၂၀၂၃ ခုနှစ်အတွင်း အိမ်တွင်းအကြမ်းဖက်ခံရမှု ပိုမိုတိုးလာတယ်လို့ KyWO ပြော

၂၀၂၃ ခုနှစ်အတွင်း အိမ်တွင်းအကြမ်းဖက်ခံရမှု ပိုမိုတိုးလာတယ်လို့ KyWO ပြော

ကရင်နီပြည်တွင်း မြို့နယ်အသီးသီးက ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အရ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပွားမှုနှုန်းဟာ ယခင်ကထက် တိုးလာတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) ရဲ့ တွဲဖက်အတွင်းရေးမှူး-၂ မူအန်းဂျလာက ပြောပါတယ်။

မူအန်းဂျလာက “ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း ရိုက်နှက်ခြင်းအားဖြင့်သော်လည်းကောင်းပေါ့နော စိတ် ပိုင်းဆိုင်သော်လည်းကောင်းပေါ့နော အိမ်တွင်းအကြမ်းဖက်မှုတွေ ပြန်ပြီးတော့မှ ကျူးလွန်တာတွေ လည်း အများကြီးရှိတယ်ပေါ့နော။ အများကြီးရှိတယ်။ သို့သော်လည်း ကျမတို့ အိမ်တွင်းအကြမ်းဖက်မှု ရှိနေတယ် ဆိုတာ ကျေးရွာတွေမှာကော စစ်ရှောင်စခန်းတွေမှာကော ရှိနေတယ်။ ကျမတို့လည်းတွေ့နေရတယ်။ မြင်နေရ တယ်။ သို့သော် ကံယကာရှင်က ကိုယ်တိုင်လာတိုင်ကြားတဲ့ခြေနေထိတော့ မရှိလောက်ဘူးပေါ့နော” လို့ ပြော ပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုထဲ နစ်နာသူ အများစုမှာ အမျိုးသမီးတွေဖြစ်ပြီး ရှက်ကြောက်ခြင်း၊ ခြိမ်ခြောက်ခံရခြင်း၊ လုံခြုံမှုမရှိခြင်း၊ ကူညီထောက်ပံ့မယ့်သူ မရှိခြင်း စတဲ့ အကြောင်းအရာတွေကြောင့် တိုင်ကြားမှုတွေ မလုပ်နိုင်ကြ တဲ့အတွက် ယခု ၂၀၂၃ ခုနှစ်မှာ အမျိုးသမီးအဖွဲ့အစည်းတွေဆီကို တိုင်ကြားထားတဲ့ အမှု မရှိသေးဘူးလို့ မူအန်း ဂျလာ က ပြောပါတယ်။

“စစ်ရှောင်စခန်းမှာရှိတဲ့အမျိုးသမီး စစ်ရှောင်စခန်းမှာ စစ်ရှောင်စခန်းနာမည်ထိခိုက်သွားမှာကိုလည်း စိုးရိမ် တယ်။ သူတို့ရဲ့အမှုကြောင့်ပေါ့နော သူတို့နေထိုင်တဲ့ နေရာမှာ နာမည်ထိခိုက်သွားမှာ စိုးရိမ်တာတွေ အဲ့ဒါတွေ ကြောင့် သူတို့ကတော့ အဖွဲ့စည်းထိတော့ လာမတိုင်ကြားတာတွေရှိတယ်ပေါ့နော” လို့ မူအန်းဂျလာ က ပြောပါ တယ်။

တိုက်ပွဲကြောင့် နှစ်ရှည် စစ်ရှောင်နေရခြင်း၊ အိုးအိမ်မဲ့ဖြစ်ခြင်း၊ စားဝတ်နေရေးကြပ်တည်းခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း မရှိခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် အိမ်တွင်းအကြမ်းဖက်မှုက ပိုမိုတိုးမြင့်လာတယ်လို့ မူအန်းဂျလာကပြောပါတယ်။

အမျိုးသမီးအဖွဲ့အစည်းတွေကတော့ စစ်ရှောင်စခန်းတွေမှာ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ အသိပညာတွေဖြစ်တဲ့ ရုပ် ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်ခြင်း၊ လူမှုစီးပွား ရေးပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ရိုးရာဓလေ့ဆိုင်ရာ အကြမ်းဖက်ခြင်း၊ ရင်ဖွင့်ခြင်းအစီအစဉ် နဲ့ အပြန်အလှန် ဆွေးနွေးပေးခြင်းတွေ ပြုလုပ်တာရှိပါတယ်။

အသက် (၃၉)နှစ်အရွယ် စစ်ရှောင်အမျိုးသမီး ဒေါ်နန်းမိုးက “လောဆယ်တော့ အိမ်တွင်းအကြမ်းဖက်မှုကတော့ ဘယ်နေရာမဆိုရှိမှာပဲနော။ အဲဒါလည်း အကြမ်းဖက်မှုတစ်မျိုးပဲပေါ့ ဒါပေမယ့်လည်း ပြောတာနဲ့ မပြောတာပဲ ရှိမှာပေါ့ အိမ်တိုင်းတော့ ရှိမှာပါ။ သင်တန်းတွေ များများလုပ်ပေးနိုင်ရင်တော့ ကောင်းပါတယ်။ စစ်ရှောင်တွေရဲ့ ပြဿနာတွေကို ဖြေရှင်းကူစေချင်တယ်” လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီလိုအကြမ်းဖက်မှုတွေအတွက် တိုင်ကြားနိုင်မယ့် ယန္တာရားပျက်ယွင်းသွားပြီး နစ် နာသူတွေအတွက် လုံခြုံမှုကို တာဝန်မယူပေးနိုင်တော့တာတွေဖြစ်လာပါတယ်။ ဒါ့အပြင် တော်လှန်ရေး အင်အား စုထိန်းချုပ်တဲ့ ဧရိယာဒေသတွေမှာလည်း အိမ်တွင်းအကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ဖြေရှင်းတဲ့အခါ ဓလေ့ထုံးတမ်းအရ ဖြေရှင်းနည်းကို အများစု ကျင့်သုံးကြတယ်လို့ KyWO က ပြောဆိုပါတယ်။

“ဒီကာလ တရားစီရင်ကလည်းပျက်သုဉ်းနေတယ်။ ကျမတို့ တချို့ဒေသတွေမှာက ကိုယ်ထူကိုယ်ထပေါ့နော် တရားစီရင်ရေးစနစ်ကို ကြိုးစားပြီးတည်ဆောက်သွားကြတယ် ဆိုပေမယ့်လည်း တရားမျှတမှုကတော့ အဲ့ လောက်ထိလည်း မထမ်းဆောင်နိုင်သေးဘူးပေါ့နော်။ ကြိုးစားနေဆဲဖြစ်တယ်ပေါ့။ အဲ့အတွက်ကြောင့်မို့လို့ ဒီအမျိုးသမီးတိုင်ကြားရင်လည်း ဓလေ့ထုံးတမ်းအရဆုံးဖြတ်ရင်လည်း အမြင့်ဆုံးကတော့ ငွေဒဏ်ပေးမယ် လျော်ကြေး နစ်နာကြေးနဲ့ ဆုံးဖြတ်လိုက်မယ်။ တခြားအပြင်ကလာတဲ့ အမျိုးသားဆိုတော့ ဒီကျေးရွာမှာ ဝင် ခွင့်မပေးတော့ဘူးပေါ့နော။ အကယ်၍ တစ်ရွာထဲသားဆိုရင်တော့ ဒီလိုပဲ လျော်ကြေး နစ်နာကြေးနဲ့ပဲ ပြီးသွား တဲ့ ပုံစံမျိုး ဖြစ်တယ်ပေါ့နော်” လို့ မူအန်းဂျလာက ဆက်ပြောပါတယ်။

အထူးသဖြင့် စစ်ရှောင်စခန်းတွေမှာ အိမ်တွင်းအကြမ်းဖက်ကို လူမှုရေးပြဿနာအဖြစ် ရှုမြင်ကြပြီး လင်မယား ကြား ရန်ဖြစ်ပါက စခန်းအတွင်းကနေ မောင်းထုတ်မယ်ဆိုတဲ့ သတိပေးချက်ကြောင့် အမျိုးသမီးတွေက တရား မျှတရေးအတွက် တိုင်ကြားမှုမရှိတော့တာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

၂၀၂၃ခုနှစ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တစ်မှုကိုသာ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) မှ ကောက်ယူနိုင်ခဲ့ပြီး မြေပြင်မှာ ဖြစ်ပွားမှုများပြားနေဆဲတယ်လို့ ဆိုပါတယ်။

ကယန်းအမျိုးသမီး အစည်းအရုံးရဲ့ အချက်အလက်အရ ၂၀၂၂ ခုနှစ် မတ်လကနေ ၂၀၂၃ ခုနှစ် မတ်လအထိ တစ်နှစ်အတွင်း အကြမ်းဖက်ခံရမှု (၂၁) ခုကို ကူညီဖြေရှင်းရာမှာ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

Most read this week

November 13, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်ကျေးရွာက စပါးရိတ်...
November 13, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက...
November 13, 2024
ထိုင်း – ကရင်နီ နယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ ရာသီအကူးအပြောင်းကြောင့် နှစ်လအတွင်း...
November 12, 2024
ကရင်နီပြည်တွင်းလူထုတွေအတွက် ယာဥ်နံပါတ်ပြားနဲ့ ယာဉ်မောင်းလိုင်စင်ကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း...