မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ခြံစည်းရိုးခတ်ရုံနဲ့ မလုံခြံုနိုင်

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ခြံစည်းရိုးခတ်ရုံနဲ့ မလုံခြံုနိုင်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်မှာ နိုင်ငံတော် အစိုးရက ဒေသရဲ့ လိုအပ်ချက် အရ ဒေသန္တရ အုုပ်ချုပ်ရေး စည်းမျဉ်း စည်းကမ်းတွေကို အသီးသီး ချမှတ်ထားပေမယ့် အဲသလို  ချမှတ်ထားတဲ့ အပေါ်မှာ နစက တာဝန်ရှိသူ အများအပြားဟာ လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် မောင်တောနဲ့ ဘူးသီးတောင် ဒေသဟာ အထိန်းအကွပ် မရှိ ဖြစ်ချင်တိုင်း ဖြစ်နေတယ်လို့ မောင်တောမြို့  တရားရုံး ရှေ့နေ တစ်ဦးက ပြောပါတယ်။

Burmese-Aung-gyi
ယခင် နစကမှူး ဗိုလ်မှူးချုပ် အောင်ကြီး အစ္စလာမ်ဘာသာဝင်များအား ဘွဲ့ခေါင်းပေါင်းများ ချီးမြှင့်နေစဉ်။ ယခုလို ဘာသာရေး ပွဲလန်းသဘင် တစ်ခု လုပ်ခွင့်အတွက် ကျပ်သိန်း ရာချီ၍ ပေးရကြောင်း သိရသည်။

မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ဘင်္ဂလီမွတ်ဆလင် အတော်များများဟာ အသက် ၁၈ နှစ် မပြည့်မီ အိမ်ထောင်ပြုကြပြီး ဇနီးမယားကိုလည်း  တစ်ဦးကနေ သုံးလေးဦးထိ လက်ထပ် ယူတာကြောင့် ဒါတွေကို တားမြစ်ဖို့ လက်ထပ်ခွင့်တင်ပြီးမှ လက်ထပ်ခွင့် ပြုပေးဖို့ အထက်က ဒေသန္တာရ အမိ်န့် ဆိုပြီး ထုတ်ပြန်ထားပါတယ်။

အဲသလို ထုတ်ပြန်ထားတဲ့ အပေါ် နစက တာဝန်ရှိသူ အရာရှိတွေက သူတို့ ကိုယ်ကျိုးစီးပွား တည်ဆောက်ဖို့ အတွက် မဟာ အခွင့်အရေးကြီး တစ်ရပ် အဖြစ်  ယူဆထားကြတယ်လို့ ဆိုပါတယ်။

“ လက်ထပ်ခွင့် တင်လာရင် အသက်ပြည့်တာ မပြည့်တာကို မဆန်းစစ်တော့ဘူး။ ပိုက်ဆံရဖို့ဘဲ အဓိကထားပြီး လက်ထပ်ခွင့် တစ်စောင်ကို ကျပ်် (၇) သောင်းကနေ ကျပ်တစ်သိန်း၊ ကျပ် ၂ သိန်း အဲသလို တောင်းတယ်။ ပိုက်ဆံပေးရင် ခွင့်ပြု လိုက်တော့ တာပါဘဲ” ဟု  အဆိုပါ ရှေ့နေက ပြောပါတယ်။

လွန်ခဲ့သော လအနည်းငယ်ကလည်း နစက နယ်မြေ (၃) တောင်ပြိုမြို့နယ်ခွဲက နစကမှူး တစ်ဦးဟာ သူရဲ့ သက်တမ်း ကုန်ဆုံးပြီး တခြားနေရာကို ပြောင်းရွှေ့ရတော့မှာ ဖြစ်တဲ့ အတွက် အိမ်ထောင်ပြုကြမယ့်  အတွဲပေါင်း ၅၀ ကို အတင််း လက်ထပ်ခိုင်းပြီး လက်ထပ်ခွင့် တစ်စောင်ကို ကျပ် ရ၀၀၀၀ ကနေ တစ်သိန်း ထိ  တောင်းယူသွားခဲ့တယ်လို့ ဒေသခံတွေက စွပ်စွဲပြောကြားပါတယ်။

အဲသလို လက်ထပ်ခိုင်းတဲ့ အခါမှာလည်း အသက်ပြည့်တာ၊ ဇနီးသားမယားရှိတာကို မစိစစ်တော့ဘဲ ပိုက်ဆံ ပေးတာနဲ့ လက်ထပ်ဖို့ ခွင့်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူပါဘဲ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ လူဦးရေ တိုးပွားနုန်း မြန်ပြီး လူဦးရေ အလွန်ထူထပ်လာတဲ့ အတွက် ဒေသန္တာရ အုပ်ချုပ်ရေး စည်းကမ်း အရ မိသားစု တစ်စုကို ကလေး နှစ်ဦးထက် ပိုမယူရဘူးလို့ စည်းကမ်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် ကလးနှစ်ယောက်ထက် ပိုလိုချင်တယ် ဆိုရင်  ပိုယူတဲ့ ကလေး တစ်ယောက််ကို ကျပ် ၃၀၀၀၀ ယူပြီး မွေးစာရင်း ထုတ်ပေးတယ်လို့ အဆိုပါ ရှေ့နေက ပြောပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နစက အမှတ် (၅) နယ်မြေ  ငခူရမှ ဒေသခံ တစ်ဦးကို မေးကြည့်တဲ့ အခါ သူက အခုလို ပြောပါတယ်။

“ ကျွန်တော်ရို့ (တို့) ငခူရ နယ်မြေမှာ ကျပ် (၃)သောင်းပေးရင်  မွီး (မွေး) စာရင်းထုပ်ပေးပါတယ်။ နယ်မြေမှူးကို (၂) သောင်း ပေးရပါတယ်။   နယ်မြေမှူး အောက်က စစ်ဦးစီးကို ၁၀၀၀၀ ပေးရတယ်” လို့ သူက ပြောပါတယ်။

ဒါ့ပြင် တရားမဝင် ဘင်္ဂလာဒေချ့်က ဖုံးကိုင်တဲ့ သူတွေကိုလည်း နစကမှူးတွေက ဖုံးတစ်လုံးကို ကျပ် ၂၅၀၀၀ ခွဲကနေ ၅၀၀၀၀ ထိ ယူတယ်လို့ ပြောပါတယ်။ ဒီဖုံးတွေဟာ တဘက််နိုင်ငံက ဖုံးတွေ ဖြစ်တာကြောင့် နိုင်ငံတော်က ကိုင်ဆောင်ခွင့်ကို တားမြစ်ထားတယ်လို့ သိရပါတယ်။

နစက တာဝန်ရှိသူတွေဟာ မြန်မာကနေ ဘင်္ဂလာဒေချ့်ကို တရားမဝင် သွားတဲ့သူကိုရော ဘင်္ဂလာဒေချ့်ကနေ မြန်မာနိုင်ငံကို ပြန်ဝင်လာတဲ့ သူတစ်ဦးကိုရော  တစ်ယောက်စီကို ကျပ် (၂၅၀၀၀) ပေးရင် ခွင့်ပြုပေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နယ်စပ်မှာ ခြံစည်းရိုးကာထားပေမယ့် အတားအဆီးမရှိ သွားချင်တိုင်းသွား၊ ၀င်ချင်တိုင်းဝင်၊  ဖြစ်ချင်တိုင်း ဖြစ်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဧည့်နို်င်ငံသား အဖြူရောင် ကဒ်ပြားတွေကို ထုတ်ပေးတဲ့ နေရာမှာလည်း ကဒ်ပြား တစ်ခုကို ကျပ်သိန်းချီပြီး တောင်းယူတယ်လို့ ဆိုပါတယ်။  ဒီ အဖြူရောင် ကဒ်ပြားတွေဟာ အနောက်နိုင်ငံတွေနဲ့ မလေးရှားနိုင်ငံတွေမှာ နေထိုင်ဖို့ အခက်အခဲ ကျရောက်နေကြတဲ့ မြန်မာနိုင်ငံက မွတ်ဆလင်တွေ အတွက်သာမက ဘင်္ဂလာဒေချ့်၊ အိန္ဒိယ နိုင်ငံသားတွေ အတွက်ပါ ရိုဟင်ဂျာ အမည်ခံပြီး လိမ်လည်ပြီး Aslyum ခိုလုံခွင့် တောင်းခံရာမှာ အထောက်အကူ ပြုတာမို့ အဖြူရောင် နိုင်ငံသား ကဒ််ပြား တစ်ခုကို ကျပ်  (၅) သိိန်းထိ စျေးရှိတယ်လို့ ဒေသအတွင်းက လာတဲ့ သတင်းတွေအရ သိရပါတယ်။

နစက တာဝန်ရှိသူတွေဟာ ဆိုဒီအာရေဗီးယား အပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံတွေကို သွားရောက် လုပ်ကိုင်နေတဲ့ မွတ်ဆလင် မိသားစုတွေဆီကလည်း နှစ်စဉ် မိသားစု စာရင်း စစ်တဲ့ (ဆွဲတင်စစ်) လုပ်တဲ့ အခါ မိသားစု စာရင်းမှာ နာမည်ကို ဆက်ထည့်ထားမယ်ဆိုရင် ကျပ်ငွေ သန်းချီပြီး ယူတယ်လို့ သိရပါတယ်။

ဘာသာရေး ပွဲလန်းသဘင်တွေ၊ အိမ်အသစ်ဆောက်လုပ်တာတွေ၊ နိုင်ငံခြားမှာ အလုပ် သွားရောက် လုပ်ကိုင်နေတဲ့ သူတွေဆီကလည်း နည်းမျိုးစုံနဲ့ ငွေတွေကို တောင်းယူတယ်လို့ သိရပါတယ်။ ဒါ့အပြင် တရား ဥပဒေ ပြင်ပက အလုပ်တွေ လုပ်တဲ့ သူတွေဆီကလည်း လစဉ်၊ မဟုတ်ရင် နှစ်စဉ် ဆက်ကြေးတွေ ကောက်ယူ တယ်လို့ သိရပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ အနောက်ကဘက်နယ်စပ်မှာ တာဝန်ကျတဲ့  နစက တပ်ဖွဲ့ အရာရှိတွေဟာ အချိန်တို (တနှစ်-  ၂ နှစ်အတွင်း) မှာ ချမ်းသာကြွယ်ဝတဲ့ သန်းကြွယ် သူဌေးတွေ ဖြစ်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခုလို ကိုယ်ကျိုးကြည့် အကျင့်ပျက် ၀န်ထမ်းတွေရဲ့ လာဒ်ပေး လာဒ်ယူမူတွေကြောင့် မြန်မာနိုင်ငံရဲ့ အနောက်ဘက် နယ်စပ်ဟာ အထိန်းအကွပ် မရှိ ဖြစ်ချင်တိုင်း ဖြစ်နေတာ ဆယ်စုနှစ်နဲ့ ချီပြီး ရှိနေပြီ ဖြစ်တယ်လို့ ပြောပါတယ်။  မြန်မာ အနောက်ဘက် နယ်စပ်ကို သံဆူးကြိုးနဲ့ တစ်ထပ် မဟုတ် ရ ထပ် ထပ်ပြီး ခြံစည်းရိုးခတ်ပါစေ အခုလို အကျင့်ပျက် ၀န်ထမ်းတွေ ရှိနေသမျှ ကာလပတ်လုံး မြန်မာ နိုင်ငံရဲ့ အနောက်ဘက် နယ်စပ် အခြေအနေကတော့ လုံခြံု စိတ်ချရတဲ့ အနေအထားကို ရောက်လာစရာ အကြောင်း မရှိဘူးလို့ အများစု ဒေသခံတွေက သုံးသပ် ပြောဆိုကြပါတယ်။

statement-382012

Most read this week