Published
Friday, December 08, 2023
ခမ်းပါတ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး
- ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒီနှစ်ထဲမှာ အရပ်သားပြည်သူ ၉ ယောက်သေဆုံးပြီး ၃၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မင်းတပ်က ထုတ်ပြန်ပါတယ်။
- စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပါတ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကြောင်းထိုးလာမှုတွေ ရှိနေပြီး ကာကွယ်ရေးပူးပေါင်းတပ်ဘက်ကလည်း အသင့်အနေအထားမှာ ရှိနေကြတယ်လို့ သိရပါတယ်။
- ကလေး-ဖလမ်းလမ်းမကြီးပိတ်ပင်ထားတာကြောင့် ဖလမ်းမြို့နယ်အတွင်း ဓာတ်ဆီတစ်ဂါလံ ၆၀,၀၀၀ အထိ မြင့်တက်လာပြီး ဆိုင်ကယ်အသုံးပြုမှုနည်းလာသလို တောင်ယာလုပ်ငန်းလုပ်ကိုင်ရာမှာလည်း အခက်ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။