ကော့ကရိတ်-မြဝတီအာရှလမ်း ပျက်စီး၍ လမ်းဟောင်းမှသွားသည့် ကားများကို စစ်တပ်က ငွေတောင်းကြမ်းနေ

ကော့ကရိတ်-မြဝတီအာရှလမ်း ပျက်စီး၍ လမ်းဟောင်းမှသွားသည့် ကားများကို စစ်တပ်က ငွေတောင်းကြမ်းနေ

မိုးများ အဆက်မပြတ်ရွာသွန်း၍ ကော့ကရိတ်-မြဝတီ အာရှ ကုန်သွယ်ရေး လမ်းမြေပြို ပျက်စီး‌၍ ယခင်လမ်း ဟောင်းကို ပြောင်းလဲအသုံးပြုသွားလာသည့် ကုန်ကားများသည် စစ်ကောင်စီတပ်၏ အဆမတန် ငွေကြေး ကောက်ခံမှုများနှင့် စစ်ဆေးမေးမြန်းခံရမှုများကို ကြုံတွေ့နေကြရကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သည့် ခရီးသည် တင်းကားသမားများက ပြောသည်။

မြဝတီ-ကောကရိတ် အာရှလမ်း၏ တောနော်ရေတံခွန်အနီးရှိ လမ်းပိုင်းတစ်နေရာတွင် မိုးအဆက်မပြတ် ရွာသွန်း ပြီး တောင်ကျရေ စီးဆင်းမှုပြင်းထန်၍ ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့က ရေတိုက်စားကာ လမ်းပိုင်းတစ်ခုလုံး မြေပြို ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် သွားလာရေး ရပ်တန့်သွားသောကြောင့် ကုန်ကားနှင့် ခရီးသည်တင် ယာဉ်များအနေဖြင့် ယခင်လမ်း ဟောင်းကို ပြန်လည်အသုံးပြုသွားလာရာတွင် ယခုလို စစ်ကောင်စီ၏ ငွေကြေးအဆမတန် တောင်းရမ်းမှုများကို ကြုံနေရခြင်းဖြစ်ကြောင်း ကိုယ်တွေ့ကြုံရသူ ယာဉ်မောင်းသမားတစ်ဦးက ပြောသည်။

၎င်းက “စစ်ကောင်စီတပ်တွေက တော်တော်ရစ်တယ်။ ပိုက်ဆံလည်း တော်တော် တောင်းတယ်။‌ ပစ္စည်းများ ရင် များ သလိုတောင်းတယ်။ ကျနော်ကားသေးတောင် ၆ သောင်းလောက်ကုန်တယ်။ တောင်ပေါ်မှာတော့ ကရင် စစ် သားတွေ၊ PDFတွေ လည်းရှိတယ်။ သူတို့တွေကတော့ ပိုက်ဆံမတောင်းဘူး။ ကားတွေ နည်းနည်းပါးပါးပဲ စစ်‌ ဆေးတယ်” ဟု ကေအိုင်စီသို့ပြောသည်။

ကော့ကရိတ်-မြဝတီ အာရှ ကုန်သွယ်ရေးလမ်း ပျက်သဖြင့် လမ်းဟောင်းကို ပြောင်းလဲ အသုံးပြုသွားလာနေ သည့် ပြည်သူများအနေဖြင့် လတ်တလောတွင် သွားလာ၍ ရနေသော်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ဖြင့် ရမ်းသမ်းပစ်ခတ်လာမည်ကိုသာ စိုးရိမ်ရမှာဖြစ်ကြောင်း KNLA ကျားဖြူစစ်ကြောင်းမှူး ဗိုလ်ကျော်သက်က ယခုကဲ့သို့ ပြောသည်။

“သွားလာတဲ့ပြည်သူတွေအခုကစိုးရိမ်စရာမရှိဘူး။ တစ်ခုပဲစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်း ပစ်တာပဲရှိ တယ်။ လမ်းမပေါ်မှာ တာဝန်ကျတဲ့ ကျနော်တို့ စစ်သားတွေတော့ သွားလာတဲ့ကားတွေ ကြည့်ရှုစစ်ဆေးတာ တော့ အနည်းငယ်ရှိမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အာရှကုန်သွယ်ရေးလမ်းသည် ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့တွင် မြေပြိုပျက်စီး သွားသဖြင့် ယခင်က သွား လာအသုံးပြုသည့် လမ်းဟောင်းနှင့် ထို့ကော်ကိုးလမ်းများကို ပြည်သူများ ပြောင်းလဲအသုံးပြု သွားလာကြသော် လည်း ရေကြီး ရေလျှံမှုကြောင့် လမ်းတံတားများပျက်စီးမှုရှိကာ သွားလာရေးအခက်အခဲရှိသည့်အပြင် ငွေကြေး ကောက်ခံသည့် ဂိတ်များစွာရှိကြောင်း သွားလာသူများက ပြောသည်။

ထို့အပြင် ၎င်းမြေပြိုပျက်စီးသွားသည့် အာရှလမ်းကို စစ်ကောင်စီတပ်မှ လာရောက်ကြည့် ရှုချိန်တွင် KNLA ဦးဆောင်သည့်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားသဖြင့် စစ်ကောင်းစီတပ်မှ အင်အားသုံး စစ်ကြောင်း ထိုးကာ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်သဖြင့် ရွာသစ်ကုန်းကျေးရွာရှိ ဒေသခံ အားလုံး နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရသေးကြောင်း ဒေသခံများက ပြောသည်။

ထိုပျက်စီးသွားသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းကို ယာယီဘေလီတံတားဖြင့် တစ်လအတွင်း ပြုပြင်သွား မည် ဖြစ်ကြောင်းလည်း စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ အလင်းသတင်းစာက ဩဂုတ်လ (၁၀) ရက်နေ့က သတင်းထုတ်ပြန်ထားသေးသည်။

Photo: CJ

November 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာနှင့် မယ်ထော်သလေးကျေးရွာအတွင်းရှိ တရုတ်ငွေလိမ်...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...