လိင်အကြမ်းဖက်ကျူးလွန်ခံရပြီး လွတ်မြောက်လာသူများကိုဂုဏ်ပြုပွဲ ပြုလုပ်

လိင်အကြမ်းဖက်ကျူးလွန်ခံရပြီး လွတ်မြောက်လာသူများကိုဂုဏ်ပြုပွဲ ပြုလုပ်

လိင်အကြမ်းဖက် ကျူးလွန်ခံနေရသူများကို ဝိုင်းဝန်းဖေးမပြီး ဂုဏ်ပြုပေးသည့် အနေဖြင့် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လိင်အကြမ်းဖက်မှုပပျောက်ရေးနေ့တွင် လိင်အကြမ်းဖက် ကျူးလွန်ခံရပြီး လွတ်မြောက်လာသူများအား ဂုဏ်ပြုပွဲကို ထိုင်းနိုင်ငံမဲဆောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

လိင်အကြမ်းဖက် ကျူးလွန်ခံရပြီး လွတ်မြောက်လာသူများနှင့် လိင်အကြမ်းဖက် ကျူးလွန်ခံရရာမှ အသက်ပေး သွားသည့် သူများကို ဂုဏ်ပြုရန်အတွက် အဆိုပါအခမ်းအနားကိုအဓိက ကျင်းပရခြင်းဖြစ်သည်ဟု အခမ်းအနား ကျင်းပစီစဉ်သူ နန်းအိ က ကေအိုင်စီသို့ ယခုလိုပြောသည်။

၎င်းက ”နိုင်ငံတကာမှာ လိင်ပိုင်းဆိုင်ရာမှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ အမျိုးသားတွေ ကလေးသူငယ် တွေ အများကြီးရှိတယ်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကနေ လွတ်မြောက်လာသူတွေကို ဂုဏ်ပြုတဲ့ ပွဲ လည်းဖြစ်တယ်။ အသက်ပေးပြီးတော့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့သူတွေကို အသိမှတ်ပြု၍သော်လည်း ကောင်း ဂုဏ်ပြုတဲ့အနေနဲ့ ဒီလိုပွဲကို လုပ်ရခြင်းဖြစ်တယ်” ဟု နန်းအိက ပြောသည်။

ထို့နောက် လူနေမှုအဆင့်အတန်းမြင့်မားလာသော်လည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ မပျောက်ကွယ်သည့် အပြင် ပိုမိုများလာဆဲဖြစ်နေသည့်အတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရသည့် သူများအနေဖြင့် လူမှု အသိုင်းအဝိုင်းတွင် ပွင့်လင်းမြင်သာစွာ တိုင်ပင် ဆွေးနွေးသင့်ကြောင်းကိုလည်း အဆိုပါကျင်းပသည့် အခမ်း အနားထဲတွင် တိုက်တွန်း ပြောဆိုသွားခဲ့သည်။

အခမ်းအနားကို THE SPACE Youth Learning Center မှဦးဆောင်ကျင်းပပြီး နိုင်ငံအတွင်း အကြောင်းအမျိုးမျိုး ကြောင့် ရွှေ့ပြောင်းလာသူများ၊ LGBTအရေးဆောင်ရွက်သူများနှင့် အမျိုးသမီးအရေးဆောင်ရွက်သူများမှ ပါဝင် တက်ရောက်ခဲ့ ကြသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် LGBT အရေးဆောင်ရွက်သူတစ်ဦးက “စိတ်ပိုင်းဆိုင်ရာ ပြုပြီးဆိုရင် လိင် အကြမ်း ဖက်မှုတွေကို ပြုလုပ်ရန်အတွက် အုတ်မြစ်ချနေပြီးလို့ကျနော်တို့ယူဆရမယ်ပေါ့။ ဒီလိုမျိုး လုပ်လာပြီး ဆိုရင် ကိုယ့်ပတ် ဝန်းကျင်ကို အသိပေးပါ။ အဖွဲ့အစည်းတွေရှိပါတယ်။ ပြီးတော့ လိင်ပိုင်းဆိုင်ရာ ပြုလုပ်ပြီးဆို ရင် Record ယူထားပါ။ သက်ဆိုင်ရာအဆင့်ဆင့်တိုင်ကြားပါ။ ကိုယ်လုပ်တာမဟုတ်ရင်တောင်မှ သူများလုပ်တာ တွေ့ရင်တားမြစ်ပါ တိုင်ကြားပါ” ဟု ကေအိုင်စီသို့ပြောသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးသည့်နောက်တွင် မြန်မာနိုင်ငံတွင် အမျိုးသမီးများ အပေါ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့်ပတ်သက်၍ ကျူးလွန်ခံရသည့်သူများသည် တရားမျှတမှုရရှိရန်အတွက် လမ်းပျောက်နေပြီး အမျိုးသမီးများ အတွက်လုံခြုံငြိမ်းချမ်းသည့် လူမှုအသိုင်းအဝိုင်းအဝန်းမှာလည်း တစ်ဖြည်းဖြည်း ပျောက်ဆုံး လာနေသည်ဟု အမျိုးသမီး များအဖွဲ့ချုပ်(မြန်မာနိုင်ငံ)BWU၏ နိုင်ငံရေးမတည်ငြိမ်မှုနှင့်အတူ အမျိုးသမီးများရင် ဆိုင်နေရသည့် ဇွန်လထုတ် သုံးသပ်ချက်စာတမ်းတွင်လည်း ဖော်ပြထားကြောင်းတွေ့ရသည်။

November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...