ဖားဆောင်းမြို့ အနီးက သံလွင်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီလေယာဉ်ဗုံးကြဲတိုက်ခိုက်

ဖားဆောင်းမြို့ အနီးက သံလွင်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီလေယာဉ်ဗုံးကြဲတိုက်ခိုက်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အနီးက သံလွင်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီက လေယာဉ်နဲ့ ၃ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေလည်း အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ ဖားဆောင်းမြို့ဒေသခံတွေက ပြောပါတယ်။

ယမန်နေ့ (ဇွန်လ ၁၄ ရက်) ည ၇ နာရီကျော်အချိန်မှာ လေယောဉ်နဲ့ ဗုံးကြဲသွားတာလို့ ပြောပါတယ်။

“လေယာဉ်လာကြဲတာကတော့ မနေ့က ည ၇ နာရီ ၉မိနစ်လောက်ပေါ့ ဖားဆောင်းမြို့ပေါ်ကနေ လေယာဉ် စဖြတ် ပြီးတော့ ပျံသွားတယ်။ တော်တော်နိမ့်နိမ့်လေး ပျံပြီးတော့ သံလွင်အရှေ့ဘက်ခြမ်း တစ်နေရာမှာ ဗုံးကြဲတယ် သုံးခါလောက်ဗုံးကြဲ သွားတယ်ပေါ့နော။ ဘယ်နေရာလဲတော့ အတိအကျမသိသေးဘူးပေါ့နော်” လို့ ဖားဆောင်း မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လေယာဉ်ဗုံးကြဲမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်မှု၊ ပျက်စီးမှုကိုတော့ မသိရှိရသေးပါဘူး။

ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့၊ မနက်မှာတော့ ဒေသခံတွေက လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှု တွေကို စိုးရိမ်ထိတ်လန့်နေကြပြီး ဘုန်းကြီးကျောင်းမှာ တချို့သွားရောက်ခိုလှုံကြသလို ဈေးဆိုင်အားလုံးက လည်း ပိတ်ကြထားကြတယ်လို့ ဖားဆောင်းမြို့ခံတစ်ဦးက ဆက်ပြောပါတယ်။

“သူတို့တွေရဲ့စိုးရိမ်ပူပန်မှုတွေက များတယ်ပေါ့နော ဒီလိုမျိုးလည်း တစ်ခါမှ ဒီလိုမျိုးအနီးကပ်မကြားဖူးတော့ အရမ်းစိုးရိမ်ကြတယ်ပေါ့။ မနေ့ညကတည်းက လက်နက်ကြီးတွေပစ်တယ် လေယာဉ်တွေပစ်ကတည်းက တချို့ကတော့ ဘုန်းကြီးကျောင်းကို ရှောင်ပြေးကြတယ်။ တချို့ကတော့ သူတို့အိမ်မှာပဲနေကြတယ်။ အခြေ အနေ ထပ်ဆိုးလာမှာ ကြောက်တယ်။ အဲ့ဒါကြောင့်မလို့ အပြင်မထွက်ကြဘူး ဆိုင်တွေလည်း အားလုံး ပိတ်ထား ကြပြီ။ ဒီရက်တော့ မနက်ပိုင်းမှာတော့” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။ မ

မနေ့က ဇွန်လ ၁၄ ရက်နေ့ နေ့လည်ခင်းကတည်းက ဖားဆောင်းမြို့ကနေ သံလွင်အရှေ့ဘက်ခြမ်းကို လက်နက် ကြီး ပစ်ခတ်နေပြီး ဒီကနေ့ မနက် ၁ နာရီဝန်းကျင်နဲ့ ၄ နာရီကျော်အချိန်မှာလည်း ပစ်ခတ်မှုရှိခဲ့တယ်လို့ ဒေသခံ တွေဆီကနေ သိရပါတယ်။

ဖားဆောင်းမြို့တွင်းကို စစ်ကောင်စီက လုံခြုံရေးအင်အားတိုးချဲ့ပြီး ဆိုင်ကယ်နဲ့ မြို့တွင်း လှည့်လည်တာတွေ ပြုလုပ်သလို ဖားဆောင်းမြို့က သံလွင်တံတားမှာလည်း အင်အားတိုးချဲ့ထားတာရှိတယ်လို့ ဒေသခံပြောကြား ချက်အရ သိရပါတယ်။

ဖားဆောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရင်းနှစ်ခု ဖြစ်တဲ့ ခလရ ၁၃၄၊ ခလရ ၁၃၅ ရှိပြီး မည်သည့်တပ်ရင်းက လက်နက်ကြီးပစ်ခတ်တာကိုတော့ မသိရှိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

December 20, 2024
ကရင်နီပြည်ရှိ အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ရှားမှုမှာ ပါဝင်ကြတဲ့ CDM ဝန်ထမ်းတွေကို...
December 17, 2024
ကရင်နီပြည်ရဲ့ မြို့တော် လွိုင်ကော်မှာ ညဖက် အသွားအလာလုပ်ပါက စစ်ကောင်စီက ဖမ်းဆီးမှုတွေ...
December 16, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက...