Published
Wednesday, December 20, 2023
၅/ မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေ ကချင်ပြည် ပန်ဝါမြို့ဘက် ဖြတ်သန်းသွားလာခွင့်ပိတ်ပင်
- စစ်ကိုင်းတိုင်းဒေသကြီး ၅/ (မျဉ်းစောင်း)မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို ကချင်ပြည် ပန်ဝါမြို့ဘက် ဖြတ်သန်းသွားလာခွင့်နဲ့ သတ္တုလုပ်ကွက်တွေနဲ့ တခြားလုပ်ငန်းတွေမှာ အလုပ်လာရောက်လုပ်ကိုင်ခွင့် ပိတ်ပင်ထားပါတယ်။
- မြစ်ကြီးနားမြို့က နိုင်ငံကူးလက်မှတ်ရုံးမှာ နိုင်ငံကူးလက်မှတ်(စာအုပ်) အသစ်လျှောက်ထားသူတွေနဲ့ သက်တမ်းတိုးပြုလုပ်လိုသူတွေကို လာမယ့်မတ်လအကုန်ထိ လက်ခံဆောင်ရွက်ပေးသွားတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။
- မြစ်ကြီးနားမြို့မှာ အင်တာနက်လိုင်းအားမကောင်းတာကြောင့် အွန်လိုင်းကနေ ပညာသင်ယူနေသူတွေ၊ အွန်လိုင်းလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ အခက်အခဲတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။