ပန်ဆေးဒေသဘိန်းခင်းဖျက်ဆီးမှု တိုက်ပွဲများ ရက်ဆက် ဖြစ်ပွား

ပန်ဆေးဒေသဘိန်းခင်းဖျက်ဆီးမှု တိုက်ပွဲများ ရက်ဆက် ဖြစ်ပွား
by -
ရွှေဟင်္သာ

ယမာန်နေ့ မနက်ပိုင်း(၁၂)နာရီ ခန့်တွင် ရှမ်းပြည် မြောက်ပိုင်း နမ်ခမ်း မြို့နယ် ပန်ဆေး ဒေသရှိ ပန်ပေး ကျေးရွာအနီး (နမ့်ခမ်း နမ့်ဖက်ကာ ကားလမ်း မဘေး) တွင် ဖြစ်ပွားခဲ့သော တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့နှင့်  အစိုးရ တပ်ဖွဲ့တို့၏ တိုက်ပွဲသည် ညနေ ပိုင်း (၃)နာရီ (၁၅) မိနစ် တွင် လည်း ဆက်လက် ဖြစ်ပွားခဲ့ ကြောင်း TNLA ပြန်ကြားရေး အဖွဲ့ မှဆိုပါသည်။

တိုက်ပွဲသည်(၂) ခန့်ကြာပြီး (TNLA)မှ ဗျူဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၁၂) တပ်ဖွဲ့ နှင့် အစိုးရ ခလရ (၄၅) နှင့် ခလရ (၁၂၃) ပူး ပေါင်း စစ်ကြောင်း တို့ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါသည်။ ဤ တိုက်ပွဲကြောင့် နမ့်ခမ်းမြို့ပေါ်ရှိ  သိန္ဒီမြို့ အခြေစိုက် အမှတ် (၁၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ စစ်ကြောင်းများ ကလာရောက် စစ်ကူ ပေးခဲ့ပါသည်။  

အလားတူ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၄) မှ တပ်ရင်း (၉) တပ်ဖွဲ့ များက လည်း TNLA တပ် ဖွဲ့များအား လာရောက် စစ်ကူပေး သဖြင့် ညနေပိုင်း (၃) နာရီ ကျော်တွင် ဆက်လက် တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါ သည်။

အစိုးရ တပ်များသည် စစ်ကူရောက် ရှိလာပြီး နောက် TNLA တို့ရှိနေသော နေရာသို့  ဆက်လက် တိုက်ခိုက်ခဲ့ပါ သည်။  တိုက်ပွဲသည် (၁၅) မိနစ်သာ ကြာသော် လည်း အစိုးရ စစ်ကူ များသည် စစ်ရေးအရ အပေါ်စီး ရနိုင်သည့် နေ ရာသို့ ချင်းကပ်စဉ် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပြီး အခြေအနေ မလှသည့် အတွက် ပြန်လည် ဆုတ်ခွာ ခဲ့ရာက တိုက်ပွဲ ရပ်စဲ သွားခဲ့ခြင်း ဖြစ်ပါသည်။

TNLA  စစ်ဗျူဟာ (၁) အဖွဲ့ နှင့် KIA  တပ်ရင်း (၉) တို့၏ ပူးပေါင်း စစ်ကြောင်းများ သည် လက်ရှိအချိန် တွင် ဘိန်းခြစ် ရာသီဖြစ် သဖြင့် ပန်ဆေးဒေ သမှ ဘိန်း ခင်း များကို ဆက်လက် ဖျက်ဆီးရန် ရှိသည်ဟု ဆိုပါသည်။  ထို့နည်းတူ အစိုးရ၏ အရှေ့ မြောက် တိုင်း လက်အောက်ခံ စစ်ဗျူဟာ တပ်ဖွဲ့ နှင့် စကခ (၁၆) နည်း ဗျူဟာ စစ်ကြောင်းများ ကလည်း ပန်ဆေးပြည် သူ့စစ် များနှင့် ပူးပေါင်းပြီး ဘိန်းခင်း များကို ကာကွယ် နေသည်ဟု ဆိုပါသည်။

TNLA စစ်ဗျူဟာ (၁)သည် ပလောင်ဒေသ အရှေ့ခြမ်း နမ့်ခမ်း ဒေသရှိ ပန်ဆေးနယ်မှ ဘိန်းခင်းများကို ဖျက်ဆီးရန် ဆုံးဖြတ် ထားပါသည်။ ဤသို့ ကြောင့် ပြီးခဲ့ သည့် အပတ်မှစ၍ ဘိန်းခင်းများ စတင် ဖျက်ဆီးသည့် စစ်ဆင်ရေး ကို စ တင်ခဲ့ ခြင်းကြောင့် တိုက်ပွဲများ ရက်ဆက် ဖြစ် ပွား လာခဲ့ ခြင်းဖြစ်ပြီး ဆက်လက် ဖြစ် ပွားသည့် အခြေအနေ လည်း ရှိနေပါသည်။

TNLA တို့သည် ပလောင်(တအာင်း) ဒေသရှိ ဘိန်းခင်း ဖျက်ဆီးရေး အစီစဉ် ကို အပိုင်းနှစ်ပိုင်း ခွဲပြီး ဖျက်ဆီးရန် အစီ စဉ်ရှိ ခဲ့ပါသည်။ ပထမအပိုင်းသည် TNLA တို့၏  စစ်ဗျူဟာ (၂) အပိုင်း ဖြစ်သည်၊ ၄င်းတို့သည်  ပလောင် ဒေသ အ နောက် ခြမ်း ရှိ ဘိန်း ခင်းများကို ဖျက်ဆီးရန် ဖြစ်သည်။  ဤအစီစဉ်ကို အောင် မြင်စွာ ဖျက်ဆီး နိုင်ခဲ့ပြီး ပြီးခဲ့သည့် ဖေ ဖေါ်ဝါရီ လလယ်တွင် အဆုံး သတ်ခဲ့သည်။

ပလောင်တို့၏ စစ်ဗျူဟာ (၂) စစ်ဆင်ရေး သည် ကျောက်မဲ၊ မိုးကုတ် နှင့် မိုးမိတ် မြို့နယ် တဝိုက်ရှိ ဘိန်းခင်း များအား ပြီးခဲ့သည့် ဇန္နာဝါရီ လလယ်ပိုင်းမှ စပြီး ဖေဖေါ်ဝါရီ လလယ်ပိုင်း အထိ  လိုက်လံ ဖျက်ဆီး ခဲ့ပါသည်။ယင်း ဘိန်းခင်း တိုက် ဖျက်မှု စစ်ဆင်ရေး တွင် အစိုးရ တပ်ဖွဲ့ များနှင့် တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ပွား ခဲ့သော်လည်း လုံးဝနီးပါးဟု ဆို လောက်သော ဘိန်းစိုက် ဧက (၅၀၀) ခန့် ဖျက်ဆီး နိုင်ခဲ့သည်ဟု ဆိုပါသည်။

ပလောင် ဒေသ၏ ဘိန်းခင်း စိုက်ပျိုးမှု သည် လက်ဖက် ခင်းစျေးကွက် ပျက်စီးခဲ့သည့်  (၂၀၁၁) ခုနှစ် မှ စပြီး တွင် ကျယ် လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ထို့ပြင် စီးပွားရေး ပျက်ပြားပြီး အလုပ်လက်မဲ့ ဖြစ်လာနေ သော ပလောင် လူမျိုးများ သည် လည်း မူးရစ်ဆေးဝါး သုံးစွဲမှု များလာရာမှ အခြေအနေ သည် အမျိုးသား အဆင့် မဖြစ်မနေ တိုက် ဖျက် ရမည့် အဆင့်သို့ သတ်မှတ်ခဲ့ သည်ဟု PSLF/ TNLA ဥက္ကဌ တာအိုက်ဖုန်းက ဆိုပါသည်။ လူထု၏ (၇၀)ရာနှုန်း ထက်မနဲ သည် မူးရစ်ဆေးစွဲလောက် သည့် အခြေအနေ ဖြစ်နေပြီးဟု တအာင်း(ပလောင်) ကျောင်းသား အဖွဲ့၏ စစ် တမ်းက ဆိုပါသည်။

ဤသို့ကြောင့် ဆိုးဝါးလာ နေသော တအာင်း ဒေသ မူးရစ်ဆေးပြ သနာကို တိုက်ဖျက် ရန်  TNLA ဖက်မှ ဆုံးဖြတ်ထား သလို ပလောင် သံဃာ တော် အပါး (၅၀)ခန့်တို့ သည် တအာင်းပြည်သူ (၆၀၀)ခန့်နှင့် အတူ အာဏာပိုင် များ၏ ခွင့်ပြု ချက်ဖြင့် ပြီးခဲ့ဖေဖေါ် ၀ါရီ လ (၄)ရက်နေ့ တွင် ရှမ်းပြည် မြောက်ပိုင်း နမ့် ခမ်းမြို့၌ စီတန်းဆန္ဒ ထုတ်ဖေါ် ခဲ့ကြပါသည်။

Most read this week