Published
Saturday, January 06, 2024
ရဟတ်ယာဉ်ပစ်ချခံရပြီးနောက် လိုင်ဇာအနီး လိုင်စင်ဘွမ်တစ်ကြောကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ဗုံးကြဲ
- KIO ဌာနချုပ်အနီး စစ်ကောင်စီရဲ့ရဟတ်ယာဉ်တစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ပစ်ချနိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လိုင်ဇာအနီး လိုင်စင်ဘွမ်တစ်ကြောကို ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့ပါတယ်။
- ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ဒေသခံပြည်သူတွေ တကွဲတပြား ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
- အင်ဂျန်းယန်မြို့ကနေ ထွက်ခွာသွားကြတဲ့ အစိုးရကျောင်းဆရာ၊ ဆရာမတွေကို အသင်းတော်ခေါင်းဆောင်တွေနဲ့ ရပ်မိရပ်ဖတွေပြန်လည်ခေါ်ယူပြီး ကျောင်းပြန်လည်ဖွင့်လှစ်နေပြီလို့ သိရပါတယ်။