တိုက်ပွဲ များရပ်နား နေခဲ့ရာမှ TNLA နှင့် အစိုးရတပ်များ ပြန်လည်တိုက်ခိုက်

တိုက်ပွဲ များရပ်နား နေခဲ့ရာမှ TNLA နှင့် အစိုးရတပ်များ ပြန်လည်တိုက်ခိုက်
by -
ရွှေဟင်္သာ

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရ ခမရ (၁၇) ၊ လရ (၁၁၄) တို့သည် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့၊ မွန်းတည့်အချိန်ခန့်တွင် ရှမ်းပြည် မြောက်ပိုင်း  မိုင်တုံမြို့နယ် အရှေ့ဖက်  နန်းပါကျိုင် ကျေးရွာအနီး၌ တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားခဲ့ ကြောင်း TNLA ပြန်ကြားရေးဌာနမှ ဆိုပါသည်။

TNLA (၃၆၇) တပ်ရင်း၊ တပ်ခွဲ (၂) နှင့် တပ်ချင်း ပက်ပင်းတိုး မိကြရာက မထင်မှတ်ဘဲ တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ် သည်ဟု ဆိုပါသည်။ တိုက်ပွဲတွင် ၄င်းတို့ဖက်မှ တဦး လက်တွင် လက်နက်ကြီး အစထိမှန်ပြီး အစိုးရဖက်မှ အနည်းဆုံး (၃)ဦး ကျဆုံး ပြီး အများအပြား ဒါဏ်ရာ ရရှိခဲ့ သည်ဟု ဆိုထားပါသည်။

ဒါဏ်ရာရ သူများကို လည်း နမ္မတူ မြို့ဖက်သို့ ယူဆောင်သွား နှစ်ဖက် တပ်များ အပြန်အလှန် နောက်ဆုတ် လိုက်သ ဖြင့် တိုက်ပွဲသည် (၁၅) မိနစ်သာ ကြာခဲ့ သည်ဟု ဆိုပါသည်။ သို့သော်လည်း အစိုးရ တပ်များသည် မန်တုံ နမ္မတူ ကားလမ်းဖက်သို့ ဆုတ်ခွာပြီး TNLA တပ်ဖွဲ့များ ရှိနိုင်သည်ဟု ယူဆသော တောင်ကုန်း များကို တနာရီခြား တကြိမ် လက်နက်ကြီးဖြင့် ပစ်ခတ်နေ ခဲ့ကြောင်း ဆိုပါသည်။

နမ္မတူမြို့မှ မျက်မြင် ပလောင် ကျောင်းသား တဦးကမူ အစိုးရ ဖက်မှ (၄)ဦး ဒါဏ်ရာ ရရှိပြီး ပြင်းထန်မှု မတွေ့ရ ကြောင်း ဆိုပါသည်။ အစိုးရ တပ်များသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကို စစ်ဆင်နေသော TNLA တို့အား ပြီးခဲ့သည့် လဆန်းပိုင်းတွင် အပြင်း အထန် စစ်ဆင်နေ ခဲ့ပါသည်။

စစ်ကြောင်း မှူးများ ကျဆုံးခြင်း နှင့် အတူ အထိအခိုက် များခဲ့သဖြင့် စစ်ဆင်ရေးများ ငြိမ်သွားပုံ ရသည်ဟု TNLAဖက် မှ ယူဆထားပါသည်။ သို့သော် တပ်ဖွဲ့ အသစ်များ တိုးနေပြီး တိုင်းတပ်အပြင် တပ်မ အသစ်များမှ တပ်ဖွဲ့များလည်း အင်အားတိုးချဲ့ထားသည်ဟု အတွင်းရေးမှူး ဖြစ်သူ တာဘုန်းကျော်က ဆိုပါသည်။

Most read this week