အရေးယူပေးရန်တောင်းဆို သည်ဟု ထည့်သွင်းထားသည်။

ထို့အပြင် ပဋိပက္ခဖြစ်ပွားရာ ဒေသအသီးသီးရှိ စစ်ဘေးရှောင် ပြည်သူများအတွက် လုံခြုံရေးအပါအဝင် လူသားချင်းစာနာမှု အထောက်အကူများ အမြန်ဆုံး ရရှိနိုင်ရေးအတွက် PPST အနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားမည်ဟု ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

ဦးမျိုးဝင်းက “စစ်ဘေးရှောင်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ ရေးရာကိစ္စတွေ ဖြစ်ဖြစ် ကျနော်တို့ စားဝတ်နေရေး အခက်အခဲ ကျန်းမာရေး အခက်အခဲပဲဖြစ်ဖြစ်ပေါ့နော် ကိုဗစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆက်စပ်ဖြစ်လာတဲ့ ရောဂါနဲ့ ပတ်သက်တာပဲဖြစ်ဖြစ် ကျနော်တို့ နိုင်ငံတကာ အကူအညီတွေနဲ့ အဖွဲ့အစည်းတွေနဲ့ မိတ်ဖက် အဖွဲ့ အစည်းတွေနဲ့ ဆက်စပ်ပြီးတော့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ အခြေအနေတွေဟာရှိခဲ့တာပေါ့နော်။ ပြီးခဲ့တဲ့ကာ လတုန်းကရော အခုလည်းပဲ အခုလက်ရှိဖြစ်စဉ်မှာ အဲ့ဒါအပြင် တတိုင်းပြည်လုံးမှာရှိနေတဲ့ စစ်ဘေးရှောင်တွေ ဟာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ရှိနေတဲ့ အနေအထားအပေါ်မူတည်ပြီးတော့ လုပ်သွားဖို့အတွက်ကို မျှော်မှန်းပြီးမှ ကျနော်တို့ ဆုံးဖြတ်ချက်ချတာပေါ့နော်” ဟု ပြောသည်။

လက်ရှိတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး တော်တော်များများတွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး တပ် များအကြား တိုက်ပွဲဖြစ်ပွား နေသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ကောင်စီတို့လည်း တိုက်ပွဲများဖြစ်ပွားနေသည့် အတွက် ပြည်သူများမှာ စစ်ဘေးရှောင်နေကြရပြီး အခက်အခဲ မျိုးစုံနှင့် ရင်ဆိုင်နေ ကြရသည်ဟု သိရသည်။

NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ် ငန်းစဉ် ဦးဆောင်အဖွဲ့ PPST တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်အမျိုးသား အစည်းအ ရုံး KNU၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ချင်းအမျိုးသား တပ်ဦး CNF၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည် လွတ် မြောက်ရေးပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုး ပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ပါဝင်သည်။

အဆိုပါ လက်နက်ကိုင်များထဲမှ ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF တို့နှင့် စစ် ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

ဓါတ်ပုံ - Job For Kayah
November 14, 2024
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း...
November 14, 2024
ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား...
NMG ပုံဟောင်း
November 13, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက်...
CJ ဆိုင်းတောင်တိုက်ပွဲတွင်း အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့သည့်ပုံ (ပုံဟောင်း)
November 13, 2024
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် တိုက်ပွဲကာလအတွင်း သေဆုံးခဲ့သူ ရုပ်အလောင်း ၇၀...