တအာင်းစာရေးထိုးထားသော ရွာဝင် ဆိုင်းဘုတ်များ စစ်ကောင်စီ ဖြုတ်

တအာင်းစာရေးထိုးထားသော ရွာဝင် ဆိုင်းဘုတ်များ စစ်ကောင်စီ ဖြုတ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းရှိ တအာင်း (ပလောင်) ကျေးရွာ ၃ ရွာက ရွာအဝင်ဆိုင်းဘုတ် များကို စစ်ကောင်စီတပ်က လိုက်လံဖျက်ဆီးနေသည်ဟု ဒေသခံများက ပြောသည်။

ဇွန်လ ၁၃ ရက်နေ့က လားရှိုးမြို့နယ်အတွင်းရှိ ခေးနင်းကျေးရွာ အဝင် ဆိုင်းဘုတ် ထပ်မံဖျက်ဆီးခံလိုက်ရသည်။

ဒေသခံ တစ်ဦးက “သူတို့လာတာက အယောက် ၃၀ လောက်ရှိတယ်။ စစ်သားဝတ်စုံတွေနဲ့ပဲ။ သူတို့ ပြောတာက တော့ အထက်အမိန့်အရ ဖျက်ဆီးရတာ ဖြစ်တယ်လို့ ပြောတယ်” ဟု ပြောသည်။

ဇွန်လ ၁၂ ရက်နေ့ကလည်း ခေးနင်းကျေးရွာအုပ်စုအတွင်းရှိ ပိန်ညောင်ကျေးရွာ၊ စံဖြတ်ကျေးရွာ အဝင်ရှိ ဆိုင်း ဘုတ်များ ဖျက်ဆီးခံလိုက်ရသည်။

ယခု စစ်တပ်က လိုက်လံ ဖျက်ဆီးနေသည့် ရွာအဝင်ဆိုင်းဘုတ်များမှာ တအာင်းဘာသာစာဖြင့် ရေးကာ စိုက်ထူ ထားသည့် ဆိုင်းဘုတ်များ ဖြစ်သည်။

၎င်းကိစ္စနှင့်စပ်လျဉ်းပြီး လားရှိုးမြို့နယ်၊ တအာင်း(ပလောင်)စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီတပ်မှ တအာင်း(ပလောင်) အလံ၊ တအာင်းစာနဲ့ တအာင်းရိုးရာ ယဉ်ကျေးမှုပုံပါတဲ့ ရွာအဝင် ဆိုင်း ဘုတ်တွေကို ခွင့်ပြုချက် မတောင်းဘဲ ဆောက်လုပ်တာကြောင့် လိုက်လံဖျက်ဆီးတာလို့ သိရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မိမိတို့အဖွဲ့အနေနဲ့ ဖြေးရှင်းနိုင်ဖို့ ဆွေးနွေးနေတုန်း ဖြစ်တယ်” ဟု ပြောသည်။

ဇွန်လ ၉ ရက်နေ့ကလည်း လားရှိုးမြို့နယ်အတွင်းရှိ တအာင်းကျေးရွာများဖြစ်သည့် တောင့်တလောင်၊ နောင်ယုံး၊ ကောင်းခါး၊ တောင်နောက်နှင့် ရွာသစ်ကျေးရွာများမှ ဆိုင်းဘုတ်များကို စစ်တပ်က ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီ လက်အောက်ခံ တပ်သားများ လိုက်လံ ဖျက်ဆီးနေသည့် တအာင်းဘာသာစာဖြင့် ရေးသားထား သည့် ရွာဆိုင်းဘုတ်များ၊ တအာင်းအလံများ၊ တအာင်းစာပေနှင့် ရိုးရာယဉ်ကျေးမှု ရုပ်ပုံပါ ဆိုင်းဘုတ်များ ဖြစ် သည်။

လားရှိုးမြို့နယ်သည် တိုင်းရင်းသားပေါင်းစုံ နေထိုင်သည့်မြို့ ဖြစ်သော်လည်း ယခုကဲ့သို့ တအာင်း လူမျိုး တစ်မျိုး တည်းကိုသာ ပစ်မှတ်ထားပြီး လိုက်လံဖျက်စီးခြင်း ဖြစ်သည်ဟု တအာင်းဒေသခံများက ပြောသည်။

ယခုကဲ့သို့ စစ်တပ်က လိုက်လံလုပ်ဆောင်နေသည် မေလအတွင်း မိုင်းလားတွင် ကျင်းပခဲ့သည့် ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြားက ဆွေးနွေးမှု ပျက်သွားသည့်ကိစ္စနှင့် ဆက်စပ်မှုရှိနိုင်သည်ဟု မှတ်ချက်ပေးသူများ လည်း ရှိနေသည်။

သို့သော် မည်သို့သော အကြောင်းကြောင့် ယခုကဲ့သို့ တအာင်းကျေးရွာအဝင် ဆိုင်းဘုတ်များကို ဖျက်ဆီးနေသည် ကိုမူ သတင်းနှင့်မီဒီယာရက် သတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရှမ်းပြည်နယ်အတွင်းရှိ မြို့အဝင်ဆိုင်းဘုတ်များ၊ ရွာအဝင်ဆိုင်းဘုတ်များမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အရပ်သားအစိုးရ မတိုင်ခင် အစောပိုင်းကတည်းက ရှမ်းဘာသာ၊ တအာင်းဘာသာ၊ အချို့ကျေးရွာများတွင် ကချင်ဘာသာဖြင့် ရေးသားကာ စိုက်ထူထားကြခြင်း ဖြစ်သည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...