ဖားအံစစ်ကောင်စီသင်္ကြန် မြို့ခံ ဂီတဝိုင်းများ ဖျော်ဖြေမှုမရှိ၍ စားသောက်ဆိုင်နှင့် ကေတီဗွီမယ်များကို ဖျော်ဖြေခိုင်းရ

ဖားအံစစ်ကောင်စီသင်္ကြန် မြို့ခံ ဂီတဝိုင်းများ ဖျော်ဖြေမှုမရှိ၍ စားသောက်ဆိုင်နှင့် ကေတီဗွီမယ်များကို ဖျော်ဖြေခိုင်းရ

ဖားအံမြို့ စစ်ကောင်စီ သင်္ကြန်ပွဲတော်အား စစ်အာဏာ မသိမ်းခင်ကာလက သင်္ကြန်ပွဲတော်များကဲ့သို့ မြို့ခံလူငယ် ဂီတဝိုင်းများ၊ သံချပ်အဖွဲ့များ၊ အပျော်တန်းအဆိုအက သင်္ကြန်အလှပြကားများလှည့်လည် ဖျော်ဖြေမှုမရှိသည့်အတွက် မြို့တွင်း ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်၊ ဘားဆိုင်၊ ကေတီဗွီ ဆိုင်များမှ ဧည့်သည်ဧည့်ခံပေးရသည့် သီချင်းသီဆိုကပြသူများအား သင်္ကြန်မဏ္ဍပ်များတွင်ခေါ်ယူ ဖျော်ဖြေခိုင်းထားရကြောင်း မြို့ခံများက ပြောသည်။

ကမ်းနားလမ်းရပ်ကွက် နေထိုင်သူတစ်ဦးက “ကမ်းနားလမ်း သင်္ကြန်က ရပ်ကွက်အုပ်ကြီးတွေ စစ်တပ် ကတွေကတစ်ဆင့် ကေတီဗွီတွေစားသောက်ဆိုင်ပိုင်ရှင်တွေရုံးမှာ အစည်းဝေးခေါ်တယ်။ ပြီးတော့ ဆိုင်က စက်တွေ၊ ဒီဂျေတွေ၊ ကေတီဗွီဆိုင်ထိုင်ဆိုတဲ့ မိန်းကလေးတွေကို မဏ္ဍပ်မှာ ဖျော်ဖြေခိုင်းတယ်၊ ရပ်ကွက်ယိမ်းအဖွဲ့တွေဆိုလည်း စစ်ကောင်စီမဏ္ဍပ်တွေမှာ လိုက်ကပေးနေရတယ်။ သူတို့ က မဏ္ဍပ်အ စောင့်နဲ့ သီချင်းဖွင့်တဲ့သူ၊ မဏ္ဍပ်တာဝန်ချထားတဲ့ သူပဲရှိတယ်၊”ဟု ပြောသည်။

ထို့အပြင် ကမ်းနားလမ်းရှိ သင်္ကြန်မဏ္ဍပ်များတွင် စစ်ကောင်စီလူကြီးလှည့် လည်ကြည့်ရှုသည့်အချိန်တွင်သာ ရေကစားကြပြီး ဖားအံမြို့ ရပ်ကွက်လမ်းများတွင်လည်း ရေကစားသူနည်းပါးသည်ဟု ၎င်း မြို့ခံက ဆက်ပြောသည်။

ယခုနှစ် စစ်ကောင်စီကျင်းပနေသည့် သင်္ကြန်ပွဲတော်မှာ လက်အောက်ခံ ဌာနဆိုင်ရာများ မပါမဖြစ် ဖိအားပေးစည်ကားအောင်လုပ်ဆောင်ခိုင်းထားသော်လည်း ဌာနဘတ်ဂျက်မရှိ ကိုယ့်ဌာနကိုယ့်အစီ အစဥ်ဖြင့် လုပ်ကြရသည့်အခြေအနေဖြစ်နေကြောင်း စစ်ကောင်စီဝန်ထမ်းများထံမှ သိရသည်။

“ဒီနှစ်က စည်ကားအောင် လုပ်ခိုင်းတယ်၊ ဘတ်ဂျက်နဲနဲပဲပေးတယ်။ ကိုယ့်အစီအစဥ် နဲ့ ကိုယ်လုပ်ရတာ မျိုးဖြစ်နေတယ်၊ စီးပွားရေး သမားတွေ၊ တရားမဝင် လုပ်ငန်းလုပ်သူတွေဆီက အကောက်အစား လိုင်း ကြေးငွေကောက်ပြီး၊ အဆိုတော်ငှား၊ အသံစက်တွေငှား၊ အလုပ်သမားငှားပြီးလုပ်ရတယ်၊ လူကြီးလာရင် စားဖို့ကလည်း ပြင်ထားရတယ်၊ ရေကစားရတာက မနက်ခဏ၊ ညနေခဏ အဲ့လို မျိုးလောက်ပါပဲ”ဟု ဖားအံ စစ်ကောင်စီ ဝန်ထမ်းတစ်ဦးက ပြောသည်။

လက်ရှိတွင် ကရင်ပြည်နယ်၊ ဖားအံ ကမ်းနားလမ်းသင်္ကြန်၊ မြဝတီ၊ ရွှေမြစနီပန်းခြံသင်္ကြန်၊ ကော့ကရိတ် ရဲစခန်းအနီးထွေအုပ်ဌာနသင်္ကြန်မဏ္ဍပ်များဖြင့်သာ စစ်ကောင်စီသင်္ကြန်ပွဲတော်ကို ကျင်း ပကြကြောင်း သိရသည်။ ကျန်မြို့ရွာများတွင်လည်း လူငယ်အချို့ ရေကစား မဏ္ဍပ်များဖြင့် ရေပက်ကစားကြသူ အနည်း အကျဥ်းသာတွေ့မြင်ရကြောင်း ဖားအံသင်္ကြန်လည်ပတ်သူများက ပြောသည်။

November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...