မြစ်ကြီးနားမြို့မှာ အိမ်ထောင်စု (၁)ထောင်ခန့်နေထိုင်နိုင်တဲ့ ရှမ်းစစ်ဘေးရှောင်စခန်းတည်ဆောက်ဖို့ ပြင်ဆင်နေ

မြစ်ကြီးနားမြို့မှာ အိမ်ထောင်စု (၁)ထောင်ခန့်နေထိုင်နိုင်တဲ့ ရှမ်းစစ်ဘေးရှောင်စခန်းတည်ဆောက်ဖို့ ပြင်ဆင်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်မှာ အိမ်ထောင်စု(၁)ထောင်ခန့် နေထိုင်နိုင်တဲ့ ရှမ်းမျိုးနွယ်စုများ စစ်ဘေးရှောင်စခန်းတစ်ခုတည်ဆောက်ဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ ရှမ်းမျိုးနွယ်စုများ တိုက်ပွဲရှောင်ကူညီစောင့်ရှောက်ရေးကော်မတီထံကနေ သိရပါတယ်။

အဆောက်အဦးဆောက်လုပ်ဖို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ထံကို ပြီးခဲ့တဲ့ သြဂုတ်လမှာ  မြေနေရာချထားပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပြီး သုံးလအကြာမှာ ရွှေပြည်သာရပ်ကွက်၊ နန်းကွေ့ချောင်းအနီး အနံပေ (၅၀)၊ အလျားပေ(၁၄၀၀) အကျယ်အဝန်းရှိနေရာကို ခွင့်ပြုပေးခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။

“ ဆောက်ဖြစ်သွားတာကတော့ ရှမ်းလူမျိုးတွေက ဗုဒ္ဓဘာသာကိုးကွယ်သူတွေဖြစ်တဲ့အတွက် ဘုန်းကြီးကျောင်းမှာပဲ မှီခိုနေကြရတာဟုတ်တယ် ဒါကြောင့်မို့ ဘုန်းကြီးကျောင်းက ဆရာတော်တွေကလည်း စစ်ရှောင်တွေ ရေရှည်ဆိုရင်ဘုန်းကြီးကျောင်းမှာနေဖို့ မသင့်လျော်ဘူးပေါ့နော် ဒါကြောင့်မြေနေရာရှာပြီးတော့ စစ်ဘေးရှာင်ကော်မတီကို မိန့်ကြားလာတာပေါ့” ဟု ကော်မတီရဲ့ အတွင်းရေးမှူးဖြစ်သူက ရှမ်းနီအသံကို အခုလို ပြောပြပါတယ်။

နိုဝင်ဘာလ (၇)ရက်နေ့မှာ ဘုန်းတော်ကြီး(၁၁)ပါးနဲ့ အဆောက်အဦးပန္နက်ရိုက်အခမ်းအနားပြုလုပ်ခဲ့ပြီး မိသားစုလိုက်နေထိုင်နိုင်ဖို့ Camp (ကမ့်)တန်းလျားများတည်ဆောက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ယခုစစ်ဘေးရှောင်စခန်းတည်ဆောက်ရေးအတွက်  ငွေကြေးအကူအညီများစွာလိုအပ်နေတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ် နဲ့ ၂၀၂၄ ခုနှစ် နှစ်စပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့်  မြစ်ကြီးနားမြို့သို့ စစ်ဘေးတိမ်းရှောင်လာသူတွေကို ရှမ်းမျိုးနွယ်စု ဓမ္မာရုံဝင်းနဲ့ မြင့်ငြိမ်းအေးဓမ္မာရုံဝင်းအတွင်းတို့မှာ စစ်ဘေးရှောင်စခန်းယာယီတဲတွေကို ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေနဲ့  နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီခဲ့တာလို့ သိရပါတယ်။

“ ရှမ်းတွေအတွက်ပဲလားဆိုတော့ ခေါင်းစဉ်ကတော့ ရှမ်းခေါင်းစဉ်ပေါ့ သို့သော်ငြား ဗမာလူမျိုးတို့ဘာတို့ပါလာရင်လည်း ကျွန်တော်တို့ကလက်ခံရမှာပဲလေ လူမျိုးခြားတွေကတော့ မလာကြဘူး။ ဒါပေမယ့်လူမျိုးခြားတွေ လာပြီးအကူအညီလာတောင်းရင်လည်း လက်ခံသွားမှာပါ” လို့ သူက ဆက်ပြောပါတယ်။

မြစ်ကြီးနားမြို့ကို ရှမ်းစစ်ဘေးရှောင်စခန်းတွေဆီကို တိုက်ပွဲများပြင်းထန်ခဲ့တဲ့နေရာတွေဖြစ်တဲ့ တာလောကြီးကျေးရွာ၊ ဆင်ဘိုမြို့၊မိုးမောက်မြို့နယ်၊  ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်က ရှမ်းတိုင်းရင်းသားများက လာရောက်စစ်ဘေးတိမ်းရှောင်ကြတာ ဖြစ်ပါတယ်။

ရှမ်းမျိုးနွယ်စုများ တိုက်ပွဲရှောင်ကူညီစောင့်ရှောက်ရေးကော်မတီ 09252755435 ဆီကိုတိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။

January 24, 2025
မန္တလေး-ရှမ်းမြောက် ကုန်သွယ်ရေးလမ်းပိုင်းဟာ ၁၀၂၇ စစ်ဆင်ရေးကြောင့် ပျက်တောက်ခဲ့ပြီးနောက်...
January 20, 2025
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ပင်လည်ဘူးမြို့နယ်က ထွက်ရှိတဲ့ စိုက်ပျိုးသီးနှံတွေကို...
January 17, 2025
စစ်ကိုင်းတိုင်းဒေသကြီးရှိ NUG သိမ်းပိုက်ထားတဲ့ ပင်လည်ဘူးမြို့ဟာ ၃ လကျော်ကြာသည်အထိ စစ်ရှောင်တွေက...
January 15, 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့အတွင်းမှာ ယခင်ကရှိခဲ့တဲ့ မြို့နယ်ဆရာဝန်တစ်ဦးဟာ ...