ကလေးမြို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦး အသတ်ခံရပြီးနောက် ကျေးရွာ ၅ ရွာမှ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စာတင်

ကလေးမြို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦး အသတ်ခံရပြီးနောက် ကျေးရွာ ၅ ရွာမှ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စာတင်

ကလေးမြို့နယ်တွင် စက်တင်ဘာလ ၈ ရက် နေ့ညက ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦး သေနတ်ဖြင့်ပစ်သတ်မှုဖြစ်ပွားခဲ့သည့် နောက်ပိုင်း ကျေးရွာ ၅ ရွာမှ အုပ်ချုပ်ရေးမှူးများ  နှုတ်ထွက်စာတင်ထားကြသည်ဟု သိရသည်။

ကလေးမြို့အနောက်မြောက်ပိုင်းကျေးရွာများဖြစ်သည့် ပျဉ်းတောဦး (Tuingo) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆွေးဇမ်ထန်း၊ အောင်ရွာကျေးရွာတာဝန်ခံ ဦးထင်လင်းမောင်၊ ချင်းစုကျေးရွာတာဝန်ခံ ဦးဗန်လာမွန်၊ မြစိမ်းကျေးရွာတာဝန်ခံ ဦးဝုန်ရှန်းပေါင် နှင့် ဆင်ရွာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆွလိန်တို့သည် စက်တင်ဘာလ ၉ ရက်နေ့က ၎င်းတို့ရာထူးမှ  နှုတ်ထွက်ခွင့်ပြုရန် ကလေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြခဲ့ကြခြင်းဖြစ်သည်။

“ ကလေးမြို့အနောက်မြောက်ဘက်က ချင်းလူမျိူးတွေနေထိုင်တဲ့ ကျေးရွာတာဝန်ခံအတော်များများကတော့ စစ်အာဏာ သိမ်းမှု ဖြစ်ပြီးနောက်မှာ စစ်အာဏာရှင်ကိုဆန့်ကျင်လို့ သူတို့သဘောနဲ့နှုတ်ထွက်တဲ့သူတွေများတယ်၊ အခုနှုတ်ထွက်တဲ့ သူတွေကတော့ နှုတ်မထွက်ဘဲ ဆက်လုပ်နေတဲ့သူတွေဖြစ်တယ်၊ ဟိုတနေ့က အုပ်ချုပ်ရေးမှူး ၂ ဦးသတ်ခံရတော့ကြောက် ပြီး နှုတ်ထွက်စာချက်ချင်းတင်ကြတာ’’ ဟု ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ညက ကလေးမြို့နယ် မော်စီ (Vutbuak) နှင့် ပျဉ်းခုံကြီးကျေးရွာ မှ အုပ်ချုပ်ရေးမှူးရေး ၂ ဦးသည် ၎င်းတို့နေအိမ်တွင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။

မော်စီနှင့် ပျဉ်းခုံကြီးကျေးရွာသည် ကလေးမြို့မှ ၄ မိုင်ခန့်ကွာဝေးပြီး တာဟန်း-လက်ပံချောင်းကားလမ်းမ ပေါ်တွင်တည်ရှိ ကာ ချင်းလူမျိူးများနေထိုင်ကြသည့်ကျေးရွာဖြစ်သည်။ ယခုကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးမှူးသတ်ဖြတ်မှုရှိလာသည့်အတွက် အုပ်ချုပ်ရေးမှူးရာထူးမှနှုတ်ထွက်သူပိုများလာဖွယ်ရှိသည်ဟု သိရသည်။

Most read this week

November 28, 2024
မီဇိုရမ်ပြည်နယ်မှာ ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့က...
November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...