Published
Monday, December 16, 2024
မောင်တောတိုက်ပွဲမှာ စကခ ၁၅ တပ်မှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကို AA ကဖမ်းဆီးရမိ
- ရခိုင်ပြည် မောင်တောတိုက်ပွဲမှာ စကခ ၁၅ တပ်မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားကို အာရက္ခတပ်တော်(AA)က ဖမ်းဆီးရမိခဲ့ပါတယ်။
- ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ခေါင်းဆောင်တွေ တရုတ်အာဏာပိုင်တွေနဲ့ တွေ့ဆုံနေတုန်းမှာပဲ တရုတ်-ကချင်နယ်စပ်တစ်လျောက်က နယ်စပ်ဂိတ်အားလုံးကို တရုတ်က ပြန်ဖွင့်ပေးခဲ့ပါတယ်။
- ရွှေဘိုထောင်မှာ အကျဉ်းသားတွေကို ထောင်ဝင်စာတွေ့ရဖို့ နာရီဝက်ကို ကျပ် ၃ သိန်းပေးနေရပါတယ်။