ဆေးဝါးရှားပါးမှုကြောင့် သံတွဲက စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်များ မွေးဖွားရန် စိုးရိမ်နေကြ

ဆေးဝါးရှားပါးမှုကြောင့် သံတွဲက စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်များ မွေးဖွားရန် စိုးရိမ်နေကြ

ဆေးဝါးရှားပါးမှု၊ ဆေးရုံ/ဆေးခန်းများ ပိတ်ထားခြင်းကြောင့် သံတွဲမြို့နယ်က စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင်များမှာ ကလေးမွေးဖွားရေးနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေကြသည်။

စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်များမှာ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသည့်အပြင် စားဝတ်နေရေးအကျပ်အတည်းကြောင့် အစာအာဟာရ လုံလောက်စွာ မစားသုံးနိုင်သဖြင့် ဘေးကင်းစွာ ကလေးမွေးဖွားနိုင်‌ရေးအတွက် စိုးရိမ်စိတ်များ ဖြစ်နေကြသည်။

"ကိုယ်ဝန်ဆောင်နေချိန်အတွင်း အစားအသောက်တွေ သေချာမစားရတော့ ကလေးမွေးရင် ခြေတွေ၊ လက်တွေ စုံမလားလို့တောင် တွေးပူမိတယ်။ ကလေးမွေးမှာကိုပဲ အမြဲတွေးပူနေမိတယ်။ အစားအစာတောင် မပြည့်စုံတာ၊ ဆေးဝါးဆိုတာ မပြောနဲ့ ဖောလစ်အက်စစ် (ကိုယ်ဝန်ဆောင်မိခင်များသောက်သုံးဆေး) တောင် မသောက်နိုင်တာ ဘယ်လိုကလေးမွေးမယ်ဆိုတာ တွေးမိတိုင်း စိတ်ပူနေရတယ်" ဟု စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၏ အစ်မဖြစ်သူက ပြောသည်။

ကလေးမွေးဖွားသူ အချို့မှာလည်း ကိုယ်ဝန်ဆောင်စဉ် အစာအာဟာရပြည့်ဝစွာ မစားသောက်နိုင်ခြင်း၏ နောက်ဆက်တွဲအဖြစ် မွေးဖွားပြီးနောက် နို့မထွက်ခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။

"မိခင်တွေ အာဟာရချို့တဲ့လာတာကြောင့် မွေးဖွားပြီးခါစ ရက်သားအရွယ် ကလေးတွေကိုလည်း မိခင်နို့အစား ထမင်းကျွေးရတာတွေ ရှိတယ်။ စားနပ်ရိက္ခာနဲ့ဆေးဝါး မလုံလောက်တာကြောင့် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်တွေ ကလေးမီးဖွားဖို့ အဆင်မပြေမှုတွေရှိလာတယ်‌" ဟု လေးဝတီ (သံတွဲ) စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့မှ ဦးဖြိုးမောင်မောင်က ပြောသည်။

တစ်ဖက်တွင်လည်း ဆေးဝါးရှားပါးမှု၊ ဆေးရုံ/ဆေးခန်းပိတ်ထားမှုနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အချိန်မီ ဆေးဝါးကုသခွင့်မရသဖြင့် အသက်သေဆုံးမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ သုံးသောင်းကျော်အထိရှိပြီး တောင်ကုတ်၊ ဂွမြို့နယ်တို့မှပါဝင်ကာ ကူညီထောက်ပံ့မှုနည်းပါးသဖြင့် စားဝတ်နေရေးအကျပ်အတည်းဒဏ်ကို ရင်ဆိုင်နေကြရသည်။

"စစ်ဘေးရှောင် အရေအတွက်များတာကြောင့် ကူညီစောက်‌ရှောက်ပေးမှုတွေ လုပ်ပေးပေမယ့် မပြည့်စုံတာတွေ ရှိတယ်။ တခါတလေဆို ကျနော်တို့မှာလည်း ရိက္ခာပြတ်သွားတော့ ကူညီပေးမှုတွေလည်း ရပ်သွားတာတွေရှိတယ်" ဟု သံတွဲမြို့နယ်က စစ်ဘေးရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောသည်။

ရခိုင်တွင် စစ်ဘေးရှောင်ဦးရေ ၇ သိန်းနီးပါး တိုးလာနေပြီး ထိုအထဲတွင် ကလေးငယ်နှင့် အမျိုးသမီး အများစုပါဝင်ပြီး စားနပ်ရိက္ခာ၊ ဆေးဝါးခက်အခဲဒဏ်ကို ပို၍ ခံစားနေကြရသည်။

Most read this week

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူအချို့နှင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
December 2, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု...
December 2, 2024
ရခိုင်ပြည်၊ မောင်တောဒေသတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲများ...
မိုင်းလားမြို့တွင်းတစ်နေရာကို ၂၀၁၉ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)
November 29, 2024
တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် ရှမ်းပြည်နယ်၊ မိုင်းလား(ခရိုင်) ဒေသရောက်...
November 29, 2024
တောင်ကုတ်မြို့နယ်အတွင်း ထိုးစစ်စတင်ခဲ့သည့် နိုဝင်ဘာ ၄ ရက်မှ ၂၀ ရက်ထိ စစ်ကောင်စီတပ်စခန်း (၁၀)...