အင်းတော်ကြီးဒေသကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လမ်းတချို့နဲ့ ရေလယ်ဘုရားရင်ပြင်တွင် အက်ရာများ ဖြစ်ပေါ်ခဲ့

အင်းတော်ကြီးဒေသကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လမ်းတချို့နဲ့ ရေလယ်ဘုရားရင်ပြင်တွင် အက်ရာများ ဖြစ်ပေါ်ခဲ့

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ ရာ လမ်းတချို့နဲ့ ရေလယ်ဘုရားရင်ပြင်တွင် အက်ရာများ ဖြစ်ပေါ်ခဲ့တယ်လို့ အင်းဘေးဝဲယာရှိ ဒေသခံများက ပြောပါတယ်။

မေလ ၃၁ ရက်နေ့၊ ညနေပိုင်း ၅ နာရီ မိနစ် ၅၀ အချိန်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ငလျင်မှာ  အင်းတော် ကြီး ဒေသတစ်ခုလုံးတွင် လှုတ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။ တစ်မိနစ်ဝန်းကျင်ခန့် ကြာမြင့်ခဲ့ကာ ငလျင်ကြောင့် အင်း တော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားကြီး ရင်ပြင်ပေါ်ရှိ နဂိုရှိပြီးသား အက်ကြောင်းဟရာတွေက အရာပို ထင်လာ တယ်လို့လည်း ဆိုကြပါတယ်။

“နတ်စင်အကျော်နားလေးမှာ အက်ရာဖြစ်သွားတယ်။ ဘုရားရင်ပြင် အတက်နားလေးမှာပေါ့ တခြားနေရာတွေ ကတော့ ငလျင်လူပ်သွားတာကြောင့် ရေလွှတ်ဆောင်ပေါ်က ခုံပေါ်တင်ထားတဲ့ဘုရားတွေ အကုန်လုံး ပြုတ်ကျ ပြီး နဂါးရုံဘုရားဆူ အသေးလေး နှစ်ဆူကျိုးသွားတယ်။ ဉာဏ်တော် တစ်ထွာကျော်ကျော်လေးတွေ ရှိတဲ့ အဆူ တွေ၊ ဘုရားရင်ပြင်မရောက်ခင် ကွန်ကရစ်လမ်းလေးလည်း လမ်းပြတ်အက်ရာ ဖြစ်သွားခဲ့တယ်” လို့  ဘုရား ဂေါပက ဦးစိန်ဝင်းက ပြောပါတယ်။

ငလျင်သည် အင်းတော်ကြီး အနောက်ကမ်းဘက်မှာ ဗဟိုပြုထားပြီး ရစ်ချတာစကေး ၅.၉ ဖြင့် ငလျင် အင်အား အသင့်အတင့် ရှိခဲ့တာလည်းဖြစ်ပါတယ်။

ငလျင်ဗဟိုပြုတဲ့ အနီးရှိ မိုင်းနောင်ကျေးရွာတွင်လည်း ပျက်စီးမှု အများအပြားရှိခဲ့ပြီး မိုင်းနောင်ကျေးရွာ အထွက် တွင် ကွန်ကရစ်လမ်း အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့တယ်လို့ ကျေးရွာဒေသခံတစ်ဦးက ပြောပြပါတယ်။

“မိုင်းနောင်နဲ့နန့်မွန်းကြားမှာ မိုင်းနောင်အထွက်ပေါ့ လမ်းအက်သွားတယ် နည်းနည်းနိမ့်ကျသွားတာပေါ့။ ကတ္တရာ လမ်း ဒီမနက်ထိတောင် လှုပ်နေတုန်း။ တစ်ညလုံးလိုလို မဟုတ်ပေမယ့် ရံဖန်ရံခါလူပ်တာ သိပ်မကြမ်းတာ ဒီမနက် ခုတင်လေးတောင် လူပ်သွားသေးတယ်။ ဒီမနက်တောင် သုံးကြိမ်လားမသိဘူးရှိပြီ” လို့  ဒေသခံ တစ်ဦး က ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် အင်းတော်ကြီး ဒေသအတွင်းရှိ ကျေးရွာအချို့က မီးကြိုးများ ပြတ်တောက်ခြင်း၊ ဟဲပုကမ်း ခြေနှင့် မိုင်းနောင်ကျေးရွာအတွင်းမှာ မြေအက်ကြောင်းများဖြစ်ပေါ်ခြင်း၊ ကုန်းမနကျေးရွာဘုရား ထီးတော် ကျိုးကျခြင်း၊ အိမ်ခြံဝင်းအုတ်တံတိုင်း အချို့ပြိုကျခြင်း၊ ရွှေမဉ္ဇူရေလည် ဘုရားပေါ်ရှိ ကမ္မည်းစာ ကျောက်ပြားများ ကွဲကျခြင်းအပြင် တစ်ခြား လူနေအိမ်အတွင်းရှိ တီဗွီများနှင့် အခြား အိမ်သုံး ပရိဘောဂများ ပျက်စီးခြင်းများ ရှိခဲ့တယ်လို့ သိရပါတယ်။

အင်းတော်ကြီးဒေသမှာ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှုဟာ ယခုအကြိမ်မှာ ဒုတိယအကြိမ် လှုပ် ခတ်မှုဖြစ်ပြီး ပထမအကြိမ်ကို ၁၉၈၈-၈၉ ခုနှစ်တွင် တစ်ကြိမ်ဖြစ်ပွားခဲ့ဖူးကြောင်း ကျေးရွာဒေသခံများ၏ ပြောပြချက်များအရ သိရပါတယ်။

November 13, 2024
မိုးညှင်းမြို့နယ်၊ ထန်းတပင်ကျေးရွာမှာရှိတဲ့ VIP KTV မှာ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက် ၁၀...
November 13, 2024
မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်မြောက်ရေးတပ် KIA  နှင့် PDF တို့...
November 9, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်မှာ အိမ်ထောင်စု(၁)ထောင်ခန့် နေထိုင်နိုင်တဲ့...
November 8, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ...