မှန်မှန်ကန်ကန် မဲထည့်နိုင်မည့်သူ ၂၀ရာခိုင်နှုန်းသာ ရှိမည်ဟု အရပ်ဖက်နှင့်ပါတီများသုံးသပ်ပြောဆို

မှန်မှန်ကန်ကန် မဲထည့်နိုင်မည့်သူ ၂၀ရာခိုင်နှုန်းသာ ရှိမည်ဟု အရပ်ဖက်နှင့်ပါတီများသုံးသပ်ပြောဆို
စအုုိင်းစူး — ရက်သတ္တပတ်ကျော်အတွင်း ကျင်းပတော့မည့် ၂၀၁၅ရွေးကောက်ပွဲ၌ ကရင်ပြည်နယ်၏ မြို့နယ် ရမြို့နယ်ရှိ ဒေသခံ မဲထည့်ပိုင်ခွင့်ရှိသူများအနက် မှန်မှန်ကန်ကန်မဲထည့်နိုင်မည့်သူမှာ ၂၀ရာခိုင်နှုန်းသာရှိမည်ဟု မဲဆန္ဒရှင် ပညာပေး လုပ်ဆောင်နေသည့် အရပ်ဖက်အဖွဲ့အစည်းများနှင့် ပါတီကိုယ်စားလှယ်တချို့က သုံးသပ် ပြောဆိုခဲ့သည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲထည့်သည့် အတွေ့အကြုံမရှိသူ မှာ အများစုဖြစ်နေသည်ဟု ကရင်ပြည်နယ် မြို့နယ် ရမြို့နယ်အတွင်း မဲဆန္ဒရှင်ပညာပေးလုပ်ငန်းများ လုပ်ဆောင်ပေးနေသည့် ကရင်ပြည်နယ်အရပ်ဖက် လူမှုအဖွဲ့အစည်းများကွန်ယက်-KSCN မှ စောကျော်စွာက ဘီအန်အုုိင်သတင်းခန်းသုုိ့ ယနေ့ပြောသည်။

၎င်းက “ မဲဆန္ဒရှင်တွေအနေနဲ့တော့ မဲထည့်ကြမှာပါ။ ဒါပေမဲ့ မှန်မှန်ကန်ကန်နဲ့ မဲထည့်နိုင်မဲ့သူ ပယ်မဲ မဖြစ်အောင် ထည့်တတ်မဲ့သူကတော့ ၂၀ရာနှုန်း လောက်ပဲရှိမယ်။ ဘာကြောင့်လဲဆိုတော့ စာမတတ်တာ လည်းပါတယ်။ နောက်ပြီး မတွေ့ဖူးတာလည်း ပါတယ်။ မြို့ကြီးတွေမှာက တီဗွီတွေမှာကြည့်လို့ရတယ်။ ရွာတွေမှာက တီဗွီ မရှိဘာမရှိနဲ့ တံဆိပ်တုံးတောင်မှမဖွင့်တတ်ဘူး ” ဟု ဆုုိသည်။

ထို့အပြင် ယခင်ရွေးကောက်ပွဲ တွေမှာအမှတ်အသားခြစ်ပေးရုံမျှသာဖြစ်ပြီး ယခုကျင်းပမည့် ရွေးကောက်ပွဲ၌ တံဆိပ်တုံး ထုရမည်ဖြစ်သောကြောင့် လက်ရှိတွင် တံဆိပ်တုံးအားနှစ်ကြိမ်ထုပြီး ပယ်မဲဖြစ်သွားမည် ကိုစိုးရိမ်မိကာ ရွေးကောက်ပွဲနေ့တွင် ဘယ်လိုပုံစံဖြစ်သွားမည်ကတော့ မသိကြောင်း စောကျော်စွာက ရှင်းပြသည်။

ကရင်ပြည်နယ်၊ ဖာအံမဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း လက်ရှိပြည်သူ့ လွှတ်တော်အမတ် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ နန်းစေးအွာက “ အခုအချိန်အထိ မဲဆန္ဒရှင်ပြည်သူ တော်တော်များ မဲထည့်ဖို့ အဆင်သင့်မရှိသေးပါဘူး။ မဲပညာပေး လိုက်လုပ်တဲ့အဖွဲ့တွေကလည်း ဒေသအကုန် လုံးကို မရောက်နိုင်ဘူးလေ။ တောသူတောင်သားတွေ များတယ်ဆိုတော့ လေ့လာမှုကလည်း အားနည်းတယ်။ ဘာသာစကား အခက်အခဲနဲ့ စာမတတ်ပေမတတ်တွေလည်း များတယ်ဆိုတော့ သေချာတာကတော့ မှန်ကန်စွာ မဲထည့်မဲ့သူက ၅၀ရာနှုန်းမကျော်နိုင်ဘူး ” ဟုရွေးကောက်ပွဲသတင်းခန်းသုုိ့ ပြောပြသည်။

ထို့အပြင် ကော့ကရိတ်မြို့နယ်၊ကော့နွဲဒေသခံ စောကျောပိုးက “ ကျနော်တို့ဒေသမှာတော့ သင်တန်းပုံစံလုပ်ပြီး ပုံစံပြပေးရအုံးမယ်။ အခုချိန်ထိတော့မလုပ်ရသေးဘူး။ သေချာတာကတော့ အခုထိတော့ ဒေသခံလူတွေ တော်တော်များကတော့ မထည့်တတ်သေးဘူး ” ဟုသူ့အမြင်ကုုိ ပြောသည်။

ကရင်ပြည်နယ် အတွင်း တသီးပုဂ္ဂလနှင့် နိုင်ငံရေးပါတီ ၁၈ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းစုစုပေါင်း ၂၅၆ဦးဝင်ရောက် အရွေးခံမည်ဖြစ်ပြီး  တစ်ပြည်နယ်လုံးအတိုင်းအတာဖြစ် မဲဆန္ဒရှင်ဦးရေ ၈သိန်းကျော် ရှိကာ လုံခြုံရေး အကြောင်းပြချက်ဖြင့် မဲရုံမဖွင့်လှစ်နိုင်သည့် ကျေးရွာအုပ်စု ၉၄အုပ်စုအထိရှိနေသည်။

ကရင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်ရုံးခန်း ဖွင့်နေစဉ်
December 24, 2015
ယခင်စစ်အစိုးရလက်ထက်မှ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် အထိ...
December 18, 2015
ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၅၈(ခ)သည် ရွေးကောက်မှုဆုုိင်ရာ အခွင့်အရေးကုုိ လွတ်လပ်စွာ...
December 17, 2015
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးက “...
ဒေါက်တာမြင့်စိုး(မြန်မာနိုင်ငံ ဆရာဝန်များအသင်း-ဖားအံအမှုဆောင်)
December 14, 2015
လုပ်ထားပေမဲ့လည်း ဒေါ်စုရဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုပြီးတော့ NLDကပဲနိုင်သွားတာပေါ့။...