စပါးစိုက်ရန် လယ်ထဲဆင်းသူ မိုင်းနင်းမိပြီး ခြေထောက်ပြတ်

စပါးစိုက်ရန် လယ်ထဲဆင်းသူ မိုင်းနင်းမိပြီး ခြေထောက်ပြတ်

စပါးစိုက်ပျိုးရန်အတွက် လယ်ထဲဆင်းသူ ပုလောမြို့က အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားခဲ့ သည့် အတွက် မြိတ်ဆေးရုံကြီးတွင်ဆေးကုသမှု ခံယူနေရသည် ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီက လယ်များ မဖြစ်မနေ ပြန်စိုက်ပျိုးရမည်ဟု အဓမ္မဖိအားပေး စေခိုင်းနေသဖြင့် ပုလောမြို့နယ်၊ ပလမြို့၊ ရဲစခန်းအနောက်ဘက်ရှိ လယ်ကွင်းအတွင်း စပါးစိုက်ရန် ပြင်ဆင်နေစဉ် မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

အသက် ၅၀ ခန့်အရွယ် လယ်လုပ်ကိုင်နေသည့် ရွာသားတစ်ဦးက “သူ့လယ်က ပလရဲစခန်းနောက်မှာပါ။ ဂျိမ်း ဆိုတဲ့ အသံကအတော်ကြမ်းတာ။ မြေကြီးပါတုန်တယ်။ တခြားလူ တွေလည်း အခုလိုဖြစ်တော့ လယ်ထဲဆင်းရ မှာ ကြောက်နေကြကုန်ပြီ” ဟု ပြောသည်။

မိုင်းနင်းမိသူမှာ ပလမြို့ အမှတ် - ၄ ရပ်ကွက်တွင် နေထိုင်သည့် ကိုကျော်လင်းအောင် အသက် ၃၅ နှစ် ဆိုသူ ဖြစ် ပြီး ဇွန်လ ၁၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်ခန့်က လယ်ထဲဆင်းရာမှ ပြန်အတက်တွင် မိုင်းနင်းမိခြင်း ဖြစ်သည် ဟု လယ်ပိုင်ရှင်များက ဆိုသည်။

ရဲစခန်းအနောက်ဘက်ရှိ ဒေသခံအများစု ပိုင်ဆိုင်သည့် လယ်ကွင်းများအတွင်း မပေါက်ကွဲသေးသည့် လက်နက် ကြီးကျည် ဗုံးသီးများနှင့် စစ်တပ်မှထောင်ထားသည့် မိုင်းများလည်း ရှိနေနိုင်သေးသည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ် အပါအဝင် ရဲစခန်းတာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးမှူးများဘက်က မိုင်းထောင်ထားသည့် နေရာ များနှင့် သွားလာခွင့်မရှိသည့် နေရာများကို နယ်မြေသတ်မှတ်ကြေညာပေးရန်လည်း မျှော်လင့်သည်ဟု လယ်ပိုင် ရှင်များက ပြောသည်။

ပလမြို့ ရဲစခန်းအနောက်ဘက်နှင့် နတ်အိမ်ကွင်း (ဒေသအခေါ်) နေရာနှစ်ခုတို့မှ ဧက ၁၀၀၀ နီးပါးရှိသည့် လယ် မြေများကို ယမန်နှစ် စပါးရိတ်သိမ်းပြီးချိန် ကတည်းက အမှတ် - ၃ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြင်ရှိန်မှ စပါး စိုက်ပျိုးခွင့်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုနှစ်မိုးရာသီ၌ မဖြစ်မနေ စပါးပြန်လည် စိုက်ပျိုးကြရန် ဇွန်လ ၅ ရက်နေ့က အမှတ် ၄ ရပ်ကွက် အုပ် ချုပ်ရေးမှူးရုံးသို့ စစ်ကောင်စီခန့် အုပ်မြို့နယ်ချုပ်ရေးမှူး ဦးကြင်ရှိန် ကိုယ်တိုင်ကပင် ဦးဆောင် အစည်းအဝေး ခေါ် ယူပြီးနောက် လယ်ပိုင်ရှင်များအား အဓမ္မ ဖိအားပေး ပြန်လည်စေခိုင်းခဲ့ကြောင်း ရွာသားများက ပြောသည်။

ပြန်လည် စိုက်ပျိုးမည့်သူများအား ဝန်ခံလက်မှတ်ထိုးစေခဲ့ပြီး စပါးစိုက်ပျိုးခြင်းမရှိသည့် လယ်များကို ဦးကြင်ရှိန် က ၎င်းအပိုင်အနေဖြင့် သိမ်းယူစိုက်ပျိုးသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး စပါးထွက်သည့်အချိန်၌

လည်း လယ်တစ်ဧကကို တစ်တင်းနှုန်းဖြင့် အခွန်ပေးဆောင်ကြရန်လည်း ကန့်သတ်ထားခဲ့သေးကြောင်း ဒေသခံများက ပြောသည်။

ပုလောမြို့နယ်အတွင်း စစ်ကောင်စီက စက်သုံးဆီနှင့် ဆန်ဝယ်ယူခွင့်ကိုပါ အကန့်အသတ်ဖြင့် လုပ်ဆောင်နေ သည့် အတွက် မိုးကာလအတွင်း စားနပ်ရိက္ခာ အခက်အခဲများ ရှိလာမည်ကို စိုးရိမ်နေကြရသည်ဟု ဒေသခံများ က ပြောသည်။

စစ်ကောင်စီတပ်မှ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ခြင်းနှင့် ဖမ်းဆီး သတ်ဖြတ်ခြင်းများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လယ်ယာ မလုပ်ကိုင်ရဘဲ လက်လွှတ် ဆုံးရှုံးခံထားရသည့် လယ်ဧကအများအပြား ပုလောမြို့နယ်အတွင်း  ရှိနေသည်ဟု ပုလောဒေသခံများက ဆိုသည်။

Most read this week

September 11, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် အမျိုးသမီးများနှင့် လူငယ်...
September 11, 2024
ကရင်နီပြည်တွင် လက်နက်ကိုင်ဆောင်ခွင့်အား ကန့်သတ်ထိန်းချုပ်သွားမည်ဟု ကရင်နီပြည် ကြားကာလ အုပ်...
September 5, 2024
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်တွင် ပါရာစီတမော ၁၀ လုံးပါ တစ်ကတ်အား ၅,၀၀၀ ကျပ် အထိ...
September 4, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း ၆ ဦးအား...