လွတ်လပ်သော မီဒီယာ ယန္တရား ဖွဲ့စည်းမည်

လွတ်လပ်သော မီဒီယာ ယန္တရား ဖွဲ့စည်းမည်

လွတ်လပ်သော မြန်မာသတင်းမီဒီယာများကို ထိန်းကျောင်းပေးမည့် အမှီအခိုကင်းသော ကိုယ်တိုင် ထိန်းညှိမှု ယန္တရားတစ်ခုကို ဖွဲ့စည်းရန် အဋ္ဌမအကြိမ် တိုင်းရင်းသား မီဒီယာညီလာခံမှ သဘောတူညီခဲ့ကြသည်။

ယန္တရား ပေါ်ပေါက်ရေးအတွက် အလုပ်အဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်းခဲ့ကြပြီး အလုပ်အဖွဲ့ ဖွဲ့စည်းရသည့် ရည်ရွယ် ချက်နှင့် ပတ်သက်၍  အဋ္ဌမအကြိမ် တိုင်းရင်းသား မီဒီယာ ညီလာခံ ထုတ်ပြန်ချက်၏ ပြောရေးဆို ခွင့်ရှိသူ နန်းဖော့ဂေ က ယခုကဲ့သို့ ပြောသည်။

နန်းဖော့ဂေက “စစ်တပ်က အာဏာသိမ်းတဲ့ ဖြစ်စဉ်ပြီးခဲ့တဲ့ ကတည်းက ဆိုလို့ရှိရင် လွတ်လပ်တဲ့ မြန်မာ သတင်းမီဒီယာတွေကပေါ့နော် ဒီတိုင်းရင်းသား မီဒီယာတွေ အပါအဝင် ဒေသအခြေစိုက် မီဒီယာတွေ အပါ အဝင်က ကိုယ်စားပြုမှု တစ်ခုအနေနဲ့ မရှိနေပဲနဲ့ ကိုယ်ဟာကို အသီးသီး စိန်ခေါ်မှုကြားက နေ ရပ်တည်ပြီး တော့မှ မီဒီယာ လုပ်ငန်းကို ဆက်လုပ်သွားကြတယ်။ သို့သော်လည်း တစ်ခုခု မြန်မာနိုင်ငံရဲ့ မီဒီယာ အစုအဖွဲ့ တစ်ခု အနေနဲ့ပေါ့နော် ပြန်ပြီး ကိုယ်စားပြုမှု အတွက်က လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကာလမှာ မြန်မာနိုင်ငံ အကြောင်းတွေကို တခြား အိမ်နီးချင်းနိုင်ငံတွေ နိုင်ငံတကာကနေလည်း သိသင့်တယ်ပေါ့နော်။ ဒီအတွက်ကို တစ်ခုခုကျ လို့ရှိရင် ကိုယ်စားပြုမှု ပြောဆိုရမယ် ဆိုလို့ရှိ ရင်တော့ ဒါမျိုး တစ်ခုပေါ့နော ယန္တရား တစ်ခု ရှိသင့်တယ်ဆိုတဲ့ ဆွေးနွေးချက်ပေါ်မှာ စဉ်းစားချက်ပေါ်မှာ ဒါမျိုးတွေကို ဖွဲ့စည်းဖို့ သဘောတူ ခဲကြတာ ပါ” ဟု ပြောသည်။

အဆိုပါ အလုပ်အဖွဲ့ကို ဧပြီလ နောက်ဆုံးအပတ်က နယ်စပ်အနီးတစ်နေရာတွင် ၃ ရက်တာ ကျင်းပပြုလုပ်သည့် အဋ္ဌမအကြိမ် တိုင်းရင်းသား မီဒီယာ ညီလာခံမှ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင် ၁၁ ဦး ပါဝင်သည်ဟု ဆိုသည်။

၁၁ ဦးပါ အလုပ်အဖွဲ့ထဲတွင် နိုင်ငံတကာမြန်မာ့သတင်း BNI က ကိုယ်စားပြု ကိုယ်စားလှယ်များနှင့် ညီလာခံသို့ တက်ရောက်လာသည့် သတင်းမီဒီယာအဖွဲ့ တစ်ဖွဲ့ချင်းဆီက ကိုယ်စားလှယ်များပါဝင်သည်။

အဖွဲ့က လုပ်ဆောင်သွားမည့် လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ နန်းဖော့ဂေ က “အခုအချိန်မှာက ဆိုရှယ် မီဒီ ယာတွေနဲ့ ပရိုဖယ်ရှင်နယ် မီဒီယာကြားမှာလည်း တစ်ခါတစ်လေကျလို့ရှိရင် မီဒီယာ သတင်းတု သတင်းမှား တွေပေါ့နော။ ကိုယ်က ကျင့်ဝတ်နဲ့အညီ ရေးသားနိုင်ဖို့အတွက်လည်း ထိန်းကျောင်းချင်တာလည်းပါတယ်။ နောက်တစ်ခုကတော့ ခုနက ကျမပြောသွားတဲ့ ဒီလွတ်လပ်တဲ့ မီဒီယာကို ကိုယ်စားပြုမှုအနေနဲ့ အိမ်နီးချင်း နိုင်ငံ အာဆီယံ နိုင်ငံတွေကနေ တကယ့် မီဒီယာ အစည်းအဝေးတွေ ဖိတ်ခေါ်တဲ့ အခါကျလို့ရှိရင် မြန်မာနိုင်ငံ ကိုယ်စား ပြု ဘယ်သူ့ကို ဖိတ်ကြားမလဲ ဆိုတဲ့ဟာမျိုးပေါ့နော်။ အဲဒီအနေနဲ့ ဆိုလို့ရှိရင် ကိုယ်စားပြုမှု ဆိုတာလည်း ကျမ တို့ ရှေ့ဆက်လုပ်ဆောင်သွားမယ့် စည်းရုံး လှုံ့ဆော်ရေး မီဒီယာ စည်းရုံးလှုံ့ဆော်ရေးပေါ့နော်။ အဲဒီလုပ်ငန်းတွေ အတွက်မှာလည်း ကျမတို့က ဒါက ဒီရဲ့ ယန္တရားအောက်ကနေ သွားရမှာပေါ့” ဟု ပြောသည်။

၃ ရက်တာ ကျင်းပခဲ့သည့် ညီလာခံ အတွင်း ဖက်ဒရယ် ဒီမိုကရေစီနှင့် တိုင်းရင်းသား ပြည်နယ်များနှင့် တိုင်း ဒေသကြီးများကို အခြေခံ ရေးဆွဲသည့် လူထုဝန်ဆောင်မှု မီဒီယာများ ပေါ်ပေါက်လာရေး အတွက်လည်း ဆွေး နွေး အတည်ပြုခဲ့ကြသလို အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတွင် အသုံးပြုရန် တိုင်းရင်းသား မီဒီယာ မူဝါဒ အဆိုပြုချက်များကို ရေးဆွဲအတည်ပြုခဲ့ကြသည်ဟု နိုင်ငံတကာ မြန်မာအသင်း BNI ၏ မေလ ၃ ရက်နေ့ ထုတ် ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

ထို့အပြင် ညီလာခံတွင် “မြန်မာနိုင်င်မှ အသံများကို အာဆီယံဒေသသို့ ချဲ့ထွင်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် လက် ရှိ စည်းရုံးလှုံ့ဆော်ရေး လုပ်ငန်း အနေအထားများနှင့် ဒေသတွင်း အခြေအနေများကိုလည်း သုံးသပ် ဆွေးနွေးခဲ့ ကြပြီး မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများကို ဒေသအတွင်း နိုင်ငံအစိုးရများနှင့် ပြည်သူများ သိရှိ ရန် နည်းလမ်းများ ရှာဖွေခဲ့ကြသည်ဟု ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

နန်းဖော့ဂေ က “အာဆီယံက ပြည်သူတွေကလည်း ဒီမြန်မာ နိုင်ငံရဲ့ အခြေအနေကို သိသင့်တယ်ပေါ့နော။ ဒါမှပဲ ကျမတို့ ဒီလိုအပိုင်းမျိုးမှာ ကိုယ့်ရဲ့ မြန်မာ့အခြေအနေကို မြန်မာ့ အရေးအရာကို မြန်မာပြည်သူပြည်သားတွေ သိရတာ မဟုတ်ပဲနဲ့ အာဆီယံနိုင်ငံ အိမ်နီးချင်းနိုင်ငံ အပါအဝင် နိုင်ငံတကာ အထိကို ချဲ့ထွင်နိုင်ဖို့အတွက်ပေါ့ အဲ့ဒါတွေက ဒီ Information ပေးဖို့ ကျမတို့ရဲ့ နိုင်ငံ အခြေအနေက အာဆီယံနိုင်ငံတွေအထိ ဆက်ပြီးတော့ သိရှိဖို့ ဒါမှသာ ဘယ်လိုပုံစံမျိုးကို တိုးတက်ပြောင်းလဲလာဖို့အတွက်ကို ဘယ်လိုဝန်းရံမလဲပေါ့နော။ အဲဒါမျိုးတွေ ကျမ တို့က ခြေတစ်လှမ်း လှမ်းလိုက်တဲ့ အနေအထားမျိုး အဲဒီရည်ရွယ်ချက်နဲ့ ကျမတို့က ဒီအကြောင်းအရာကို လည်း ထည့်သွင်း ဆွေးနွေးသွားတာ ဖြစ်တယ်ပေါ့နော” ဟုပြောသည်။

၃ ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် အဋ္ဌမအကြိမ် တိုင်းရင်းသား မီဒီယာ ညီလာခံကို သတင်းမီဒီယာ ၁၅ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာ မြန်မာ့သတင်း BNI အဖွဲ့မှ ကမကထ ပြုလုပ်ကာ ကျင်းပခဲ့ခြင်းဖြစ်သည်။

ထိုညီလာခံသို့ အဋ္ဌမအကြိမ် တိုင်းရင်းသား မီဒီယာ ညီလာခံသို့ ပြည်တွင်းပြည်ပ အခြေစိုက် သတင်း မီဒီယာ အဖွဲ့အစည်း ၄၀ မှ သတင်းသမား ကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ မိတ်ဖက် သံတမန်အချို့နှင့် အလှူရှင်များ စုစုပေါင်း လူဦးရေ ၁၃၀ တက်ရောက်ခဲ့သည်။

ဓါတ်ပုံ - ပုံဟောင်း

November 18, 2024
ကချင် - တရုတ်နယ်စပ်ဂိတ် မြို့တစ်မြို့ဖြစ်သည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကန်ပိုက်တီမြို့တွင်...
ဓါတ်ပုံ - Job For Kayah
November 14, 2024
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း...
November 14, 2024
ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား...
NMG ပုံဟောင်း
November 13, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက်...