မြန်မာသို့ ရောက်ရှိနေသော ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ထံ ရခိုင်အမျိုးသမီး အစည်းအရုံးမှ စာပို့

မြန်မာသို့ ရောက်ရှိနေသော ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ထံ ရခိုင်အမျိုးသမီး အစည်းအရုံးမှ စာပို့
by -
နိရဥ္စရာ

မြန်မာနိုင်ငံသို့ ရောက်ရှိနေသာ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တေးနားထံသို့ ဒက္ကား အခြေစိုက် ရခိုင်အမျိုးသမီး အစည်းအရုံးမှ ဇူလိုင်လ ၃၀ ရက်နေ့က စာတစ်စောင်ရေးသား ပေးပို့လိုက်သည်။

RWU-Shwe-gas-project

ရခိုင်အမျိုးသမီး အစည်းအရုံးသည် ရခိုင်ပြည်သူများ အတွက် ယခုလို ရှေ့တန်းမှ မားမားမတ်မတ်ရပ်ကာ တောင်းဆို တိုက်ပွဲလျှက်ရှိသည်။ ရွှေဂတ်စ်စီမံကိန်း ရပ်တန့်ရန် ယခုနှစ် ဧပြီလ ၃ ရက်နေ့က ဒက္ကားမြို့ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြနေကြပုံ ဖြစ်သည်။

စာရေးသား ပေးပို့ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU) ဥက္ကဌ ဒေါ်စောမြ ရာဇာလင်းက နိရဥ္စရာသို့ ပြောသည်။

“ တချို့ချို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ နိုင်ငံတကာ သတင်း မီဒီယာတွေမှာ ရေးသား နေကြတာတွေဟာ တဘက်စောင်းနင်း ဖြစ်နေတာတွေကို တွေ့နေရတယ်။ ရိုဟင်ဂျာဆိုတဲ့ သူတွေကို အထူး ဦးစားပေးပြီး အဖြစ်မှန်တွေကို ဖုံးကွယ်ထားကြတာကို တွေ့ရတယ်။ ဒီအတွက်ကြောင့် ဘယ်သူက လုပ်လို့ ဘယ်သူက အများကြီး ဒုက္ခ ရောက်နေရသလဲ။ ရခိုင်တွေဟာ ဘာကြောင့် ကိုယ့်ပြည် ကိုယ့်မြေမှာ အေးအေး ချမ်းချမ်း မနေနိုင်ဘဲ ဖြစ်နေရသလဲဆို တာကို ကမ္ဘာ့ ပြည်သူတွေ သိရှိအောင် ဖေါ်ထုတ်ဖို့အတွက် အစီရင်ခံစာတွေကို ဘက်မလိုက်ဘဲ အမှန် တရားဘက်က ရပ်တည် ရေးပေးဖို့ ကင်တားနာ ကို တောင်းဆိုရတာ  ဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် အတွင်း ဇွန်လ ၈ ရက်နေ့ကနေ  စတင်ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုနှင့်   ပတ်သက်ပြီး တိကျ မှန်ကန်သော အစီရင်ခံစာမျိုး ထွက်လာပါမှ ကမ္ဘာပြည်သူများ အနေဖြင့် အဖြစ်မှန်ကို သိရှိကြမည် ဖြစ်သဖြင့်  ၎င်းကဲ့သို့ အစီရင်ခံမျိုးကို  ဘက်မလိုက်ဘဲ ရေးသားပေးရန် လိုအပ်သဖြင့် မစ္စတာ ကင်တားနားကို တောင်းဆိုရခြင်း ဖြစ်ကြောင်း သူမက ဆိုသည်။

အဆိုပါ တောင်းဆိုစာထဲတွင် ရခိုင်ပြည်တွင် ဖြစ်ပွားခဲ့သည့် အကြောင်းအရာများကို နိုင်ငံတကာ အဖွဲ့ အ စည်းများက စိစစ်ပေးဖို့ ထည့်သွင်းဖေါ်ပြထားသည်ဟုလည်း သူမက ပြောသည်။

“ အခု မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် ဒီမြို့နယ်သုံးခုမှာ ဘာကြောင့် ကျွန်မတို့ ရခိုင်တွေဟာ လူများစုကနေ လူနည်းစု ဖြစ်လာရသလဲ။ အဲဒါဟာ အကြောင်းရင်းရှိတယ်လို့ ထောက်ပြထားပါတယ်။ အဲဒီအကြောင်းရင်းကို အမှန် တကယ် လေ့လာဖို့လိုပါတယ်။ နောက်ပြီးတော့ ရခိုင်ပြည်မှာ ရိုဟင်ဂျာဆိုတဲ့ သူတွေ အပြင် တချို့တချို့ လူမျိုးတွေလည်း ကျွန်မတို့ ရခိုင်ပြည်မှာ နေထိုင်လို့ ရှိပါတယ်။ ဒါပေမယ့် တခြားလူမျိုးတွေနဲ့ ဘာတခုမှ ပြဿနာ မဖြစ်ဘဲနဲ့ ရိုဟင်ဂျာဆိုပြီး နာမည်ခံနေတဲ့ လူတွေနဲ့ သာလျှင် ဘာကြောင့် ခုလို သတ်ပွဲရိုက်ပွဲတွေ ဖြစ်နေရ သလဲ ဆိုတာကို ကမ္ဘာပြည်သူလူထုတရပ်လုံးက၊ ကမ္ဘာ့ လူ့အခွင့်အရေးဌာနတွေက အမှန်တကယ် စီစစ်ဖို့ သိပ်အရေးကြီးတယ်လို့ ထောက်ပြထားတာ ပါပါတယ်” ဟု သူမက ဆိုသည်။

ယခုကဲ့သို့  မြန်မာ့ လူအခွင့်အရေး ကော်မရှင်က မှန်ကန်တိကျသော အစီရင်ခံစာကို ထုတ်ပြန်လိုက်ခြင်းဖြင့် အမျိုးမျိုးသော ၀ါဒဖြန့်နေကြသော အခြေအမြစ်မရှိသော သတင်းများကို အဆုံးသတ်စေမည် ဖြစ်ပြီး ရခိုင် ပြည်နယ်တွင် အမှန် တကယ် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်မှန်များကို ကမ္ဘာ့ပြည်သူတရပ်လုံးကသိရှိလာ နိုင်လိမ့်မည်ဟု ယုံကြည် မျော်လင့်ကြောင်း ဒေါ်စောမြရာဇာလင်းက ပြောသည်။

“ ကျွန်မတို့ မျော်လင့်တာက မစ္စတာ ကင်တားနားသာ ရခိုင်ပြည် အတွင်းမှာ ဒီလောက် လူဦးရေ များပြားလာ တာ ဘာကြောင့်လဲ၊ ဒီလို အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာတာ ဘာကြောင့်လဲ ဆိုတဲ့ အဖြစ်မှန်တွေ ကို သိသွားလို့ ရှိရင် သူက တဆင့် ကမ္ဘာ့ နိုင်ငံအသီးသီးကလည်း သေသေချာချာ သိလာမှာပါ။ အဲဒီလို သိလာလို့ ရှိရင် ရခိုင် ပြည်မှာ ဒီလိုအကြမ်းဖက်မှုတွေရဲ့ အရင်းအမြစ်ကို ဖေါ်ထုတ်လို့ ရနိုင်မယ်လို့ ကျွန်မအနေနဲ့ ယုံကြည်ပါ တယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား သည် ဇူလိုင်လ ၃၀ ရက်နေ့မှ သြဂတ်စ်လ ၄ ရက်နေ့အထိ လည်ပတ်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ယနေ့ (ဇူလိုင်လ ၃၁ ရက်နေ့) တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ဘူးသီးတောင်၊ မောင်တောသို့ သွားရောက်မည်ဟု သိရသည်။

ကင်တားနားသည် ယမန်နေ့က ရန်ကုန်မြို့တွင် ၀န်ကြီးဌာန (၅) ခုမှ တပြိုင်တည်း ပြုလုပ်သေ သတင်း စာရှင်းပွဲသို့ တက်ရောက်ခဲ့ပြီး အင်းစိန်ထောင်တွင် ကိုဖြိုးဝေအောင်နှင့် တွေ့ဆုံခဲ့သည်။ သူ့၏ ခရီးစဉ်အတွင်း အစိုးရ အရာရှိများ၊ နိုင်ငံရေးသမားများ၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့များနှင့် လူမှုအခြေပြု အဖွဲ့အစည်းများအပြင် ဒေါ်အောင်ဆန်းစု ကြည်နှင့်လည်း တွေ့ဆုံရန် ရှိသည်ဟု သိရသည်။

Most read this week