နေရပ်ပြန်မည့် ရွှေကူစစ်ရှောင်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန် တောင်းဆို

နေရပ်ပြန်မည့် ရွှေကူစစ်ရှောင်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန် တောင်းဆို
ရွှေကူနယ်တွင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုကြောင့် တောတွင်း တိမ်းရှောင်နေရသည့် စစ်ရှောင်များ
ရွှေကူနယ်တွင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုကြောင့် တောတွင်း တိမ်းရှောင်နေရသည့် စစ်ရှောင်များ

ကချင်ပြည်နယ် ရွှေကူမြို့နယ်၏ အရှေ့တောင်ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၂ ရွာမှ နေရပ်ကြပြန်မည့် စစ်ရှောင်ပြည်သူများ အတွက် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန် အကူအညီများလိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာပေါင်း ၁၂ ရွာမှ ဒေသခံပြည်သူများ တစ်သောင်းနီးပါးခန့်သည် နီးစပ်ရာ တောတောင်များနှင့် လယ်ခင်း နေရာများတွင် တိမ်း ရှောင်နေရသည်မှာ ၂ လနီးပါးခန့်ကြာမြင့်လာပြီ ဖြစ်သည်။

စီသာကျေးရွာမှ စစ်ရှောင် အမျိုးသားတစ်ဦးက “ကျွန်တော်တို့က အခု မိုးမကျမှီလေးမှာ နေရပ်ပြန်ချင်နေ ကြ တာ။ မိုးကျလာရင်တော့ လယ်တဲ ယာတဲ တွေမှာတောတောင်တွေမှာ ဆက်နေလို့လည်းအဆင်မပြေဘူးလေ အဲ့ ကြောင့် မိုးမကျလာရင် နေရပ်ပြန်ဖို့ စီစဉ်နေကြတာ အိမ်တွေက အားလုံးမီးထဲပါသွားတာဆိုတော့ အများပိုင်း က အစကနေပြန်စရမှာ အိမ်တွေပြန်ဆောက်ရမှာ အကူအညီကတော့အများကြီးဗျာ လိုအပ်တာကတော့” ဟု KNG ကို ပြောသည်။

အဆိုပါ နေရပ်ပြန်လိုသည့် စစ်ရှောင်ပြည်သူများမှ အိမ်ခြေ ၁၀၀၀ ကျော်အထက် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် အတွက် နေရပ်ပြန်ပြီး နေအိမ်များ ပြန်လည်တည်ဆောက်ရာတွင် သွပ်၊ မိုးကာနှင့် အခြေား အိမ်ဆောက် ပစ္စည်း များ အကူအညီများ လိုအပ်နေသည်ဟု ဆက်ပြောသည်။

လက်ရှိ စစ်ရှောင်များသည် မိုးတွင်းကာလာတွင် ရောက်ရှိလာပြီဖြစ်သည့်အတွက် ယခုနှစ် မေလနှင့် ဇွန်လဆန်း ပိုင်းတွင် အပြီးသတ်ပြန်နိုင်ရန် ပြင်ဆင်နေကြသည်ဟု စစ်ရှောင်များပြောသည်။

စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားသော ဒေသခံပြည်သူများ၏ နေအိမ်များသည် များသောအားဖြင့် သွပ်မိုး၊ ပျဉ် ကာ၊ ပျဉ်ခင်း၊ အိမ်အမျိုးအစား များဖြစ်ကြပြီး တိုက်အိမ်နှင့် သက်ကယ်မိုးအိမ်မှာ အနည်းစုသာပါဝင်သည်ဟု ဒေသခံများက ပြောသည်။

“အခုလောလောဆယ် နေရပ်ပြန်ဖို့ ကိုယ့်အိမ် ကိုယ့်ဝင်းလေးတွေကိုတော့ စပြီး ရှင်းလင်းနေကြပြီ။ အားလုံးက နဂိုကိုယ့်ရွာ ကိုယ့်အိမ်ဝန်းမှာပဲ ပြန်ဆောက်ကြမှာ။ ဒါပေမယ့်အားလုံးက မီးထဲပါသွားတော့ ရွာသားတွေက ဘာ မှ မရလိုက်ဘူးလေ။ အိမ်တွေပြန်ဆောက်ဖို့တော့ အကူအညီတွေ အများကြီးလိုအပ်နေတယ်။ ဒီမှာက သက် ကယ်ရှားတယ်။ မရနိုင်ဘူး။ အဲကြောင့် အမိုးလေးအတွက် သွပ်၊ မိုးကားတွေတော့ မရမ်းလိုအပ်နေတယ်” ဟု အခြား စစ်ရှောင် အမျိုးသမီးတစ်ဦး က ပြောသည်။

လက်ရှိတွင် မံနား၊ စီသာနှင့် မံဝိန်း ကျေးရွာများမှ အိမ်ခြေ ၆ ခုခန့်သည် ကျေးရွာအတွင်း ယာယီတဲများထိုးပြီး ပြန်လည် နေထိုင်ပြီဖြစ်သည်ဟု ဆိုသည်။

သို့သော် စစ်ရေးအခြေအနေမှာ မတည်ငြိမ်သေးသောကြောင့် မီးဘေးသင့် ပြည်သူများသည် စိုးရိမ်မှုများ ရှိနေ သေးသည်ဟု စီသာ စစ်ရှောင်အမျိုးသားက ဆက်ပြောသည်။

“မံနားတို့ မံဝိန်းတို့ဘက်က လေးငါး ခြောက်အိမ်လောက်တော့ပြန်ကြပြီ ခြေနေတည်ငြိမ်လို့ပြန်တာပေါ့ မဟုတ်ဘူးပေါ့။ အခုတောင်မိုးပေါ်မှာ လေယဉ်လာဝဲရင်မော့ မော့ကြည့်နေရတာ တချို့တော့လည်း မပြန်ရဲ ကြသေးဘူး။ စစ်ကြောင်းပြန်လာမှာ ကြောက်နေကြတယ်” ဟု ပြောသည်။

စစ်အင်အား ၃၀၀ ဝန်းကျင်ရှိသော စစ်ကောင်စီ စစ်ကြောင်းသည် မတ်လ ၂၁ ရက်နေ့မှ စတင်ကာ ၁၀ ရက် ခန့် အကြာ ရွှေကူအရှေ့တောင်ခြမ်းဘက် ကျေးရွာများတွင် ဝင်ရောက်ခဲ့ပြီး ပြည်သူလူထု၏ နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ရှိခဲ့သည်။

ရွှေကူမြို့နယ်အတွင်း ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုတွင် မံဝိန်းကျေးရွာမှ အိမ်ခြေ ၁၂၉ လုံး၊ စီသာကျေးရွာမှ အိမ်ခြေ ၁၀၀ လုံး၊ မံနာကျေးရွာမှ အိမ်ခြေ ၅၇ လုံး၊ တုံးကောက် ကျေးရွာမှ အိမ်ခြေ ၄၁ လုံး၊ စီသောင်းရွာမှ အိမ်ခြေ ၂၁၁ လုံး၊ မံခါးကျေးရွာမှ အိမ်ခြေ ၃၅ လုံး၊ စီမော်ကျေးရွာမှ အိမ်ခြေ ၁၁၁ လုံး၊ စီမူကြီးကျေးရွာမှ အိမ်ခြေ ၂၈ လုံး၊ စီမူလေးကျေးရွာမှ အိမ်ခြေ ၆၀ လုံး၊ နန့်လန် ကျေးရွာ အိမ်ခြေ ၁၃၀ လုံးနှင့် နောင်လတ်ကြီး ကျေးရွာမှ အိမ်ခြေ ၃၇ လုံး မီးလောင်ပျက်စီးမှုဖြစ်ပွားခဲ့သည်။

ဓါတ်ပုံ - ရွှေကူနယ်တွင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုကြောင့် တောတွင်း တိမ်းရှောင်နေရသည့် စစ်ရှောင်များ

 

ကံပိုင်တည်- ဆဒုံးကားလမ်းပိုင်းမြင်ကွင်း
November 14, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ကံပိုင်တည်ကားလမ်းပိုင်း နိုဝင်ဘာလ ၆ ရက်နေ့စပြီး စစ်ကောင်စီတပ်က...
ပုံ- ကြွက်ဘေးသင့်သွားတဲ့ အင်ပါဘာဒေသ တောင်ယာစပါးခင်းများ
November 14, 2024
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က...
November 12, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ...
ဖမ်းဆီးခံထားရတဲ့ လွတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်
November 11, 2024
ရှမ်းမြောက်၊ နမ္မတူမြို့နယ် တအာင်းတပ်မတော် TNLA ဖမ်းဆီးထားတဲ့ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်...