လားရှိုးတွင် ရှော့တိုက်ဒုံး ၆ လုံး ကွဲ

လားရှိုးတွင် ရှော့တိုက်ဒုံး ၆ လုံး ကွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် အေတီတံတားဘက်ရှိ ရှမ်းကုန်းတွင် ရှော့တိုက်ဒုံး ၆ လုံး ပေါက်ကွဲခဲ့ပြီး အစိုးရ နည်းပညာအထက်တန်းကျောင်း အပါအဝင် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

မေလ ၂၂ ရက်နေ့၊ နံနက်အစောပိုင်း ၁ နာရီဝန်းကျင် အချိန်ခန့်တွင် ရှော့တိုက်ဒုံး ၈ လုံး ကျရောက်လာပြီး ၆ လုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံတစ်ဦး က ပြောသည်။

လားရှိုးမြို့ခံတစ်ဦးက “အဲ့မှာမေးကြည့်တာက ပေါက်ကွဲတဲ့ ဘက်က ရှမ်းကုန်းလို့ ခေါ်ကြတယ်။ သင်္ချိုင်းကုန်း ဘက်ကနေ လှမ်းပစ်လာတယ်လို့ ပြောကြတယ်။ လိုင်းပေါ်မှာကတော့ လူတွေလည်း ထိခိုက်ကြ တယ်ပြောပေ မယ့် အဲ့မှာမေးကြည့်တော့ ထိခိုက်တာ မရှိဘူးတဲ့” ဟု ပြောသည်။

လျှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အစိုးရနည်းပညာ အထက်တန်းကျောင်း အဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ပြီး လူနေအိမ် ၃ အိမ်လည်း ထိမှန်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ကျောင်းရှိ အစောင့်လုံခြုံရေး တစ်ဦး ထိခိုက်သွားသည့် လိုင်းပေါ်တွင် Soe Min (စိုးမင်းလားရှိုး) ဆိုသည့် အကောင့်တွင် ရေးတင်ထားသော်လည်း သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

လားရှိုးမြို့ရှိ အစိုးရ နည်းပညာထက်တန်းကျောင်းအနီး ရှော့တိုက်ဒုံးကို မည်သည့် အဖွဲ့အစည်းက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ကိုမူ ယနေ့အချိန်ထိ မသိရသေးဘူးဟု ဒေသခံများက ပြောသည်။

လားရှိုးမြို့အတွင်း မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားလေ့ရှိရာ ယခုလ ၁၂ ရက်နေ့က ရပ်ကွက် ၅ အတွင်းရှိ KTV နှင့် Bar တို့တွင်လည်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

မေလ ၂၂ ရက်နေ့ ဖြစ်ပွားခဲ့သည့် ရှော့တိုက်ဒုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အစိုးရ နည်းပညာအထက်တန်း ကျောင်းနှင့် ဘေးချင်းကပ်နေရာတွင် အမှတ် ၁ ဝန်တင်တပ်ရင်း စစ်တပ်စခန်းတစ်ခု ရှိနေသည်ဟု ဒေသခံများက ပြောသည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...