ထိုင်း- မြန်မာ နယ်စပ် ကရင်နီ ဒုုက္ခသည်စခန်းတွင် မြေမြုပ်မိုုင်းပညာပေးအစီအစဉ်များ ပြန်လည်လုုပ်ဆောင် ပေးရန်လိုုအပ်ကြောင်း စခန်းကော်မီမှ ယမန်နေ့က ပြောဆိုုလိုုက်သည်။
ပြီးခဲ့သည့်အပါတ်က ကရင်နီအမှတ်-၁ဒုုက္ခသည်စခန်းအနီး ထိုုင်း-မြန်မာနယ်စပ်တနေရာတွင် ဒုုက္ခသည်များ တောင်ယာရှင်းလင်းမှုပြုလုုပ်နေချိန် မြေမြုပ်မိုုင်းပေါက်ကွဲ၍ အမျိုးသမီးတဦး ဒါဏ်ရာရရှိပြီးနောက် ယခုုလိုုပြောဆိုုခြင်းဖြစ်သည်။
“ဒီအပစ်အခတ်ရပ်စဲ ရေးပြီးတဲ့နောက်ပိုင်းမှာပေါ့ အပစ်အခတ်ရပ်စဲ ရေး မတိုင်ခင်တုန်းကတော့ရှိတယ် handicap အဖွဲ့ မိုင်းပညာပေးတယ် နေ့ထူးနေ့မြတ်တွေမှာဆို သူတို့လှုပ်ရှားမှု campaign တွေလား သူတို့ လုပ်တာရှိတယ် နောက်ပြီးတော့၂ နှစ်လောက်ရှိတယ်ထင်တယ် သူတို့ ပြတ်သွားတယ်”ဟုု အမှတ် -၁ စခန်းကော်မီတီ ဒုု-ဥက္ကဌ မော်ကူဖောကပြောသည်။
ပြီးခဲ့သည့်အပါတ် တနင်္ဂနွေနေ့့ မနက်က လင်မယားနှစ်ဦး ဒုုက္ခသည်စခန်းမှ နယ်စပ်ဘက်သိုု့ ခြေလျင်ဖြင့်နေ့ ၀က်ခန့်သွားရသည့် တောင်ယာခင်းတွင် စပါးစိုုက်ရန် မီးရှို့ရှင်းနေချိန် မီး၏အပူရှိုန်ကြောင့် မြေမြုပ်မိုုင်းတလုံုး ပေါက်ကွဲပြီး မယားဖြစ်သူ အသက်၄၅နှစ်အရွယ် အမျိုးသမီး၏ ဘယ်ခြေထောက် ဒါဏ််ရာရရှိခဲ့သည်။
“ကျနော် တို့ တောင်ယာသွားပြီး တောင်ယာမှာ မီးကို တစ်ပုံ ပြီး တစ်ပုံ လိုက်ရှို့ တဲ့ အချိန်မှာ မိုင်းပေါက်ကွဲ တယ်လေ ပေါက်ကွဲပြီးချက်ချင်းဆိုရင် ဘာမှမသိတော့ဘူး ကြောင်သွားတယ် နားတွေအူကုန်တယ် ပေါက်ကွဲတယ်လို့ မထင်မိဘူး သိလိုက်တာက တုန်ခါသွားတာပဲသိတော့တယ်”ဟုု ခင်ပွန်းဖြစ်သူကပြောသည်။
ဒါဏ်ရာပြင်းထန်မှုမရှိသည့်အတွက် မိုုင်းထိသူအမျိုးသမီးအား စခန်းတွင်းရှိ ဆေးပေးခန်းတွင် ပြုစုုကုုသပေးလျက်ရှိသည်။
“အစကတော့နည်းနည်းလေး လမ်းလျှောက်လို့်ရသေးတယ် ဒါပေမဲ့ ကြာလာတော့ သွားလို့မရတော့လေး။ တစ်အားနာတယ်။ သွေးလည်းတော်တော်ထွက်တယ်လေး။ အခု တော့ နည်း နည်း သက်သာလာပါပြီ။”ဟုု မိုုင်းထိသူအမျိုးသမီးကပြောသည်။
ဒုုက္ခသည်စခန်းအတွင်း နိုုင်ငံတကာအလှူရှင်များမှ အကူအညီများလျှော့ချလာနေသည့်အတွက် မိမိကိုုယ်တိုင်ရှာဖွေစားသောက်နိုုင်ရေး ဒုုက္ခသည်များ စခန်းအပြင်ဘက်သိုု့ထွက်၍ တောင်ယာလုုပ်ငန်းများ လုုပ်ကိုုင်ကြခြင်းဖြစ်သည်ဟုု ဒုု-ဥက္ကဌ မော်ကူဖော်ကပြောသည်။
“အခု ကျမတို့ ကို ရိက္ခာတွေ ကူညီပေးနေတဲ့ အလှူရှင်တွေကလည်း ရိက္ခာလျှော့ချလာတယ် ရိက္ခာလျှော့ချ လာတဲ့ အချိန်မှာ ဘယ်လိုမှ သူ တို့ မစားလောက် မသောက်လောက်နိုင်တော့ဘူး မလောက်တော့ တဲ့ အခါ သူတို့က ခနကပြောတဲ့ တောင်ယာတွေ သွားခုတ်တယ်”
၂၀၁၂ခုုနှစ်ကစပြီး ကရင်နီအမျိုးသားတိုုးတက်ရေးပါတီနှင့် အစိုုးရတိုု့အကြား အပစ်ခတ်ရပ်စဲရေးသဘောတူ လက်မှတ်ရေးထိုုးပြီးနောက် စခန်းတွင်းထောက်ပံ့ကူညီမှုများလျော့ချလာပြီး မိုုင်းပညာပေးအစီအစဉ်မှာလည်း ပြည်တွင်းရှိ IDPsဒေသများတွင် ပိုုမိုုတိုုးချဲ့လုုပ်ကိုုင်လာလျက်ရှိသည်။
ယခုုအခါ စခန်းအပြင်ဘက်တွင်တောင်ယာသွားရောက်လုုပ်ကိုုင်စားသောက်သူအပြင် နယ်စပ်ဖြတ်၍ ငါးရှာ၊ ဖားရှာသူနှင့် ပြည်တွင်းသိုု့ အလည်အပါတ်သွားလာသူများ များပြားလာသည်ကိုုတွေ့ရသည်။
ထိုုင်းနိုုင်ငံမယ်ဟောင်ဆောင်နယ်စပ်ဒေသတွင် ကရင်နီဒုုက္ခသည် အမှတ်-၁နှင့် အမှတ်-၂ ဒုုက္ခသည်စခန်းတွင် လူဦးရေ ၁၄၀၀၀ ခန့်ကျန်ရှိနေပြီး ပြည်တွင်းသိုု့ပြန်လည်ရွှေ့ပြောင်းနေထိုုင်နိုုင်ရန်အတွက် ဒုုက္ခသည်အချို့မိမိဌာနေဟောင်းတွင် သွားရောက် လေ့လာမှုများပြုလုုပ်လျက်ရှိသည်။