ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ထိမ်းချုပ်နယ်မြေ၌တပ်စွဲထားသော အစိုးရစစ်စခန်းများ ယနေ့အထိ တစုံတရာ ဆုတ်ခွာခြင်း မရှိသေးကြောင်း အမည် မဖေါ်လိုသည့် (KNU) ထိပ်တန်း အရာရှိတဦးက ငြင်းဆိုသွားခဲ့ပါသည်။
“ ဦးရဲထွဋ် ကတော့ တပ်ဆုပ်ဖို့တပ်ရွေ့ဖို့ကိစ္စတွေကိုသတင်းတွေမှာ ပြောနေတာပဲ တကယ် တမ်းကျတော့ တပ်တိုးချဲ့နေတာကိုပဲ တွေ့ရပါတယ်။ ဒါကလည်း အရင်က ပြောနေကျစကားတွေပါ။ အခု ခိုင်မာတဲ့စခန်းတွေဖြစ်လာအောင်ကိုဘဲ ပြန်တည်ဆောက် နေကြတယ် ။ ဒါကလည်း KNU ကို မီဒီယာနဲ့ ချွေးသိပ်တယ်လို့ပဲ နားလည် ထားသလို လက်တွေ့မှာဘာမှလည်း ဖြစ်လာမှာ မဟုတ်ဘူးလို့ ယူဆပါတယ်”ဟု ဆိုပါသည်။
(KNU) သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲစဉ် ၄င်းတို့ ထိမ်းချုပ်သော နယ်မြေမှ အစိုးရတပ်များ ဆုတ်ခွာပေးရန် တင် ပြခဲ့သလို သမတအပါ၀င် ကာကွယ်ရေး ဦးစီးချုပ် နှင့်လည်း အကြိမ်ကြိမ်တင်ပြ ခဲ့သည်မှာ နှစ်နှစ်တိုင်ခဲ့ ပြီး ဖြစ်သည်။
အပစ်ရပ်စဲစဉ် (KNU) သည် ၄င်းတို့နယ်မြေထဲ၌ ရှိသော အစိုးရ စစ်စခန်းပေါင်း (၃၀၀)နီးပါးထဲမှ (၉၀)ကျော်အား ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်ပါသည်။
ဤကိစ္စနှင့် ပါတ်သက်သည့် သဘောထားကို သိရှိနိုင်ရန် (KNU) သည် ပထမအကြိမ် ကာချုပ်နှင့် တွေ့ဆုံခဲ့ စဉ်မေး မြန်းခဲ့ပါသည်။ ကာချုပ်မှာမူ “ ဒါတွေမလို အပ်ပါဟု ကာချုပ်မှ သဘောထားခဲ့ကြောင်း” ဤမူအတိုင်းသာ အစိုးရသည် ယနေ့အထိ ကျင့်သုံးနေဆဲဖြစ်သည်ဟု အမည်မ ဖေါ်လိုသော (KNU) ထိပ်တန်း အရာရှိမှ ဆိုခဲ့ခြင်း ဖြစ်ပါသည်။
သမ္မတ၏ ပြောရေး ဆိုခွင့် ရှိသူ ဦးရဲထွဋ္ဋ်မှ ထုတ်ဖေါ်ပြော ကြားခဲ့သည်မှာ “ ကရင်ပြည်နယ် နေရာအနှံ့အပြားရှိ စေ တီပုထိုး၊ ဘုရားရှိခိုးကျောင်းတို့နှင့်လူနေ ဧရိယာ အနီးတစ်ဝိုက်စခန်းချထားသည့် တပ်မတော် စခန်းများကို နေရာ ရွှေ့ ပြောင်း ပေးရန် အတွက်ကေအင်န်ယူ ဥက္ကဋ္ဌနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့ပြီးခဲ့သည့်ရက် ပိုင်း အ တွင်းက တွေ့ဆုံစဉ် ဆွေးနွေး ခဲ့သည့် အတွက် တပ်မတော်ဘက် မှခွင့်ပြု ခဲ့ခြင်းဖြစ် သည်ဟု သမ္မတ၏ ပြောရေးဆို ခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ် မှ မီဒီယာများ အား ထုတ်ဖေါ်ပြော ဆိုခဲ့ခြင်း ဖြစ်သည်။
ဤ ပြောဆိုမှု အပေါ် (KNU) အရာရှိကြီးမှ အခြေအနေ မှန်အား သိရှိနိုင်ရန် ထုတ်ဖေါ်ပြောဆို လိုခြင်း ဖြစ်သည်ဟု ဆိုပါသည်။
(KNU) သည် အထူးသဖြင့် အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သတ်သည့် (Coad of conduct) ကို အစိုးရတပ်ဖွဲ့များ နှင့် ဆွေးနွေး နိုင်ရေး အတွက် ယနေ့အထိ ကြိုး စားနေဆဲ အခြေအနေ ၌ရှိနေပြီး အစိုးရဘက်မှ ရှေ့မတိုးနိုင်သေး သလို နှစ် ဖက်ကြား ၌ တိကျသော ဆွေးနွေးချက်များ လည်း ယနေ့အထိ ဘာမျှ မရှိသေးဟု (KNU) ထိပ်တန်း အရာရှိမှ ဆို ခဲ့ပါသည်။
ထို့အပြင် အပစ်အခတ် ရပ်စဲရေး သဘောထား၌လည်း အစိုးရတပ်များနှင့် တိုင်းရင်းသား တပ်များကြား ကွာဟမှု များ လည်း နက်ရှိုင်းနေဆဲဟု ထုတ်ဖေါ်ပြောဆို ခဲ့ပါသည်။
အကြောင်းမှာ "တိုင်းရင်းသား အဖွဲ့များသည် နိုင်ငံရေး ဆွေးနွေး နိုင်ရန်နှင့် နိုင်ငံရေး အာမခံချက် အတွက် အပစ်အခတ်ရပ်စဲကြပြီး အစိုးရသည် အပစ်အခတ် ရပ်စဲရေးသည်သာ အဓိကဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးမှုကို နောက်ပိုင်း ၌ပြု လုပ်သွားရန် အပြောင်း အလဲမရှိသော ဆန္ဒမျိုး ဖြင့် သဘောထား နေ သည်ကို တွေ့ ရကြောင်း” တိုက်ပွဲများ သည်လည်း လျှော့ချ ခြင်းမရှိဘဲ မထင်လျှင် မထင်သလို ဂတိတမျိုး လက်တွေ့တဖုံ အစိုးရ တပ်များ ဖက်မှ တိုင်းရင်းသား တပ်ဖွဲ့များအား တိုက်ခိုက် နေ ဆဲ ရှိနေကြောင်း အဆိုပါ (KNU) အရာ ရှိမှ ဆိုခဲ့ပါသည်။
ဤသို့ကြောင့် (KNU) သည် အပစ်အခတ် ရပ်စဲရေး ရေရှည် တည်တံ့သည့် အခြေအနေသို့ ရောက်ရှိရန် ရည်ရွယ် သည့် အနေဖြင့် နှစ် ဖက် သောရှေ့တန်း တပ် များ ပြသနာဖြစ်နိုင်သော စခန်းများကို အစိုးရ တပ်ဖွဲ့များဖက်မှ ဆုတ်ခွာ ပေးရန် တောင်းဆို ခဲ့ခြင်းဖြစ် ပါသည်။
သို့သော်လည်း အစိုးရ တပ်ဖွဲ့များ သည် ၄င်းတို့တပ်ဖွဲ့များ ဆုတ်ခွာပေးမည်ဖြစ်ကြောင်း မီဒီယာမှ ထုတ်ဖေါ် ပြော ဆို နေခြင်းထက် လက်တွေ့ဆောင် ရွက်မှု ပြု လုပ်ပေးရန် KNU ဖက်မှ တောင်းဆိုခဲ့ပါသည်။