ကလေးမြို့နယ်တွင် အခွန်မဆောင်တဲ့ လုပ်ငန်းရှင်တွေကို အရေးယူဆောင်ရွက်မှု စတင်ပြီလို့ဆို

ကလေးမြို့နယ်တွင် အခွန်မဆောင်တဲ့ လုပ်ငန်းရှင်တွေကို အရေးယူဆောင်ရွက်မှု စတင်ပြီလို့ဆို

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်နဲ့ ကလေးမြို့နယ်အတွင်းရှိ အခွန်မဆောင်သော လုပ်ငန်းရှင်တွေကို ဥပဒေနဲ့အညီ အရေး ယူဆောင်ရွက်မှု စတင်နေပြီလို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ ပြည်သူလူထုအား ဝန်ဆောင်မှုပေးနိုင်ဖို့နဲ့ အမျိုးသားညီညွတ် ရေး အစိုးရ ယန္တယား လည်ပတ်နိုင်ရေးအတွက် ပြည်သူလူထုကို ဝန်မပိစေဘဲ စီးပွါးရေးလုပ်ငန်းရှင်ကြီးတွေကို အဓိကထားကာ အခွန်စနစ် စတင်ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

အဲ့ဒီအတွက် မေလ ၂၆ ရက်နေ့ကစပြီး ၁၀ ရက်အတွင်း ပညာပေးကာလအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ဇွန်လ ၅ ရက်နေ့မှ စတင်ကာ အရေးယူမှုတွေ စတင်ဆောင်ရွက်တာဖြစ်တယ်လို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

“အခုဆောင်တဲ့လူလဲ ဆောင်နေကြပြီပေါ့နော်။ အခွန်မဆောင်ထားတဲ့ ဆိုင်က ပစ္စည်းပါလာတယ်ဆိုရင် ကျွန် တော်တို့ ခဏထိန်းသိမ်းထားတယ်။ အခွန်ဆောင် မလားဆိုပြီးမေးတယ်။ သူတို့ဆောင်မယ် ပြောရင် အခွန် စည်းကမ်းအတိုင်းပဲ ပေးခိုင်းတယ်ပေါ့“ လို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးကပြောပါတယ်။

ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အခွန်ကနေရရှိလာတဲ့ ငွေကြေးတွေကို ကြားကာလပညာရေး ကဏ္ဍတွေမှာ ပြန်လည်အသုံးပြုသွားမှာဖြစ်ပြီး အလေအလွင့်မရှိအောင် လုပ်ဆောင်မယ်လို့ အာမခံကြောင်း သူက ဆက်ပြောပါတယ်။

“ဒီတော်လှန်ရေးက အခု အစိုးရ ပုံစံဖြစ်သွားပြီပေါ့နော်။ ဒီဖက်မှာ အမျိုးသားညီညွတ်ရေး အစိုးရပေါ့ တစ်ဖက် မှာ စစ်ကောင်စီအစိုးရပေါ့။ ဆိုတော့ ကျွန်တော်တို့ နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရဆိုတာ အခွန်ကနေ လည်ပတ်တာပေါ့ နော်။ ဆိုတော့ အခုရရှိထားတဲ့ အခွန်တွေကလည်း ထိန်းချုပ်နယ်မြေတွေမှာလုပ်ပေးထားတဲ့ ပညာရေး နယ်ပယ် တွေမှာ အသုံးပြုသွားမှာဖြစ်တယ်ပေါ့နော် အဲအတွက် ပြည်သူတွေအခွန်ဆောင်ထားတာနဲ့ပါတ်သက်ပြီး တစုံ တရာ အလေအလွင့်မရှိအောင် ကျွန်တော်တို့ အပြည့်အဝ တာဝန်ယူပေးတယ်ပေါ့နော်” လို့ ဆက်ပြောပါတယ်။

အခွန်ပေးဆောင်ရမယ့် လုပ်ငန်းအမျိုးအစားတွေကို သယံဇာတနဲ့ စည်ပင်ဆိုပြီး နှစ်မျိုးခွဲထားရာ မြေပြင်ကရော အွန်လိုင်းကနေပါ အခွန်ဆောင်နိုင်ပါတယ်။

တကယ်လို့ အခွန်ဆောင်ခြင်းမရှိတဲ့ လုပ်ငန်းရှင်တွေရဲ့ ကုန်ပစ္စည်းတွေကိုတော့ ဖြတ်သန်းခွင့်ပြုမှာ မဟုတ်ဘူးလို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

“မြို့ပေါ်က လုပ်ငန်းရှင်တွေက သူတို့ပစ္စည်း နယ်တွေမှာ ဖြန့်ရတာပဲလေ၊ ဖြန့်တဲ့ခါမှာ ကျွန်တော်တို့ ထိန်းချုပ် နယ်မြေတွေမှာ အခွန်မဆောင်ထားတဲ့ လုပ်ငန်းရှင်ရဲ့ ပစ္စည်းကို ကျွန်တော်တို့ ဖြတ်သန်းခွင့်ပြုမှာ မဟုတ်ဘူးပေါ့ နော်။ အဲဒါကို ကျွန်တော်တို့ ကလေးမြို့ပဲ မဟုတ်ဘူး။ တခြား ပအဖ ဖွဲ့ပြီးသား မြို့နယ် အကုန်လုံးနဲ့ ချိတ်ဆက် ပြီးတော့ လုပ်တာပေါ့” လို့ ကလေးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောပါတယ်။

ကလေးမြို့နယ်အတွင်းမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ လုပ်ငန်းရှင်ပြည်သူတွေထံ အခွန်ကောက်ခံမှုနဲ့ ပတ် သက်ပြီး ကလေးမြို့က တက်ကြွလှုပ်ရှားသူတစ်ဦးက အခုလို သုံးသပ်ပါတယ်။

“အခွန်ဆိုတာတော့ ပေးသင့်တဲ့ဟာပေါ့နော် ဒီမိုကရေစီနိုင်ငံကြီးတွေမှာလည်း အခွန်မဆောင်ရင် နိုင်ငံတော်က လည်ပတ်လို့ မရဘူးလေ။ သို့ပေမယ့် ကျနော်တို့ အခြေအနေလိုမျိုးမှာ တော်လှန်ရေး အခြေအနေဆိုတော့ ပြည် သူတွေက ရပ်တည်ဖို့ နေ့စဉ်ဘဝ ဖြတ်သန်းဖို့တောင်မှ ရုန်းကန်နေရတဲ့ အခြေအနေရောက်နေတယ်။ ဒါပေမယ့် လုပ်ငန်းရှင်တွေအနေနဲ့က ပေးသင့်တယ်။ တကယ်လို့ ပ.အ.ဖ ပဲဖြစ်ဖြစ် PDF ပဲဖြစ်ဖြစ် အခွန်ကို တောင်းတယ် ဆိုရင် နောက်ဆက်တွဲဖြစ်လာမယ့် ပြည်သူအတွက်ရော ဘယ်လောက်ထိ လုံခြုံမှုပေးနိုင်မလဲ ဆိုတဲ့ဟာ အရေး ကြီး ဆုံးပေါ့။ သူတို့ရဲ့ လုံခြုံမှု ဘယ်လောက်ထိ ထောက်ပံ့ ပေးနိုင်မလဲ ဆိုတဲ့ဟာ ပိုအရေးကြီး တယ်လို့မြင် တယ်” လို့ ကလေးမြို့က တက်ကြွလှုပ်ရှားသူတစ်ဦး ကသုံးသပ်ပါတယ်။

အခွန်ဆောင်ရမယ့် လုပ်ငန်း အမျိုးအစားတွေကတော့ သယံဇာတအခွန်မှာ ရေနံ၊ ကျောက်ခွဲစက်၊ အုတ်ဖို၊ အုတ် ခွေ၊ ကျောက်ခွေ၊ မီးသွေးအိတ်၊ ထင်း၊ ဝါး၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ တို့ဖြစ်ပါတယ်။

စည်ပင်အခွန်မှာတော့ ကုန်စုံဆိုင်၊ လိုင်းကား၊ လိုင်းကားယာဉ်ထွက်ခွင့်၊ သီးနှံပွဲရုံ၊ သစ်စက်၊ ယစ်မျိုး တို့ပါဝင် တယ်လို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...
November 7, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့်...