Published
Wednesday, March 20, 2024
ရေကာတာတည်ဆောက်မှုကိုမဆန့်ကျင်ရင် နောက်မျိုးဆက်သစ်တွေအတွက်စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်တယ်လို့ KRW ပြော
- ရေကာတာတည်ဆောက်မှုကိုမဆန့်ကျင်ရင် နောက်မျိုးဆက်သစ်တွေအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်တယ်လို့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့(KRW) က ပြောပါတယ်။
- ကျိုက်ဒုံစခန်းသိမ်းတိုက်ပွဲမှာ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၆၆ ယောက် လက်နက်ချပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ စစ်မြေပြင်သတင်းအရင်းအမြစ်က ပြောပါတယ်။
- ကရင်ပြည်နယ်၊ ဖားအံမြို့နယ် နို့ရတ်ကျေးရွာမှာ စစ်တပ်ကထောင်ထားတဲ့ မိုင်းကြောင့် ဒုက္ခိတဖြစ်သွားရသူ နော်အေးအေးနိုင်ရဲ့ ခါးသီးတဲ့ဘဝဖြတ်သန်းမှုအကြောင်းကိုလည်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။