သရက်ချောင်းမြို့ ရဲစခန်းရှေ့တွင် စစ်ဆေးရေးဂိတ်ချပြီး ငွေညှစ်တောင်းခံမှုများပြုလုပ်

သရက်ချောင်းမြို့ ရဲစခန်းရှေ့တွင် စစ်ဆေးရေးဂိတ်ချပြီး ငွေညှစ်တောင်းခံမှုများပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ သရက်ချောင်းမြို့ပေါ်ရှိ မြို့နယ် ရဲစခန်းအရှေ့တွင် စစ်ဆေး ရေး ဂိတ်ချပြီး ဖြတ်သန်းသွားလာသည့် ယာဉ်များထံမှ ငွေညှစ်တောင်းခံမှုများ ပြုလုပ်လျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

ယခုဇွန်လ ပထမအပတ်မှ စတင်ကာ နေ့စဉ် နံနက် ၆ နာရီအချိန်ဝန်းကျင်မှစ၍ အချိန်ပြည့် စစ်ဆေးမှုများ ပြု လုပ်လျက်ရှိပြီး ဖြတ်သန်းသွားလာသည့် ယာဉ်များထံမှ အကြောင်းအမျိုးမျိုးပြကာ ကားပေါ်ပါ လာသည့် ပစ္စည်း များကို စစ်ဆေးမှုများပြုလုပ်ပြီး ငွေညှစ်တောင်းခံမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ သရက် ချောင်းမြို့ခံတစ်ဦးက ပြောသည်။

“ကားပေါ်ပါတဲ့ပစ္စည်းတွေကို တစ်ခုပြီးတစ်ခုစစ်တယ်။ သူတို့စိတ်တိုင်းကျမှ ပေးသွားတယ်။ ပြီးတော့ ဘောလုံး ကားတွေပေါ့ အဲ့ကားတွေကျတော့ သောင်းချီတောင်းသလောက်ပေးရတယ်။ အဲ့ဒီမှာက ရဲသက်သက်ပဲ။ ပိုက်ဆံ တောင်းနေတာ။ ရွာတွေဘက်မှာ တိုက်ပွဲဖြစ်နေတော့ အခုလိုဂိတ်ချပြီး ပိုက်ဆံတောင်းနေတာ” ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် သရက်ချောင်းမြို့နယ်အတွင်းရှိ သရက်ချောင်းရဲစခန်းဂိတ်အပါအဝင် ပေါက်တိုင်း တံတား စစ်ဆေး ရေးဂိတ်၊ ရွှေဂူတံတား စစ်ဆေးရေးဂိတ်၊ ဥတ္တူတံတား စစ်ဆေးရေး ဂိတ်များတွင်လည်း အလားတူ ငွေညှစ် တောင်းခံမှုများ ပြုလုပ်လျက်ရှိနေကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

အဆိုပါ လုပ်ရပ်များသည် တရားမဝင်ကြောင်းနှင့် စစ်အာဏာရှင်လက်အောက် ကာလတွင်ဥပဒေကို လက်ကိုင် တုတ် သဖွယ် ပြုလုပ်ပြီးပြည်သူများအပေါ် နိုင်ထက်စီးနင်းခြင်းသာ ဖြစ်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု -CDM ပြုလုပ်ထားသည့် ဒုတပ်ကြပ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ရဲတွေက ပြည်သူတွေဆီကနေ ပိုက်ဆံတောင်းဖို့ကကျတော့ ဘယ်ဥပဒေသမှ ပြထားတာ တော့မရှိဘူး။ ဒါပေမဲ့လည်း အရင်အဆက်ဆက်ကတည်းက ဒါတွေက နားလည်မှုနဲ့ အပေးအယူတွေ ရှိခဲ့ကြတယ်။ အခု အခြေ အနေမှာတော့ ဒီကောင်တွေရဲ့ အနိုင်ကျင့်တောင်းရမ်းမှု‌တွေက ပိုမို များပြား လာ တယ်။ ဘာကြောင့်လဲဆိုတော့ ဒီကောင်တွေရဲ့ပါးစပ်ပေါက်က ထွက်တဲ့ဟာမှန်သမျှက လုပ်ချင် တာမှန်သမျှကို ဥပဒေဆိုပြီးတော့ လုပ်နေကြ တယ်” ဟု ပြောသည်။

အလားတူ အဆိုပါသရက်ချောင်းမြို့အနီးရှိ ရငဲကျေးရွာတွင်လည်း အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ စစ် ကြောင်းထိုးဝင်ရာက်ပြီး နေအိမ် လေးလုံးထက်မနည်းကို မီးရှို့ခဲ့သည်။

ထို့အပြင် ဒေသခံများကို ဖမ်းဆီးခြင်းနှင့် နေအိမ်၊ စျေး ဆိုင်များကို ဖျက်ဆီးခြင်း၊ တန်ဖိုးကြီး ပစ္စည်းအပြင် ဖုန်း၊ အဝတ်အထည် နှင့် စားသောက်ကုန် ပစ္စည်းများကို ယူဆောင်သွားခြင်းများ ပြုလုပ်ခဲ့သေးကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...