အမ်း-မင်းဘူး ရိုးလမ်းပေါ်ရှိကျေးရွာတချို့ကိုစစ်ကောင်စီက မီးရှို့ ၍အိမ်ခြေရာနှင့်ချီပြီးပျက်စီး

အမ်း-မင်းဘူး ရိုးလမ်းပေါ်ရှိကျေးရွာတချို့ကိုစစ်ကောင်စီက မီးရှို့ ၍အိမ်ခြေရာနှင့်ချီပြီးပျက်စီး

အမ်း-ပဒါန်း-မင်းဘူးလမ်းရှိ ငဖဲမြို့နယ်မှ ကျေးရွာတချို့ကို အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းများက မီးရှို့ဖျက်ဆီးသဖြင့်  နေအိမ်ရာနှင့်ချီပြီး မီးလောင်ပျက်စီးသွားကြောင်း သတင်းရရှိသည်။

မီးရှို့ခံရသည့် ကျေးရွာများမှာ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်မှ ဘုံဘောကျေးရွာ၊ ဂုတ်ကြီးကျေးရွာ၊ သဘောက်ရည်ကျေးရွာ တို့ဖြစ်သည်။

ဒေသအတွင်းက သတင်းရင်းမြစ်တစ်ဦးက "  မကွေးကနေ စစ်ကူပို့တဲ့စစ်ကြောင်းကမီးရှို့တာ။ တပ်မ (၈၈)က ဦးဆောင်တာ။ ရွာတွေကိုမီးရှို့ ဖျက်ဆီးသွားတာ။ နိုဝင်ဘာ၂၃ရက်နေ့က ဘုံဘောကျေးရွာကိုမီးရှို့တယ်။ ဒီနေ့တစ်ခါမီးရှို့တယ်။ ရွာက‌ နေအိမ် အလုံး၁၂၀ မီးပြာကျသွားပြီ။ ဒီနေ့ထပ်ရှို့တာက သဘော‌က်ရွာနဲ့ဂုတ်ကြီးရွာကိုရှို့တာ" ဟု ပြောသည်။

လက်ရှိ ကောက်ယူထားသည့် စာရင်းအရ မီးရှို့ခံရမှုကြောင့် ဂုတ်ကြီးကျေးရွာမှ အိမ်ခြေ ၈၉ လုံး၊ သဘောက်ရွာမှအိမ်ခြေ  ၃၀ ခန့်၊  ဘုံဘောရွာ မှ အိမ်ခြေ(၁၂၀)ကျော်ခန့် ပျက်စီးသွားကြောင်း သိရသည်။

မကွေးတိုင်းမှ  တိုက်ပွဲဖြစ်နေသည့် ရခိုင်ပြည် အမ်းမြို့ နပခသို့ စစ်ကူပို့သည့်စစ်ကောင်စီတပ်မှ ကားလမ်းတစ်လျှောက် စစ်ကြောင်းထိုးလာစဉ်လမ်းတစ်လျှောက်ရှိ ကျေးရွာများကို  နိုဝင်ဘာ ၂၃ရက်နေ့မှ ၂၅ ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းသတင်းအရင်းအမြစ်က နိရဉ္စရာကို ပြောသည်။

စစ်ကောင်စီ၏မီးရှို့မှုကြောင့် ဒေသခံပြည်သူရာပေါင်းများစွာမှာ ဆောက်တည်ရာမရ ခြေဦးတည့်ရာသို့ထွက်ပြေးနေကြရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

" စစ်တပ်ကမီးဝင်ရှို့လို့ ပြေးနေရတယ်။ ဘာတခုမှယူဖို့မရဘူး။ သူတို့က ဒီရွာကရွာသားတွေက AA၊ အရှိုချင်းတပ်ဖွဲ နဲ့ pdf တွေကို အားပေးထောက်ခံတဲ့ရွာဆိုပြီး မီးရှို့တာပါ။ ကျမတို့ရွာသူ/ရွာသားတွေမှာ ဘာအပြစ်မှမရှိပါဘူး" ဟု ပြောသည်။

ယင်းအပြင် စစ်ကောင်စီသည် ဂုတ်ကြီးကျေးရွာအနီးတစ်ဝိုက်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့နိုဝင်ဘာ၂၅ရက်နေ့နံနက်ပိုင်းက မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းတွင်အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ စစ်ကူသွားသည့် စစ်ကားများကိုလုံခြုံရေးယူပေးနေသည့်စစ်သားများကို ချင်းကာကွယ်ရေးတပ်-အရှို ( CDF-Asho )မှ  ချုံခိုတိုက်ခိုက်ခဲ့၍ စစ်တပ်ဘက်က (၄)ဦးကျဆုံးခဲ့ပြီး  ထိခိုက်ဒဏ်ရာရရှိမှုလည်းများပြားခဲ့ကာ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

အလားတူ နိုဝင်ဘာ ၂ဝ ရက်၊ ညနေ ၄နာရီခန့်ကလည်း ချုံခိုတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၉ ဦးသေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရ ရှိခဲ့သည်ဟု သိရသည်။

အမ်းနပခသို့စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို  အာရက္ခတပ်တော်(AA)၊ CDF -Ahso အရှိုချင်းနှင့်လူထုတော်လှန်ရေးမဟာမိတ်အင်အားစု တပ်ဖွဲ့(PRA-Magway) များ ချုံခိုတိုက်ခိုက်မှုများရှိနေသဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများရှိနေကြောင်း သိရသည်။

အမ်းနပခဌာနချုပ်တွင် အကျအရှုံးများနေသဖြင့်နိုဝင်ဘာ ၂၀ ရက်နေ့မှစ၍ စစ်ကောင်စီမှ မကွေးမှစစ်ကားဖြင့် အင်အားထောင်နှင့်ချီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

Photo- စစ်တွေ တောကန်ရွာကို ယခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့က စစ်ကောင်စီတပ်ကမီးရှို့နေစဉ်။

Most read this week

December 20, 2024
ရခိုင်က ဂွမြို့နယ်မှာ ပြင်းထန်စွာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးတိုးမြှင့်တဲ့အနေနဲ့...
December 17, 2024
ရခိုင်ပြည်တွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ပြည်မဘက်သို့ စစ်ဘေးရှောင်သွားရာတွင် ဖြတ်သန်း...
December 17, 2024
အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်းရှိ နေရာအများအပြားကို အာရက္ခတပ်တော် (AA...
ဓာတ်ပုံ - ပုံဟောင်းသာ
December 16, 2024
ဧရာ၀တီတိုင်း ပင်လယ်ကမ်းခြေ မြို့နယ်ခွဲတစ်ခုဖြစ်သော ငွေသောင်ယံတွင် စစ်ဘေးရှောင်နေကြသည့်...