တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ကချင်အစပ်နှင့် ဟုမ္မလင်းမြို့နယ်အတွင်း လမ်းများကို KIA၊PDF မှ ပိတ်ထား

တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ကချင်အစပ်နှင့် ဟုမ္မလင်းမြို့နယ်အတွင်း လမ်းများကို KIA၊PDF မှ ပိတ်ထား

ကချင်ပြည်နယ်-စစ်ကိုင်းတိုင်း အစပ်အပြင် ဟုမ္မလင်းမြို့နယ်ထဲက ပန်ချယ်ကွင်း သီလရှင်ကုန်းမှာ စစ်ကောင်စီ၊ SNA ပူးပေါင်းတပ်တွေနဲ့ KIA၊PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အဲဒီဒေသဘက်က လမ်းပိုင်း တွေ အကုန်လုံးကို KIAနဲ့PDF ဘက်က ပိတ်ပင်ထားပါတယ်။

ဇွန်လ ၅ ရက်နေ့၊ ညနေပိုင်း ၆ နာရီခွဲကနေ ၈ နာရီလောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA၊PDF ပူပေါင်းတပ် ဘက် ထိခိုက်ဒဏ်ရာရရှိသူ မရှိပေမယ့် စစ်ကောင်စီ၊ SNA ပူးပေါင်းတပ်ဘက်ကတော့ အထိအခိုက်နဲ့ ပတ်သက် ပြီး မသိရှိရဘူးလို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“သူတို့ကလှမ်းပစ်တာပါနော်။ သူတို့က တိုက်ဖို့လုပ်တာပေါ့ ပြင်ဆင်တာပေါ့နော်။ အသံနည်းနည်းပဲ ခဏပဲပေါ့။ အကြီးအကျယ်ကြီးကတော့ မဖြစ်သေးဘူး” လို့ ပြောပါတယ်။

နှစ်ဖက်တပ် ထိတွေ့တိုက်ပွဲ ထပ်ပြီး ဖြစ်ပွားနိုင်ခြေ ရှိသေးတာကြောင့် KIAနဲ့PDF ပူးပေါင်းတပ်ဘက်ကနေ တုံ ပြင်လမ်းနဲ့ ဖားကန့်-တာမခန်လမ်း နှစ်လမ်းစလုံးကို အချိန်အကန့်အသတ်မရှိ ပိတ်ထားလိုက်တာ ဖြစ်တယ် လို့ လည်း အထက်ပါ PDF တပ်ဖွဲ့ဝင်က ဆက်လက်ပြောပါတယ်။

အထက်ပါ PDF တပ်ဖွဲ့ဝင်က “အခြေအနေပေါ်မူတည်ပြီးမှ သွားဖို့လာဖို့ကို ဖွင့်ပေးမယ်လေ။  ပြည်သူကို ထိခိုက် မှုရှိမှာ စိုးလို့လေ” လို့ ပြောပါတယ်။

တုံပြင်လမ်းကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ကတည်းက ပိတ်ထားတာဖြစ်ပြီး အခုလို တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာတာကြောင့် ဖားကန့် - တာမခန် လမ်းပိုင်းကိုပါ ဒီကနေ့ ဇွန်လ ၆ ရက်နေ့ကစပြီး ပြန်လည် ပိတ်ပင် လိုက်တာ ဖြစ်တယ်လို့လည်း တပ်ဖွဲ့ဝင်က ရှင်းပြပြောဆိုပါတယ်။

လက်ရှိ စစ်ရေးတင်းမာနေတဲ့ ဟုမ္မလင်းမြို့နယ်ဟာ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးက ဖြစ်ပြီးတော့ အဆိုပါဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းကလည်း စစ်ကောင်စီ၊ SNA ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဆယ်ဇင်းကျေးရွာအတွင်းက ဒေသခံ ၂၀၀၀ ကျော်ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဆယ်ဇင်းကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA တို့ကြား ဒီနေ့အချိန်ထိ စစ်ရေးတင်းမာ လျက်ရှိနေပြီး အဲ့ဒီဒေသဟာ KIA တပ်မဟာ (၉)၊ တပ်ရင်း (၂၆) ရဲ့ လှုပ်ရှားရာ နယ်မြေလည်း ဖြစ်ပါတယ်။

November 14, 2024
ဝိုင်းမော်ပင်မဓာတ်အားခွဲရုံ မြေနေရာအဖြစ် အသုံးပြုဖို့အတွက် မြေဧက ၁၀၀ ကျော်ကို သိမ်းယူဖို့...
November 13, 2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ စစ်ရှောင်ကလေးအယောက်...
November 12, 2024
ရွှေ့ပြောင်းခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေကို စစ်အုပ်စုလက်ထဲ လွှဲအပ်တာမျိုး မပြုလုပ်ဘဲ...
November 11, 2024
ကချင်အထူးဒေသ ၁၊  ဆော့လော်မြို့နယ်အတွင်းက နယ်ခြားစောင့်တပ်(BGF) တပ်တွေရဲ့ နောက်ဆုံး...