Published
Monday, August 21, 2023
ကရင်နီဆိုတဲ့နာမည်အောက်မှာ စည်းလုံးညီညွတ်ကြဖို့ ကရင်နီပြည်တပ်မတော် စစ်ဦးစီးချုပ်က တိုက်တွန်းပြောကြား
- ကရင်နီပြည်တပ်မတော် စစ်ဦးစီးချုပ်က ကရင်နီဆိုတဲ့ နာမည်အောက်မှာ စည်းလုံးညီညွတ်ကြဖို့ ကရင်နီပြည်တပ်မတော်၊ ကရင်နီလူမျိုးများကာကွယ်ရေးတပ်ဖွဲ့နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ပြောကြားလိုက်ပါတယ်။
- ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ဆန်ပြတ်လပ်နေပါတယ်။
- ရာဇဝတ်လုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ဆက်လက်စစ်ဆေးနေဆဲပဲရှိတယ်လို့ KNU က ပြောပါတယ်။